Home » , » မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် သတိပေးချက်များ

မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် သတိပေးချက်များ

Written By မောင်စေတနာ on Sunday, May 11, 2014 | 1:28:00 PM

 
မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် ဘေးရန် အန္တရာယ် ကင်းဝေးစေရန် အတွက် အောက်ပါ သတိပေးချက်များကို လိုက်နာကြပါရန် အသိပေး တင်ပြလိုက်ပါတယ်။ 

သတိပြု လိုက်နာ ဆင်ခြင်ရန် - အချက်များ 

၁။ အလုပ်ချိန်အတွင်း အဆင်ပြေစွာ စကားပြော ဆက်ဆံ နေထိုင် လုပ်ကိုင်ရန် 

၂။ အပြင်သွားလာသော အချိန်တွင် အထောက် အထားများ စာရွက်စာတမ်းများ ယူဆောင်သွားလာရန် 

၃။ ပိုက်ဆံအိပ်အတွင်း ပိုက်ဆံအများကြီး မထည့်ပဲ ၊ အခြားနေရာ တစ်ခုခုတွင် ထည့်ပြီး သွားလာရန် 

၎။ မလေးရှားနိုင်ငံအတွင်း ဖြစ်ပေါ်နေသော သတင်းများကို အမြဲနားစွင့် နေထိုင်ရန် 

၅။ ညပိုင်း အချိန်နှင့် အချိန်မတော် တစ်ယောက်တည်း အပြင်သို့ သွားလာခြင်း ရှောင်ကြည်ရန် 

၆။ မြန်မာ မိန်းကလေးများ အပြင်သွားလာသောအခါတွင် သနပ်ခါးလိမ်းပြီး သွားလာခြင်း ရှောင်ကြည်ရန် 

၇။ မိမိတို့ ဘာသာစကားကို လမ်းသွားရင်း ကျယ်လောင်စွာ ပြောဆိုခြင်း ရှောင်ကြည်ရန် 

 ၈။ အဝတ်အစားများကို ဖြစ်သလို မဝတ်ပဲ (မလေးနိုင်ငံသား ပုံစံ ဝတ်ဆင်ပြီး) သွားလာရန် 

 ၉။ အရက် ၊ ဘီယာ ၊ ဆေးလိပ် ၊ သောက်စားပြီး အပြင်သို့ သွားလာခြင်း ရှောင်ကြည်ရန် 

၁၀။ Taxi စီးပါက မိမိတို့ စီးခဲ့သော Taxi နံပတ် ၊ လိုင်စင် နံပတ်များကို မှတ်သားထားရန် 

 ၁၁။ မိမိတို့ အနီးသို့ လူစိမ်းအနားသို့ ကပ်လာပါ ဖုန်းများ ၊ ပိုက်ဆံအိပ်များကို သတိထားရန် 

၁၂။ မိမိနှင့် မသိသော လူစိမ်းမှ ဆေးလိပ် တောင်းသောက်သူများ ၊ လမ်းမေးသူများ ၊ စကားလာပြောသူများကို သတိထား ဂရုစိုက်ရန် 

၁၃။ နေအိမ်အတွင်း ဆူပူခြင်း ၊ စကားများခြင်း ၊ ရန်ဖြစ်ခြင်းများ ရှောင်ကြည်ရန် 

၁၄။ နေအိမ်အတွင်း လောင်းကစား ပြုလုပ်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှောင်ကြည်ရန် 

၁၅။ နေအိမ်အတွင်း တန်ဖိုးရှိသော ပစ္စည်းများကို ဖြစ်သလို မထားပဲ လုံခြုံစွာဖြင့် သေချာ သိမ်းဆည်းပါ။ 

၁၆။ မိမိနေအိမ်အတွင်းသို့ မသိသော လူစိမ်းများ ဝင်လာပါက တံခါးကို အလွယ်တကူ မဖွင့်ပေးပါနှင့် (ရဲအယောင်ဆောင်ပြီး လုယက်မှုများ ၊ ဓါးပြတိုက်မှုများ နေရာ တော်တော်များများ ဖြစ်နေပါသည်။) 

၁၇။ K L မိုင်ဒင်း ၊ ကိုတာရာယာ ကုန်တိုက်များတွင် ဖုန်းဝယ်ခြင်း ၊ ရှောင်ကြည်ရန် (လိမ်ညာ၍ ဖုန်းရောင်းပြီး ပိုက်ဆံ အတောင်းခံရမည်။) 

၁၈။ မိမိနှင့် မသိသော သူများကို ညအိပ် ညနေ မိမိနေအိမ်တွင် လက်ခံခေါ်ထားခြင်းများ ရှောင်ကြည်ရန် (နေအိမ်တွင် ပစ္စည်းခိုးပြီး ထွက်ပြေးသူများ ဆက်တိုက် ဆိုသလို ဖြစ်နေပါသည် ၊ ကူညီရင် သတိထားပြီး ကူညီကြပါ။) 

 ၁၉။ မလေးရှားနိုင်ငံအတွင်း လိမ်ညာမှုများ အမြဲဖြစ်ပေါ်နေသောကြောင့် ၊ မိမိနှင့် အတူတူ တွဲလုပ်သူများကို စရင်းနှင့်အကွ စနစ်တကျ လုပ်ဆောင်ကြရန် 

 ၂၀။ အထောက်အထား ပါမစ် ပြုလုပ်သော အချိန်တွင် လူလိမ်မခံရအောင် သေချာစုံစမ်း၍ ပြုလုပ်ကြရန် 

အထက်ပါ အချက်များကို မလေးရှားနိုင်ငံအတွင်း နေထိုင်သော အချိန်အတွင်း ဂရုစိုက် ၊ သတိထားပြီး လိုက်နာ ဆင်ခြင်ပါက မိမိ အတွက်ရော အခြားသူများ အတွက်ပါ အကျိုးရှိစေပြီး အရာအားလုံး အဆင်ပြေမှာ ဖြစ်ပါတယ်။ 

မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

 နေဇော်လင်း 

Free Online Radio Media (Malaysia) 

 Admin 

Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။