Home » , » ယနေ့ ၁.၅.၂၀၁၄(မေဒေး) ကေအယ်တွင် ဆန္ဒပြမည် (အထူးသတိပေးချက် - မလေးရှား သတင်း)

ယနေ့ ၁.၅.၂၀၁၄(မေဒေး) ကေအယ်တွင် ဆန္ဒပြမည် (အထူးသတိပေးချက် - မလေးရှား သတင်း)

Written By မောင်စေတနာ on Thursday, May 1, 2014 | 1:14:00 AM

 
ကာဂျမ်းရှိ ရဲဝန်ထမ်း တစ်ဦး ပြောပြချက်များအရ ယနေ့ ၁.၅.၂၀၁၄(မေဒေး) ကေအယ်တွင် ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရပါသည်။ သတိထားရန် နေရာများ မာဒေးကားကွင်း KLCC နှင့် ဝန်ကြီးများ ရုံးနေရာ တစ်ဝိုက်တွင် နံနက် ၁၀ နာရီမှ စတင်ကာ ညနေ ၆ နာရီအထိ ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

 မလေးရှား ရဲဌာမှ ၁.၅.၂၀၁၄ (မေဒေး) နေ့လည် ၂ နာရီမှ ၅ နာရီကြား မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ လွပ်လပ်ရေး ကွင်းပြင် ( Dataran Merdeka ) တွင် မလေးရှား ကုန်ဈေးနှုန်း နှင့် အခွန် မြင့်တက်နေခြင်းအား ကန့်ကွက်ဆန္ဒ ပြရန် အတွက် အတိုက်အခံ ခေါင်းဆောင်များနှင့်အတူ ဆန္ဒပြပွဲ အား လွန်ခဲ့သော ၅ နာရီက တရားဝင်ခွင့်ပြုလိုက်ကြောင်းသိရသည် ။ သို့အတွက် ကွာလာလမ်ပူ မြန်မာဆိုင်တန်းများ အနီး ရှိသော လွပ်လပ်ရေးကွင်းပြင် (Dataran Merdeka) တဝိုက်လမ်းများသည် နေ့လည် ၂ နာရီမှ ၅ နာရီကြား ဆန္ဒပြသူများဖြင့် ပိတ်ဆို့နေမည်ဖြစ်သည် ။ 

သို့သော် မလေးရှား အစိုးရမှ လမ်းပိတ်မည့်အကြောင်း ကြော်ငြာချက်မထုတ်ပြန်ထားပါ ။ ထို့အတူ မနက်ဖြန်ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ဟောပြောချက်များ ၊ အစိုးရဆန့်ကျင်မှုများ မပြုလုပ်ရန် တားမြစ်ထားပြီး ၊ လမ်းလျှောက်ဟောပြောခြင်း ၊ အော်ဟစ်ကြွေးကျော်ခြင်း နှင့် ပတ်ဝန်းကျင်အား အနှောက်ယှက်မပြုရန် မလေးရှား ရဲဌာမှ တားမြစ်ထားသည် ။ 

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုသာ ဆန္ဒပြခွင့်ပြုထားသည် ။ မြန်မာဆိုင်တန်းများ သို့ လာရောက်မည့် မြန်မာများအတွက် အန္တာရယ် မရှိနိုင်ပါ။ သို့သော်လည်း မလေးရှားနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြသာနာများတွင် မလေးရှားနိုင်ငံရောက် မြန်မာများတွင် မလိုလားအပ်သော ပြသာနာများ ဖြစ်ပေါ်မည်ကို စိုးရိမ်စွာဖြင့် အသိပေးအပ်ပါသည်။ 

သို့သော် ပိုမို သေချာစေရန် တီရှည် ၊ စပို့ ရှပ် အဝါ နှင့် အနီရောင် များမဝတ်ဆင်ရန် စိုးရိမ်စွာဖြင့် အသိပေးအပ်ပါသည်။ ဒီသတင်းကို ကွာလာလမ်ပူရှိ မြန်မာများ သိရှိထားသင့်သဖြင့် ဆက်လက်မျှဝေပေးခြင်းဖြင့် မလေးရှားနိုင်ငံရောက် မြန်မာများအား ကူညီပေးပါ။ 

ကိုးကား - >>>>> 
1. မလေးရှားရောက် မြန်မာများ FACEBOOK 
2. ရဲဝန်ထမ်း (ကာဂျမ်း) 
3. မင်းဒဿ
4.စတား သတင်းစာ 

 နေဇော်လင်း (ဖရီး အွန်လိုင်း ရေဒီယို မီဒီယာ - မလေးရှား) 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/pages/Nayzawlin1/292530074131729
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။