မလေးရှားနိုင်ငံ ဂျို့ဟိုးတွင် မြန်မာ အမျိုးသမီးတစ်ဦး
ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့
ယနေ့ (၁၇.၅.၂၀၁၄) နံက် ၇နာရီ ၁၅ မီနစ်အချိန်ခန့်၌ GES MANUFACTURING SERVICES (M) SDN.BHD စက်ရုံသို့ လုပ်ငန်းခွင်ဝင်ရန် သွားရောက်စဉ် ကားလမ်းမကြီးအား ဖြတ်ကူးခိုက် မြန်မာလုပ်သား အမျိုးသမီးတဦး မော်တော် ဆိုင်ကယ်နှင့် တိုက်မိရာမှ သေဆုံးမှု ဖြစ်ပွားခဲ့ ပါသည်။
၎င်း အလုပ်လုပ်ကိုင်သည့် စက်ရုံမှာ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် အပိုင် ဆနိုင်း(SENAI) မြို့လေးတွင် တည်ရှိပါသည်။ သေဆုံးသူ၏ အမည်မှာ မတင်မိုးမြင့် (အသက် ၂၈ နှစ် ) ဖြစ်၍ သာစည် မြို့ဇာတိဟု ၎င်းကိုင်ဆောင်သည့် ပါတ်စပို့မှ တဆင့်သိရ ရပါသည်။
သက်ဆိုင်ရာမှ ကျန်ရစ်သော ရုပ်အလောင်း အားဆေးရုံသို့ သယ်ဆောင်သွားပြီး ၎င်းမိတ်ဆွေသင်္ဂဟ ၎င်း၏ စက်ရုံမှ တာဝန်ရှိသူ များ နှင့် လူမူ့ရေး အဖွဲ့အစည်းများ မှ လိုအပ်သည်များအား ဆက်လက် ဆောင်ရွက်လျှက် ရှိပါသည် ခင်ဗျား။ မြန်မာနိုင်ငံသား အပေါင်း သွားသတိ ၊ လာသတိ ရှိကြပါကုန် .....
မတင်မိုးမြင့် ကောင်းရာ သုဂတိလားပါစေ ...
အောင် (နီလိုင်း) မှ သတင်းပေးပို့သည်။
နေဇော်လင်း
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/pages/Nayzawlin1/292530074131729

0 comments:
Post a Comment