Home » » ​ထိုင်း​ဆ​န္ဒ​ပြ​မှု​များ​ကြောင့် ​အ​ကျ​ဉ်း​ကျ ​မြန်​မာ​နိုင်​ငံ​သား​များ ​ပြန်​လွတ်​ရေး ​နှောင့်​နှေး

ထိုင်း​ဆ​န္ဒ​ပြ​မှု​များ​ကြောင့် ​အ​ကျ​ဉ်း​ကျ ​မြန်​မာ​နိုင်​ငံ​သား​များ ​ပြန်​လွတ်​ရေး ​နှောင့်​နှေး

Written By MyanmarChnnel@ on Friday, December 6, 2013 | 8:59:00 PM

ထိုင်း​နိုင်​ငံ​ရေး ​အ​ခြေ​အ​နေ​မ​တည်​ငြိမ်​မှု​တွေ​ကြောင့် ​ထိုင်း​အ​ကျ​ဉ်း​ထောင်​တွေ​မှာ​ရှိ​တဲ့ ​မြန်​မာ​နိုင်​ငံ​သား​တွေ ​ပြန်​လွတ်​လာ​ဖို့ ​နှောက်​နှေး​စေ​တယ်​လို့ ​မြန်​မာ​သံ​အ​မတ်​ကြီး​က ​ပြော​ပါ​တယ်။

အ​နည်း​ဆုံး ​လူ ၄ ​ဦး ​သေ​ဆုံး​ခဲ့​ရ​တဲ့​အ​ထိ ​ဆ​န္ဒ​ပြ​မှု​တွေ​နဲ့ ​နှစ်​ဖက်​တိုက်​ခိုက်​မှု​တွေ ​ဆက်​တိုက်​ဖြစ်​ပွား​နေ​တဲ့ ​ထိုင်း​နိုင်​ငံ​မှာ ​အ​စိုး​ရ​ရုံး​တွေ ​ပိတ်​ခဲ့​ရ​တဲ့​အ​ထိ ​ဖြစ်​ခဲ့​တာ​ပါ။  ​ပုံ​မှန်​ဆို​ရင် ​ထိုင်း​ဘု​ရင်​မွေး​နေ့​မှာ ​အ​ကျ​ဉ်း​သား​တွေ​ကို ​လွတ်​ငြိမ်း​ချမ်း​သား​ခွင့်​နဲ့ ​လွှတ်​ပေး​လေ့​ရှိ​ပါ​တယ်။

မြန်​မာ​သံ​အ​မတ်​ကြီး ​ဦး​၀င်း​တင်
မြန်​မာ​သံ​အ​မတ်​ကြီး ​ဦး​တင်ဝင်း


ဒါ​ပေ​မယ့် ​ဆ​န္ဒ​ပြ​မှု​တွေ ​ဆက်​လက်​ဖြစ်​ပွား​နေ​တာ​ကြောင့် ​ထိုင်း​အ​ကျ​ဉ်း​ထောင်​တွေ​မှာ ​အ​ကျ​ဉ်း​ခံ​နေ​ရ​တဲ့ ​မြန်​မာ​နိုင်​ငံ​သား​တွေ ​ပြန်​လွတ်​လာ​ဖို့ ​နောက်​နှေး​စေ​တယ်​လို့ ​သံ​အ​မတ်​ကြီး​က ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​သံ​ရုံး​က​နေ​ပြီး ​မြန်​မာ​နိုင်​ငံ​သား ​အ​ကျ​ဉ်း​သား ၈၅၀ ​ကျော်​ကို ​တ​သက်​တ​ကျွန်း​နဲ့ ​အ​ခြား ​နှစ်​ရှည်​ထောင်​ဒဏ်​တွေ​က​နေ ​သက်​သာ​လျှော့​ပေါ့​အောင် ​တောင်း​ဆို​ထား​တယ်​လို့ ​ပြော​ပါ​တယ်။

“​အ​ကျ​ဉ်း​ထောင်​တွေ​ထဲ​မှာ​ရှိ​တဲ့ ​မြန်​မာ​နိုင်​ငံ​သား​တွေ ​မ​ကြာ​ခ​ဏ ​စာ​ရေး​ပါ​တယ်။ ​တ​ဦး​ချင်း​ဖြစ်၊ ​အ​ဖွဲ့​လိုက်​ဖြစ်​စေ ​သံ​အ​မတ်​ကြီး​နဲ့ ​တာဝန်​ထမ်း​ဆောင်​နေ​တဲ့ ​အ​ရာ​ရှိ​တွေ​ဆီ​ရေး​ပါ​တယ်။ ​သူ​တို့ ​ရေး​သား​ချက်​အ​ရ ​ပြစ်​မှု​နဲ့​ပြစ်​ဒဏ်​မှာ ၉၅ ​ရာ​ခိုင်​နှုန်း​လောက်​က ​သူ​တို့ ​မူး​ယစ်​ဆေး​၀ါး ​မှု​တွေ​နဲ့ ​အ​ကျ​ဉ်း​ကျ​နေ​တာ ​ဖြစ်​တယ်။ ​ပြစ်​ဒဏ်​တွေ​က ​နှစ် ၂၀၊ ၃၀၊ ၄၀၊ ​တ​ချို့​လည်း ​တ​သက်​တ​ကျွန်း​ကျ​တာ​တွေ ​ရှိ​တယ်။ ​ဒါ​တွေ​အ​ပေါ်​မှာ ​ဘု​ရင်​ကြီး​ရဲ့​မွေး​နေ့​၊ ​ဘု​ရင်​မ​ကြီး​ရဲ့ ​မွေး​နေ့​တွေ​မှာ ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ရ​အောင်၊ ​သက်​သာ​ခွင့်​ရ​အောင် ​ကျ​နော်​တို့ ​ဆောင်​ရွက်​ပေး​ပါ​တယ်။ ​လွတ်​ငြိမ်း​ခွင့်​နဲ့ ​သက်​သာ​ခွင့်​ရ​အောင် ​ကျ​နော်​တို့ ​ထိုင်း​အာ​ဏာ​ပိုင်​တွေ​ဆီ ​စာ​ပို့​ထား​တာ ၈၅၈ ​ဦး ​ရှိ​သွား​ပါ​ပြီ။”

အ​ကျ​ဉ်း​ထောင်​တွေ​အ​တွင်း ​အ​ကျ​ဉ်း​ချ​ခံ​နေ​ရ​တဲ့ ​မြန်​မာ​ပြည်​သား​ဦး​ရေ​ဟာ ​တ​ရား​ဝင်​စာ​ရင်း​တွေ ​အ​ရ ​အ​ကျ​ဉ်း​သား ၄၀၀၀ ​လောက်​ရှိ​တယ်​လို့ ​သံ​အ​မတ်​ကြီး​က ​ပြော​ပါ​တယ်။

ထိုင်း​နိုင်​ငံ​အ​တွင်း ​ဆ​န္ဒ​ပြ​မှု​တွေ​ကြောင့် ​မြန်​မာ​ပြည်​က​နေ ​ထိုင်း​နိုင်​ငံ​ကို ​ဝင်​လာ​မယ့် ​ကုန်​ပ​စ္စည်း​တွေ ​သယ်​ယူ​ပို့​ဆောင်​ရာ​မှာ ​နှောင့်​နှေး​နေ​ရ​ပြီး ​ထိုင်း​နိုင်​ငံ​ကို ​အ​လည်​အ​ပတ်​လာ​မယ့် ​မြန်​မာ​တွေ​လည်း ​နည်း​လာ​တယ်​လို့ ​ထိုင်း​တာ့​ခ်​ရိုင်  ​ကုန်​သည်​ကြီး​များ ​အ​သင်း ​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​က ​ပြော​ပါ​တယ်။



myanmar prisoner in thai​ထိုင်း​နိုင်​ငံ​မှာ ​အ​စိုး​ရ​ကို ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​သူ​တွေ​ဟာ  ​ထိုင်း​၀န်​ကြီး​ချုပ်​ရာ​ထူး​က​နေ ​နုတ်​ထွက်​ပေး​ဖို့ ​တောင်း​ဆို​နေ​ကြ​တာ​ပါ။ ​ဘု​ရင်​ကြီး​မွေး​နေ့​မှာ ​ဆ​န္ဒ​ပြ​ပွဲ​တွေ ​ငြိမ်​သက်​သွား​ပေ​မယ့် ​ဆ​န္ဒ​ပြ​ပွဲ​တွေ ​ထပ်​ဖြစ်​လာ​မယ့် ​အ​ရိပ်​အ​ရောင်​တွေ ​ရှိ​နေ​ဆဲ​ပါ။

ထိုင်း​နိုင်​ငံ​မှာ ​မြန်​မာ​နိုင်​ငံ​သားေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား ၂ ​သန်း​ကျော် ​လုပ်​ကိုင်​နေ​ပြီး ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​ဓိ​က ​နယ်​စပ်​ကုန်​သွယ်​ရေး​  ​နိုင်​ငံ​တ​ခု​လည်း​ဖြစ်​ပါ​တယ်။



Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။