
(ဒီသတင်းနဲ့ ပက်သက်ပြီး မျက်မြင်တွေနဲ့ သေဆုံးသူရဲ့ သူငယ်ချင်းတွေကတော့
မြန်မာ အချင်းချင်း ဖြစ်တာလို့ ကွမ်မန့်ဘောက်မှာ ဖြေရှင်း ထားတာကို တွေ့ရပါတယ်။
သတင်းမှာ ဖော်ပြထားသလို မလေးနိုင်ငံသား ၃ ဦးက သတ်တာ မဟုတ်ပဲ ရန်ဖြစ်နေတဲ့ အချိန်
ဝင်ဖြန်ဖြေရင်း ကပ်ကျေးနဲ့ အထိုးခံရတယ်လို့ ပြောပါတယ်။)
အောက်ကစာက ကျွန်တော် အကောင့်ကို မျိုးလွင် ပို့လာတဲ့ စာဖြစ်ပါတယ်။
မျိုး လွင်
မလေးရှား မာလကာမြို့မှာ 01.01.2014 မနက် ၂း၁၆ နာရီမှာ ဖြစ်သွားခဲ့တာပါ
သတင်းအမှားမဟုတ်ပါဘူး အကို ကူညီပေးပါ။ ဖြစ်တာကတော့ သူငယ်ချင်း နှစ်ယောက်
ရန်ဖြစ်တာကို သွားပြီး ဖြန်ဖြေတာ ရန်ဖြစ်တဲ့ တစ်ယောက်က လက်ထဲမှာ ကပ်ကျေး
ပါလာတယ်လေ။ အဲလို ဖြန်ဖြေရင်းကနေ ကပ်ကျေးနဲ့ ထိုးမိသွားတယ်
ဖြန်တဲ့လူကို ပြီးတော့ သိပ်မကြာဘူး။ အထိုးခံရတဲ့ လူက ၁၀
မိနှစ်လောက်ထဲနဲ့ ပွဲချင်း ပြီး သေသွားတယ်ဗျာ။
သေသွားတဲ့ညီလေး နာမည်က ကျော်ဆွေဦး ပတ်စပို့ နံပါတ်ကတော့ M568524
သတ်သွားတဲ့ နာမည်ကတော့ ချစ်ဦး အခုထိ မဖမ်းမိသေးဘူး ချစ်ဦး နဲ့ သူရဲ့
သူငယ်ချင်း ဆန်နီဖြိုးတို့ အတူတူပြေးနေကြတယ်လို့ သိရတယ်။
ဆန်နီဖြိုးကတော့ ရန်ဖြစ်တဲ့ အထဲ ပါတယ်လို့ သိရတယ်။
ဒီသတင်းနဲ့ ပက်သက်ပြီး အတိအကျ သိချင်သူများ အနေနဲ့
သူအကောင့်မှာ သေဆုံးသူရဲ့ ဓာတ်ပုံတွေ တင်ထားပါတယ်။
သတင်းအမှန်ရယူလိုသူများ အနေနဲ့ အောက်က အကောင့်လိပ်စာတွေကို ဝင်ရောက်ပြီး
အသေးစိပ် မေးမြန်းနိုင်ပါတယ်။ သေဆုံးရဲ့အသိ မိတ်ဆွေများရဲ့ FB အကောင့်တွေကို
စုစည်းတင်ပေးလိုက်ပါတယ်။
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook Page - www.facebook.com/pages/Nayzawlin1/292530074131729
0 comments:
Post a Comment