
(၇.၁၂.၂၀၁၃ ) နေ့လည် ၁၂ နာ၇ီ
ဒီနေ့ ကျွန်တော် မွေးနေ့ ရှိနေလို့ သတင်းနဲ့ ပက်သက်တာတွေ
နည်းပညာနဲ့ အခြား ပိုစ့်တင်တာတွေကို စနေ့နေ့ ၊ တနင်္ဂနွေနေ့
၊ တနင်္လာနေ့ (၃)ရက် နားမှာ ဖြစ်ပါတယ်။
ကျွန်တော် စာမျက်နှာမှာ မွေးနေ့နဲ့ ပက်သက်တာပဲ တင်မယ်လို့
စိတ်ကူးထားတာ အခုလို ဖမ်းဆီးမှုတွေ ပေါ်လာတဲ့ အတွက်
မြန်မာတွေ ဘေးရန်ကင်းစေဖို့ ကျွန်တော်မအားတဲ့ကြားကနေ
စေတနာနဲ့ အသိပေးလိုက်ပါတယ် ခင်ဗျာ။
ယခုလက်ရှိ (၇.၁၂.၂၀၁၃ ) နေ့လည် ၁၂ နာရီ (အသိပေးချက်)
ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။
ကိုတာရာယာ
ကုန်တိုက်ဘေး (မက်ဒေါနားဆိုင် နှင့် ကိုယ်တာရာယာဘေး လမ်းထောင့်မှာ)
WMK 7468 ဗန်ကား ငွေရောင်ကားထိုးပြီး ယခုဖမ်းနေတယ်။
လူတိုင်းကိုတော့ မဟုတ်ဘူး အနားကဖြတ်သွားတဲ့ သူတွေကို စစ်ပြီး
အထောက်အထား မခိုင်လုံရင် ကားပေါ်ဆွဲတင်နေပါတယ်။
မနက်ကတည်းက ကေအယ်မှာ ရဲတွေလမ်းကြားတွေထဲမှာ
ပတ်သွားနေပါတယ်။
ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ ၁၅၀၀ ထိတောင်းပါတယ်။
အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ လိုက်ထုပ် ပေးရပါတယ်။
လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။
အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။
KL မြို့ထဲသွားရင် WMK 7468 ဗန်ကားငွေရောင် တွေ့ရင် မြန်မာများရှောင်ကြဉ်ရန်
ကိုတာယာရာကုန်တိုက်ရဲ့ဘေးနာက လမ်းကြားထဲ မြန်မာအလုပ်သမားများ
သွားလာသတိပြုစေချင်ပါသည်။
တရားမ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီး
အထောက်အထားမရှိတဲ့သူများနှင့် အထောက်အထား မခိုင်လုံသူတို့အား
ဖမ်းဆီးမှုပြုလုပ်ပြီးလျှင် အခကြေးငွေ ပေးလျှင် ပြန်လွှတ်ပေးသည်။
သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။
ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။
(မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။
ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင်
လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့
နေ့စဉ် အလိမ်ခံရနေပါတယ်။
ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။
ကေအယ် တရုတ်တန်းရှေ့ ကိုတာရာယာဘေးမှာ ရဲကားက နေ့စဉ်လိုလို ရှိနေတတ်ပါတယ်။
လူတိုင်းတော့ မစစ်ပါဘူး .... သူတို့ကားနားက ဖြတ်သွားတဲ့ လူတွေကို စစ်ချင်တဲ့ သူကိုခေါ်
စစ်ပါတယ်။ ရဲတွေများရင် ပိုဆိုးပါတယ်။ ၂ ယောက်လောက်ဆို ပြသာနာ မရှိဘူး ....
တစ်ချို့ ပစပိုစ့် မိတ္တူပြရင် ရပါတယ်။ တစ်ခါတစ်လေ ပိုက်ဆံတောင်းတယ်။
အဲဒီနေရာက လုံခြုံရေးအတွက် လုပ်ထားတာဆိုတော့ ဖမ်းခေါ်သွားတာတော့ သိပ်မရှိပါဘူး ....
အထာက်အထား မရှိရင်လည်း ၁၀၀ ၊ ၅၀ လောက်နဲ့ အဆင်ပြေပါတယ်။ ရဲတွေနဲ့ မတွေ့ရတာ
စကားမပြောရတာ ကောင်းပါတယ်။ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ .....
မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ
ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....
နေဇော်လင်း
Admin
Nay Zaw Lin1
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729
0 comments:
Post a Comment