Home » , » မြန်မာအလုပ်သမားဆီက ငွေမရလို့ 61C အမှုနဲ့ ဇွန်ဂိုင်ပလုတ်ထောင်ကို ပို့ဆောင်

မြန်မာအလုပ်သမားဆီက ငွေမရလို့ 61C အမှုနဲ့ ဇွန်ဂိုင်ပလုတ်ထောင်ကို ပို့ဆောင်

Written By မောင်စေတနာ on Friday, January 10, 2014 | 11:30:00 AM

သူရိယ- ဂျလန်အီပို့မှာ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတဦးဖြစ်တဲ့ စော ဂလဲဆေ သည် ပြီခဲ့တဲ့ နှစ်က နိုဝင်ဘာ ၂၂ ရက်နေ့က ကွာလာလမ်ပူမြို့ထဲသို့ လာရောက်လည်ပတ်ရင်နဲ့ အရပ်ဝတ်ဖြင့် ဒမ်ဝမ်ကီ ရဲများက ဖမ်းဆီခဲ့သည်။ 

ဇွန်ဂိုင်ပလုတ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားတဦးဖြစ်တဲ့ စော ဂလဲဆေ ပါတ်စပို့ နံပါတ် M-၅၆၁၉၀၄ သည် အလုပ်ရှင်သူဌေးက 6P အစီအစဉ်ကာလ 6P ပါမစ်လုပ်ပြုပေးထားသည်ဟု အစ်မဖြစ်သူက ပြောသည်။ တကယ်တမ်း အစ်မဖြစ်သူက အလုပ်ရှင်သူဌေးကို သွားရောက် အကူအညီ တောင်းတဲ့အခါမှာ စော ဂလဲဆေ ၏ အလုပ်ရှင်သူဌေးက 6P အစီအစဉ်နဲ့ပတ်သက်ပြီး လုပ်ဆောင်ထားပေးခြင်းမရှိကြောင်း သိရသည်အတွက် သူ၏မောင် လိမ်လည်ခံထားရမှုကို အစ်မဖြစ်သူက သူရိယဂျာနယ်ကို အသိပေး ပြောပြခဲ့သည်။ 

 စော ဂလဲဆေကို ဖမ်းဆီထားတဲ့ကာလမှာ ဒမ်ဝမ်ကီ ရဲစခန်းက ငွေရေး ကြေးရေးကိစ္စ ညှိနှိုင်မှု အဆင်ဖြေသောကြောင့် သူ့ကို မလေးရှားအက်ဥပဒေ 61C / မလေးရှားနိုင်ငံကို တရားမ၀င် ရောက်နေထိုင်မှုနဲ့ တရားဝင် ကိုင်ဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်းမရှိတဲ့ အတွက်ကြောင့်မို့ တရားရုံးကနေပြီ အမိန့်ချမှတ်လိုက်သည် 61C အက်ဥပဒေနဲ့ ဇွန်ဂိုင်ပလုတ်ထောင်သို့ ပို့ဆောင်ခဲ့သည်။ 

Source by : Thuri YA 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။