
(၉.၃.၂၀၁၄ ) ညနေ ၄ နာရီ ၁၇ မီနစ် ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။ ကေအယ် ကိုတာရာယာ ကုန်တိုက်ရှေ့မှာ WMK 7468 ဗန်ကား ငွေရောင်ကားထိုးထားပါတယ်။ အရပ်ဝတ်နဲ့ အနားက ဖြတ်သွားတဲ့ လူတွေကို စစ်ဆေးပြီး အထောက်အထား မခိုင်လုံပါက ကားပေါ်ခေါ်တင်သွားတွေ ရှိနေပါတယ်။
လူတိုင်းကိုတော့ မစစ်ဘူး မဟုတ်ဘူး သူတို့ အနားကဖြတ်သွားတဲ့
သူတွေကို စစ်ပြီး ရဲကဒ်ပြပြီး စစ်ပါတယ်။ အထောက်အထား မခိုင်လုံရင်
ကားပေါ်ဆွဲတင်နေပါတယ်။
တရား မ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီး အထောက်အထားမရှိတဲ့သူများနှင့်
အထောက်အထား မခိုင်လုံသူတို့အား ဖမ်းဆီးမှုပြုလုပ်ပြီးလျှင် အခကြေးငွေ
ပေးလျှင် ပြန်လွှတ်ပေးသည်။
အရင်က WMK 7468 ဗန်ကားဟာ
(၁) ကိုတာရာယာ ကုန်တိုက်ဘေး
(၂) ကေအယ် မြန်မာဆိုင်တန်း ဖက်မှာ ဖမ်းနေကြပါ။
(၃) အခု ပါဆာစီနီးဖက်တွေမှာ ဖမ်းနေကြပါ။
နိုင်ငံခြားသားတွေကို ဒီလို လုပ်စားရင် ရတယ်ဆိုတာ သူတို့သိနေပါပြီ။
WMK 7468 ဗန်ကားမှာ ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ
၁၅၀၀ ထိတောင်းပါတယ်။ အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ
လိုက်ထုပ် ပေးရပါတယ်။ လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။
အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။
အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။
ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။
ကေအယ် ၊ ကိုတာရာယာ ၊ မိုင်ဒင်း စတဲ့ နေရာတွေမှာ ဖုန်းရောင်းတာတွေ
ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင်
လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့
နေ့စဉ် မြန်မာများ အလိမ်ခံရနေပါတယ်။
ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။ ရဲတွေနဲ့ မတွေ့ရတာ စကားမပြောရတာ ကောင်းပါတယ်။ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ ..... မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။ ရဲတွေနဲ့ မတွေ့ရတာ စကားမပြောရတာ ကောင်းပါတယ်။ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ ..... မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....
နေဇော်လင်း
Admin
Nay Zaw Lin1
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729
0 comments:
Post a Comment