Home » , , » မလေးရှားမှာ အမှန်သမားဖြစ်လည်း ဒီလိုကြုံရတတ်ပါတယ်

မလေးရှားမှာ အမှန်သမားဖြစ်လည်း ဒီလိုကြုံရတတ်ပါတယ်

Written By မောင်စေတနာ on Wednesday, December 4, 2013 | 11:27:00 PM

 
၂.၁၂.၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် အလုပ်သွားခါနီး ကေအယ် ကိုတာရာယာ ဘေးနေက ကျွန်တော် ဖြတ်လာခဲ့တယ်။ (တရုတ်တန်းရှေ့ ကိုတာရာယာဘေးမှာ ရဲကားက နေ့စဉ် လိုလို ရှိနေတတ်ပါတယ်။) 

ကျွန်တော်ကို မလေးရဲက လှမ်းခေါ်လိုက်တယ်။ ရဲက ၄ ယောက် ရှိနေတယ်။ ပတ်စပိုစ့် စစ်တယ်။ ကျွန်တော်က အမှန်သမား ဆိုတော့ အေးဆေးပါပဲ .... ကျွန်တော် ၏ စိတ်ထဲထင်နေတာ .... ကျွန်တော် လွယ်အိပ်ကိုလည်း အားလုံးရှာတယ်။ ဘောင်းဘီထဲက ဖုန်းနှစ်လုံးကိုလည်း ယူလိုက်တယ်။ လွယ်အိပ်ထဲက ပိုက်ဆံ ၅၈၀ ကိုမြင်တော့ အဲဒီမှာ စတော့တာပဲ .... 

ဖုန်းနှစ်လုံးကို ပြန်ပေးပြီး ပိုက်ဆံ ၅၈၀ ကိုတော့ သူတို့ ယူလိုက်ပါတယ်။ ပိုက်ဆံကို သူတို့ယူလိုက်ပြီး သွားတော့ ရပြီတဲ့ .... ကျွန်တော် ပိုက်ဆံကိုတောင်းတော့ မင်းသေချင်နေပြီလား လို့ ပြောတယ်။ ကျွန်တော်လည်း ရဲ၎ယောက်စလုံးက ဝိုင်းရစ်နေတော့ ကြောက်ကြောက်နဲ့ပဲ ထွက်လာခဲ့ရတယ်။ ဒါနဲ့ ကျွန်တော်နေတဲ့ ကပုန်းကို ပြန်ရောက်ပြီး လူကြီးတွေကို ပြောပြတော့ အဲဒီလို ပြန်သွားတောင်းတော့ မင်းကိုပေးမှာလားတဲ့ .... ဒါနဲ့ ကျွန်တော်လည်း လက်လျှော့လိုက်ရတယ်။ 

မလေးရှားမှာ ဒီလိုမဖြစ်အပျက်တွေဟာ မဆန်းပေမယ့် နေ့စဉ်လိုလို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတယ်။ အခုလို ကိစ္စတွေကို ဘယ်သူကများ ကျွန်တော်တို့ဖက်ကနေပြီး ရင်ဆိုင်ရပ်တည်ပေး မလဲဗျာ .... 

ကျွန်တော်တို့ ဒီမှာ ပိုက်ဆံပေးပြီး နေနေရတာ ... အမှန်သမား ဖြစ်ရက်နဲ့ အခုလို လုပ်တာကတော့ အရမ်းခံရခက်တာပဲဗျာ ... တရားဥပဒေက ဘယ်မှာလဲ ?????? ကျွန်တော်လို ကိစ္စတွေကို နောက်ထပ်လူတွေ အဖြစ်ရလေအောင် ကိုနေဇော်လင်း ဝဘ်ဆိုဒ်နဲ့ ဖွေ့ဘုတ်စာမျက်နှာက တစ်ဆင့် အားလုံးသိအောင် တင်ပေးပါ ခင်ဗျာ။ 

-------------------------------------------------------------------------------------------- 

ကျွန်တော့်ဆီကို ရောက်လာတဲ့ စာဖြစ်ပါတယ်။ မလေးရှားနိုင်ငံအတွင်း ဘယ်နေရာမဆို ဒီလိုကိစ္စတွေ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ ရဲတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ရဲတွေမှာ ကိုယ်ပိုင်နံပတ် ရှိပါတယ်။ အဲဒီ ကိုယ်ပိုင် နံပတ်တွေကို မှတ်သားထားပါ။ တကယ်လို့ အမှုကိစ္စတွေ ရင်ဆိုင်ရတဲ့ အချိန်မှာ ကိုယ်ပိုင် နံပတ်က အသုံးဝင်ပါတယ်။ ပြောသာ ပြောရတာပါ။ 

(မလေးရှားမှာ သူတို့နိုင်ငံသား အတွက်ပဲ ဥပဒေ ဆိုတာ ရှိပါတယ်။) မလေးရဲတွေနဲ့ ရင်ဆိုင်ဖို့ဆိုတာ မလွယ်လှပါဘူး .... (ဘယ်သူက ကျွန်တော်တို့ ဖက်ကနေ ရပ်တည် ကူညီကြမလဲ ??? ) သူတို့လူမျိုးနဲ့ စကားများရင်တော့ မင်းမှာ အိုင်စီ(မှတ်ပုံတင်) ရှိလား ??? ဒီစကားတစ်ခွန်းနဲ့ပဲ နိုင်ငံခြားသားတွေကို ကိုင်ပေါက်တော့တာပါပဲ .... အကောင်းဆုံး နည်းလမ်းက အမှန်သမား ဖြစ်စေ ၊ အိုသမား (အထောက်အထား မရှိသူ) ဖြစ်စေ ရဲတွေနဲ့ ရင်မဆိုင်ပဲ ရှောင်ပြီး သွားလာဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက သူများကို အားကိုးလို့ မရဘူး ကိုယ်တိုင် လိုက်နာရမှာပါ။ 

ကျွန်တော် ဆူဘန်း သွားတုန်းကလည်း တစ်ခါကြုံရသေးတယ်။ ကားပေါ်လူတွေကျပ်တော့ နီပေါနဲ့ မလေးနိုင်ငံသား တစ်ယောက်နဲ့ တစ်ယောက် တိုက်မိတယ်။ မင်းလူကို မမြင်ဘူးလား .... ရဲကိုဖုန်းဆက်လိုက်ရမလား .... အရူးတွေ ..... မင်းမှာအိုင်စီ ရှိလား ... ရဲလာရင် မင်းတို့ကောင်တွေ ထောင်ထဲရောက်သွားမယ်" ဆိုပြီးပြောတယ်။ ဒါနဲ့ နီပေါ အမျိုးသားလည်း ဘာမှ ပြန်မပြောရဲဘူး ခင်ဗျာ .... 

ကေအယ် တရုတ်တန်းရှေ့ ကိုတာရာယာဘေးမှာ ရဲကားက နေ့စဉ်လိုလို ရှိနေတတ်ပါတယ်။ လူတိုင်းတော့ မစစ်ပါဘူး .... သူတို့ကားနားက ဖြတ်သွားတဲ့ လူတွေကို စစ်ချင်တဲ့ သူကိုခေါ် စစ်ပါတယ်။ ရဲတွေများရင် ပိုဆိုးပါတယ်။ ၂ ယောက်လောက်ဆို ပြသာနာ မရှိဘူး .... တစ်ချို့ ပစပိုစ့် မိတ္တူပြရင် ရပါတယ်။ 

တစ်ခါတစ်လေ ပိုက်ဆံတောင်းတယ်။ အဲဒီနေရာက လုံခြုံရေးအတွက် လုပ်ထားတာဆိုတော့ ဖမ်းခေါ်သွားတာတော့ သိပ်မရှိပါဘူး .... အထာက်အထား မရှိရင်လည်း ၁၀၀ ၊ ၅၀ လောက်နဲ့ အဆင်ပြေပါတယ်။ ရဲတွေနဲ့ မတွေ့ရတာ စကားမပြောရတာ ကောင်းပါတယ်။ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ ..... 

မလေးရှားနိုင်ငံရောက် မြန်မာများအားလုံး သွားလေရာ ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေ။ 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။