Home » , » မြန်မာ စားသောက်ဆိုင်ဝန်ထမ်း တစ်ဦး KAJANG တွင် အသတ်ခံရ

မြန်မာ စားသောက်ဆိုင်ဝန်ထမ်း တစ်ဦး KAJANG တွင် အသတ်ခံရ

Written By မောင်စေတနာ on Wednesday, April 2, 2014 | 3:48:00 PM

မှုခင်းသတင်း - မလေးရှား (2.4.2014) 

အသက် 20 အရွယ်ရှိ မြန်မာ အလုပ်သမားတစ်ဦး 31.3.2014 ညတွင် Jalan Temenggung 19/9, Bandar Mahkota Cheras ၌ ထို စားသောက်ဆိုင် နောက်တွင်ပင် လည်းပင်း အားပြတ် မတတ်လှီးပြီး အသတ်ခံရကြောင်း ယင်းနေ့ထုတ် မလေးရှား သတင်းစာများတွင် ရေးသားသွားခဲ့သည် ။ 

ကာဂျန်း ဒေသကွပ်ကဲရေး ရဲအရာရှိ Supt Abdul Ghani Mohd Ji မှ thestar သို့ပြောကြားရာတွင် ထိုသို့ ရက်ရက်စက်စက်သတ်ဖြတ်မှုမှာ ည ၈ နာရီ ၁၅ ခန့်က ဖြစပွားခဲ့ကြောင်း ။ သေဆုံးသူမှာ ဂင်ဆန်ခူ ဆိုသူဖြစ်ကြောင်း နှင့် ဖြစ်ပွားရသောအကြောင်း မှာ ထိုသူနှင့် ရန်စရှိခဲ့သော သူ ၂ ဦးခန့်မှလာရောက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ။ 

 သေဆုံးသူနဘေးတွင်း ဓားမတစ်လက်တွေ့ရှိရပြီး ထိုဓားမသည် သေဆုံးစေသော လက်နှက် မဟုတ်ကြောင်း ၊ သေဆုံးသူသည် စားသောက်ဆိုင်တွင် ငါးခုတ်ရသောသူ ဖြစ်ကြောင်း နှင့် သေသူ၏ လက်တွင် ငါးကြေးခွံများ ရှိနေသေကြောင်း ။ 

 သေဆုံးသူ လဲကျမသေးဆုံးမီအထိ ထွက်ပြေးခဲ့သော်လည်း အသက်ဆုံးရုံးခဲ့ကြောင်း ကို အရာရှိမှ Thestar သတင်းဌာနသို့ပြောကြားသွားခဲ့သည် ။ ဆက်လက်ပြီး အရာရှိ Supt Abdul Ghani မှ လူသတ်တရားခံအား အပူတပြင်းရှာဖွေနေကြောင်းကို 1.4.2014 ထုတ် မလေးရှား သတင်းဌာနများကဖော်ပြသွားခဲ့သည် ။ 

Credit - မလေးရှားရောက်မြန်မာများ 

Admin 
Thar Thar Lay1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။