
“ငါးရက်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်မှာ အကြမ်းဖက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင် နေသေးတယ်” ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို) က ဟောသည်ဟု ဖော်ပြထားပြီး နက္ခတ်ပညာရှင် ဦးဇေယျာကိုကမူ “ယင်းလေယာဉ်မှာ Black Hole တွင်းနက်ကြီးထဲ ရောက်ရှိသွားသည်” ဟု Online မီဒီယာ အချို့တွင် ဟောကိန်း ထုတ်သည်ဟု ဖော်ပြထားခြင်းကို ကာယကံရှင် နှစ်ဦးစလုံးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
“မဟုတ်ပါဘူး။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် နာမည်ကို အလွဲသုံးစား လုပ်တာပါ” ဟု ဆရာစံဇာဏီဘိုက ဆိုသည်။
ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော ယင်းလေယာဉ်နှင့် ပတ်သက်ပြီး မည်သို့သော အကြောင်းအရာကိုမှ ဟောကိန်း မထုတ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ယင်းလေယာဉ်နှင့် ပတ်သက်ပြီး ဖြေကြားခြင်း မပြုကြောင်း ဆရာစံဇာဏီဘိုက အတည်ပြု ပြောကြားသည်။
နာမည်ကျော် နက္ခတ်ပညာရှင် ဦးဇေယျာကိုကလည်း ငါးရက်ကြာ ပျောက်ဆုံးသော မလေးရှား လေယာဉ်နှင့် ပတ်သက်ပြီး မည်သည့် ဟောကိန်းမှ မထုတ်ခဲ့ကြောင်း ပြန်လည် ဖြေကြားသည်။
ခရီးသည် ၂၂၉ ဦးနင့် လေယာဉ် အမှုထမ်း ၁၂ ဦး လိုက်ပါလာသော မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ (လေကြောင်းခရီးစဉ် MH370) မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်း လေဆိပ်သို့ ပျံသန်းစဉ် မတ်လ ၈ ရက် နံနက်ပိုင်းက ထူးဆန်း အံ့သြဖွယ် ကောင်းစွာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။
Source by : ရိုးရာလေး
နေဇော်လင်း
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nay.zawlin1
0 comments:
Post a Comment