Home » , » ဖောက်ထွင်းသူ လေးဦးအား မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့

ဖောက်ထွင်းသူ လေးဦးအား မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့

Written By မောင်စေတနာ on Tuesday, April 22, 2014 | 10:38:00 AM

 
မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ် ၊ ချဲရတ်စ်မြို့နယ် နှင့် တမန်စရီး ဘဟာဂီယာ ဒေသတွင် ဖောက်ထွင်းသူ လေးဦးအား မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ 

အဆိုပါ လေးဦးသည် ကင်းလှည့် ရဲတပ်ဖွဲ့ယာဉ် နှင့် နေ့ခင်းပိုင်းတွင် တွေ့ရာ ချက်ချင်း မော်တော်ယာဉ်နှင့် မောင်းပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးသည် ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

တမန်စရီးဘဟာဂီယာ ဒေသမှသည် တမန်ဘူကစ် ချဲရတ်စ် အန်ဂီရစ်ဒေသသို့ တိုင်အောင် ထပ်ကြပ်မကွာ လိုက်လံသော ရဲကားကို ပြန်လည် တိုက်ခိုက်ပြီး လမ်းခရီးတစ်လျှောက် ပလက်ဖောင်းတွင် လမ်းလျှောက်နေသူများ၏ အသက်ကိုပါ ထိခိုက်နိုင်အောင် လုပ်ဆောင်သော်ငြား မည်သူမျှ အနာတရ မရှိဘဲ နောက်ဆုံး ရဲတပ်ဖွဲမှ သေနတ်ဖြင့် ပစ်ခတ် ချိန်းခြောက် သောအခါမှ အညံခံသည်ဟု ကာဂျန်းစခန်းမှုး AB Rashid Ab Wahab က ပြောသည်ကို မလေးရှား သတင်းဌာန တစ်ခုဖြစ်သော စတားသတင်း အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားပါသည်။ 

ကိုးကား - Star News 

Source by ; Tuangpu Siyin (Malaysia) 

 နေဇော်လင်း 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။