Home » , » မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အရေးပေါ် သတိပေးချက်များ

မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အရေးပေါ် သတိပေးချက်များ

Written By မောင်စေတနာ on Monday, March 24, 2014 | 2:52:00 AM

မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အရေးပေါ် သတိပေးချက်များ 23.3.2014 - 8:00 PM 

23.3.2014 - တနင်္ဂနွေနေ့ ညပိုင်း 8:00 PM ခန့် အချိန်မှာ ကေအယ် ကိုတာရာယာ ကုန်တိုက်ဘေး (ရဲကား ရပ်ထားသော နေရာ ) မိုင်ဒင်းဖက်တွေမှာ အော်ပရာစီ (ဖမ်းဆီးမှု) ပြုလုပ်ခဲ့ပါတယ်။ 

ရဲတွေ ၊ ရေလာတွေက လမ်းမှာ သွားလာတဲ့ ခရီးသွားသူတွေ အားလုံးကို ထိုင်ခိုင်းထားပြီး ပါမစ်ရှိ မရှိ စစ်ဆေးခဲ့ပါတယ်။ ပါမစ် မရှိသူ ၇၀ ခန့်ကို ကားဖြင့်ခေါ်သွားပြီး အထောက်အထား ခိုင်လုံတဲ့ သူတွေကို ပြန်လွတ်ပေးခဲ့ ပါတယ်။ ယခုရက်ပိုင်းအတွင်း အရင်လို မဟုတ်ပဲ ကေအယ်တစ်ဝိုက်တွင် ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်နေသည်။ 

ညပိုင်းအချိန်များတွင်လည်း ကေအယ်တွင် လူစည်ကားသော နေရာများတွင် ရဲများ ကင်းလှည့်နေပြီး အမှန်သမား ဖြစ်သော်လည်း ပိုက်ဆံအများကြီး မြင်ပါက အရစ်ခံရပြီး ပိုက်ဆံ တောင်းခံနေရပါသည်။ 

မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အောက်ပါ သတိပေးချက်များကို လိုက်နာကြပါရန် - သတိပြုရန် - အချက်များ 

၁။ အပြင်သွားလာသော အချိန်တွင် အထောက်အထားများ ယူဆောင်သွားလာရန် 

၂။ ပိုက်ဆံအိပ်အတွင်း ပိုက်ဆံအများကြီး မထည့်ပဲ ၊ အခြားနေရာ တစ်ခုခုတွင် ထည့်ပြီး သွားလာရန် 

၃။ ညပိုင်း အချိန်နှင့် အချိန်မတော် တစ်ယောက်တည်း အပြင်သို့ သွားလာခြင်း ရှောင်ကြည်ရန် 

၎။ မိမိတို့ ဘာသာစကားကို လမ်းသွားရင်း ကျယ်လောင်စွာ ပြောဆိုခြင်း ရှောင်ကြည်ရန် 

၅။ အဝတ်အစားများကို ဖြစ်သလို မဝတ်ပဲ (မလေးနိုင်ငံသား ပုံစံဝတ်ဆင်ပြီး) သွားလာရန် 

၆။ အရက် ၊ ဘီယာ ၊ ဆေးလိပ် ၊ သောက်စားပြီး အပြင်သို့ သွားလာခြင်း ရှောင်ကြည်ရန် 

၇။ Taxi စီးပါက မိမိတို့ စီးခဲ့သော Taxi နံပတ် ၊ လိုင်စင် နံပတ်များကို မှတ်သားထားရန် 

၈။ မိမိတို့ အနီးသို့ လူစိမ်းအနားသို့ ကပ်လာပါ ဖုန်းများ ၊ ပိုက်ဆံအိပ်များကို သတိထားရန် 

၉။ မိမိနှင့် မသိသော လူစိမ်းမှ ဆေးလိပ် တောင်းသောက်သူများ ၊ လမ်းမေးသူများ ၊ စကားလာပြောသူများကို သတိထား ဂရုစိုက်ရန် 

၁၀။ နေအိမ်အတွင်း ဆူပူခြင်း ၊ စကားများခြင်း ၊ ရန်ဖြစ်ခြင်း 

၁၁။ နေအိမ်အတွင်း လောင်းကစား ပြုလုပ်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း 

၁၂။ မိမိနေအိမ်အတွင်းသို့ မသိသော လူစိမ်းများ ဝင်လာပါက တံခါးကို အလွယ်တကူ မဖွင့်ပေးပါနှင့် (လုယက်မှုများ ၊ ဓါးပြတိုက်မှုများ နေရာတော်တော်များများ ဖြစ်နေပါသည်။) 

အထက်ပါ အချက်များကို မလေးရှားနိုင်ငံအတွင်း နေထိုင်သော အချိန်အတွင်း ဂရုစိုက် ၊ သတိထားပြီး ဆင်ခြင်နိုင်ရန် အတွက် တင်ပြလိုက်ပါတယ်။ မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

 နေဇော်လင်း 

Free Online Radio Media (Malaysia) 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။