Home » » လူသတ်မုဒိန်းကျင့် လူကုန်ကူးသည့် မြန်မာဂိုဏ်းအား ဖမ်းမိပြီ

လူသတ်မုဒိန်းကျင့် လူကုန်ကူးသည့် မြန်မာဂိုဏ်းအား ဖမ်းမိပြီ

Written By MyanmarChnnel@ on Sunday, December 8, 2013 | 5:22:00 PM

         
သြဂုတ် ၃ ရက်       ခရမ်းသားလေး
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ မလေးနယ်စပ်အနီး တရန်မြို့နယ်၊ ကတန်မြို့ငါးဖမ်းလှေဆိပ်တွင် ရာပေါင်းများစွာသော မြန်မာများအား ငါးဖမ်းလှေများတွင်ရောင်း စားထားပြီး၊ လူသတ်မှု၊ မုဒိန်းမှုများကိုကျူးလွန်နေသည့် မြန်မာလူ ကုန်ကူးဂိုဏ်းကြီး တစ်ခုအား ပူးပေါင်းအဖွဲ့များကလက်ရဖမ်းဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။
            အသက် ၄၃ နှစ်အရွယ် ကိုမျိုး ဆိုသည့် ဂိုဏ်းခေါင်းဆောင် အား ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်မြို့ပြင် ရာဘာခြံတစ်ခု၌ ရှောင် တိမ်းနေစဉ်၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက် လှမ်းရေးအဖွဲ့ DSI,AHTD,မရိန်း ပုလိပ်တပ်ဖွဲ့၊ ဟိုင်းဝေး ပုလိပ် တပ်ဖွဲ့၊ နိုင်ငံခြားသားလုံခြုံရေးပုလိပ်တပ်ဖွဲ့၊စူရတ်မြို့ရဲတပ်ဖွဲ့နှင့်   ဒေသခံထောက်လှမ်းရေးတပ်ဖွဲ့ တို့ အင်အားအလုံးအရင်းဖြင့်  ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။
              မြန်မာဘက်မှပူးပေါင်းဆောင်ရွက်ကြသည့်အဖွဲ့များမှာ မြန်မာအစိုးရ၏လူကုန်ကူးမှုတိုက်ဖျက် ရေး
အဖွဲ့၊ ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFEDနှင့်ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ၆ရက်ကြာ နှိမ်နင်းပြီးနောက် အဆိုပါ ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။
  ဂိုဏ်းခေါင်းဆောင်ထံတွင် တပည့်အဖြစ် လုပ်ကိုင်ခဲ့ဖူသူတစ်ဦး အား  အကူညီရယူလျှက် ဇူလိုင်လ  ၃၁ ရက်နေ့တွင် ကရင်(ခ) စိုးမြင့် ကို ဖမ်းဆီး ခဲ့သည်။  သြဂုတ်လ ၁ ရက်နေ့တွင် ဂိုဏ်းခေါင်းဆောင် ကိုမျိုး အား လက်ဖြောင့်သေနတ်သမားက တင်ပါးကို  သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် သေနတ်လက်ဝယ် ရှိနေသည့် ကိုမျိုးမှာ ပြန်လည် ပစ်ခတ်ခွင့်မရရှိခဲ့ပေ။ သြဂုတ်လ ၃ရက်နေ့တွင် ကပ္ပလီ၊ ဘိုဘိုနှင့် မျိုးညွန့်(ခ) စိုးဝင်း တို့ အား တစ်နေ့တည်းတွင် ၃နေရာမှ ဖမ်းဆီမိခဲ့သည်။ ကျန်သည့် ဂိုဏ်းသားအချို့ ထွက်ပြေး တိမ်းရှောင်ရာများသို့ လိုက်လံရှာဖွေနေကြဆဲဖြစ်သည်။
  အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း က“ ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံက ရဲမှူးကြီး ၀င်းနိုင်ထွန်း တို့
ထိုင်းကိုရောက်လာပြီးတော့ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP, DSI တို့ အစည်းဝေးကို
ကျနော်တို့သံရုံးနဲ့ MAT ကို ဖိတ်ပြီးတော့ အစည်းဝေးလုပ်ပါတယ်။ ကျနော်တို့ကယ်တင်ထားတဲ့ ကတန်က အလုပ်သမားတွေရဲ့ သတင်းအချက်အလက်တွေကို အချက်အလက်အပြည့်အစုံနဲ့တင်ပြကြပါတယ်။ DSI က မြန်မာတွေအနေနဲ့ လူအများကြီးသတ်နေတာတွေ မဖြစ်နိုင်ဘူး၊ စသည်ဖြင့်ပြောခဲ့တယ်။ ကျနော်တို့  အစိုးရဘက်နဲ့ MAT က နောက်ဆက်တွဲ သတင်းအချက်အလက်တွေကို ရသမျှ စုဆောင်းပြီးတော့ DSI ကို ထပ်မံပေးပို့နေခဲ့သလို DSI ကလည်း အချက်အလက်တွေ အပေါ် မူတည်ပြီး သေချာပြီ ဆိုမှ ဖမ်းဆီးကြ တာဖြစ်တယ်” ဟုပြောသည်။


    ဇူလိုင်လ ၂၈ ရက်နေ့ကတည်းက စတင်၍ အနီး ကပ်ခြေရာခံလျှက် နေ့ရော/ညပါစုံစမ်းဖေါ် ထုတ် ခဲ့ကြရကြောင်း၊ အဆိုပါဂိုဏ်းသားများမှာ နေရာ ပေါင်းစုံတွင်  ပြေးရှောင်နေကြသဖြင့် ရက်ကြာခဲ့ရကြောင်း MAT အဖွဲ့ကပြောသည်။
         MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ မချိဆင်းရဲလို့ လာပြီးတော့ထိုင်းမှာအလုပ်လာကြတဲ့ သူတွေအပေါ်မှာ အုပ်စုလိုက် အနိုင်ကျင့်ပြီးတော့ မင်းမဲ့တိုင်းပြည်လိုဖြစ်နေတာ။ ဒေသခံပုလိပ်တွေက ကျနော်တို့ရရှိတဲ့သတင်းအချက် အလက်တွေကို လိုက်လံအကောင်အထည်ဖေါ်ကြတော့ အံ့သြနေကြ တယ်။ အစကတော့ကျနော်တို့က လူကုန်ကူး ခံရသူတွေ ကို ကယ်တင်ကြတာပါ။ ဒါပေမယ့် ကျနော်တို့ ကယ်တင်သူတွေက ဖေါ်ထုတ်ပြောဆိုကြတဲ့အထဲမှာ လူသတ်မှုတွေ၊ မုဒိန်းမှုတွေပါလာတယ်။ သတ်တဲ့ နည်းကလည်းအစုံပဲ၊ အဆိုးဆုံးက ပြီးခဲ့တဲ့ငါးလခန့်က ပဲခူးတိုင်း ကျောက်ကြီးမြို့ကပ်ကျေးရပ်ကွက်မှ အသက် ၃၅ နှစ်ခန့် အရွယ် မအေးနိုင်(ခ) ကရင်မ ဆိုသူကို ဂိုဏ်းခေါင်းဆောင်အပါအ၀င်  ၆ဦး အဓမ္မပြု ကျင့်ပြီး အသေသတ်ပြီး ရေးထဲပစ်ချခဲ့တာပဲ၊ လူ့အသက် တစ်ချောင်းကို ဒီလူတွေဟာ ပုရွက်ဆိပ် တစ်ကောင် သတ်သလောက်တောင် ၀န်မလေးကြ ဘူး” ဟုပြော သည်။
            လူကုန်ကူးခံခဲ့ရသူများအနက် ငါးဖမ်းလှေသို့ မလိုက်လိုကြောင်း ပြောသဖြင့် လူကုန်ကူးဂိုဏ်းသား
များ ဓါးဖြင့်ဝိုင်းခုတ်သဖြင့် လည်ပင်းနှင့် လက်ကောက်ဝတ်တွင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သဖြင့် ၇လတိုင် တိုင်  ထမင်းချက်အဖြစ် နေထိုင်ခဲ့ရသဖြင့် ရက်စက်မှုအစုံတို့ကို ကာလကြာရှည် မြင်သိခွင့်ရရှိခဲ့သူ
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာမှ ကိုဆန်းထိုက်ဝင်း က “ ငါးဖမ်းလှေမှ လုပ်ဖို့လာတာ
မဟုတ်ဘူးလို့ပြောတဲ့သူတွေကို သတ်ပြတယ်၊ လည်ပင်းကြိုးကွင်းစွပ်သတ်တယ်၊ သေနတ်နဲပစ်သတ်တယ်၊
တုတ်နဲ့ဝိုင်းရိုက်သတ်၊ ခေါင်းအုံးနဲ့ ဖိသတ်၊ ခြေထောက်မှာ ခဲအိပ်နဲ့ သံကြိုးတွေချည်ပြီး ရေးထဲကို ကန်ချ တယ်။ အဆိုးဆုံးမြင်ကွင်း တစ်ခုကတော့ မောင်ငယ်ဆိုတဲ့ အလုပ်သမားကို သစ်ပင်မှာလက်ပြန်ကြိုးတုတ် ပြီးချည်တယ်။ခါချဉ်ထုတ်ကို ချိုးချတယ်။ နာလို့အော်တော့ သတင်းစာစက္ကူကို ရေဆွတ်ပြီး ပါးစပ်မှာ သိပ်ထည့်တယ်။ပြီးတော့ ဗိုက်ကို ဓါးနဲ့ခွဲတယ်၊ ဒီ့နောက် ပလပ်စတစ်ဘောပင်ကို မီးရှို့ပြီး အစက်ချ သတ် တယ်။ အလုပ်သမား သမား ၂၀ လောက် အကုန်ဝိုင်းကြည့်နေကြရတာ။ ငါးဖမ်းလှေ လိုက်မလား အသေခံ မလား ဆိုပြီးလုပ်ပြတာဖြစ်တယ်” ဟုပြောသည်။
           သူ၏ ရှေ့တွင် မျက်မြင်ကိုယ်တွေ့ အသတ် ခံရသူရှစ်ဦးရှိကြောင်း၊ ရောက်လာသမျှ မြန်မာ အလုပ်သမားများ တွင် ပါလာသမျှ ဖုန်းနံပတ်များ ပိုင်ဆိုင်မှုများကို ဂိုဏ်းခေါင်းဆောင် ကိုမျိုးက ဖျက်ဆီးပစ် ကြောင်း၊ သတ်ခိုင်း၍ မသတ်သည့် တပည့်များကို သူကိုယ်တိုင် သတ်ကြောင်း၊ အလွန်   ကြောက်စရာကောင်းသည့် လက်မရွံ့လူသတ် သမားများဖြစ်ကြောင်း၊ MAT အဖွဲ့တို့ စတင်ကယ် တင်ခဲ့သည့် နေ့က အချိန်မီ မကယ်နိုင်ခဲ့ပါက ရခိုင် အလုပ်သမား တစ်ဦးကို သတ်မိန့်ချထားကြောင်း အလုပ်သမားများကဆက်လက်ပြောဆိုသည်။
     ခိုင်လုံသည့်မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ  အဆိုပါ ဂိုဏ်းသားများမှာ နှစ်ရှည် ထောင်
ဒဏ် ချမှတ်ခံရနိုင်ကြောင်း ထိုင်းအရာရှိများက ပြောသည်။ လူကုန်ကူးခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းခံခဲ့ရသည့်
အလုပ်သမားများကမူ ယခုကဲ့သို့ ဆိုးဝါးသည့် ဂိုဏ်းသားများအား မြန်မာနိုင်ငံတွင် တရားစီရင်သင့်ကြောင်း
ပြောဆိုကြပြန်သည်။
        မည်သို့ပင်ဖြစ်စေ ယခုဂိုဏ်းကို ပူးပေါင်း ဖေါ်ထုတ်နိုင်ခဲ့သဖြင့် လူကုန်ကူးမှု မပပျောက်နိုင်သည့်တိုင်
အောင် လက်မရွံ့လူသတ်သမားများ မရှိတော့သဖြင့် မြန်မာများထပ်မံ အသတ်ခံရခြင်းမှ လျှော့နည်းသွား
မည်ဖြစ်ကြောင်း ကယ်တင်သူများက ပြောသည်။





Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။