Home » , , » မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ

မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ

Written By မောင်စေတနာ on Tuesday, March 25, 2014 | 5:58:00 PM

မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။ 

ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ 

ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။ ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။ 

လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ်အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံး နေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအား သင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။ 

ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ... သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီးခဲ့ကြလေသည် ။ 

ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်းအမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထိုလေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာနများတွင် ယခု ကြော်ငြာပြီဖြစ်သည် ။ 

ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။ 

Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။ 

MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည်သူမျှ မသိရှိနိုင်သေးပေ ။ 

စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။ 

ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။ ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြရမည်ဖြစ်လေသည် ။ .... 

မည်သို့ပင်အဆုံးသတ်စေ ... သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ .. အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ... ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ .... ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ .... ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ... အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ.. ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ... 

အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ... ထို့အတူ အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ... ခရီးသည်များအတွက် ဝန်ဆောင်မှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ... ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး .. ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ... ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်.. P

ray for MH370 passenger's and Crew's Families 

Credit - www.facebook.com/mmrinmy 
မလေးရှားရောက်မြန်မာများ FB Page 

 နေဇော်လင်း 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/pages/Malaysia-Free-Online-Radio-Media/400920003342637
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။