Home » , , » မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်မားများ အတွက် ထုတ်ပြန်ကြေညာ

မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်မားများ အတွက် ထုတ်ပြန်ကြေညာ

Written By မောင်စေတနာ on Wednesday, December 25, 2013 | 1:06:00 PM

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း အလုပ် သမားများနေ့ မလေးရှားရောက်မြန်မာရွှေ့ပြောင်း အလုပ်မားများ အတွက် ထုတ်ပြန်ကြေညာ

မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လာမဲ့နှစ်သစ်မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ ခံစားအခွင့်ဥပဒေ ရရှိရေးအတွက် နိုင်ငံတကား စံချိန်နဲ့အညီ မလေးရှား ရောက် မြန်မာရွှေ့ပြောင်း 

အလုပ်သမားများအတွက် ရှေးဆက် ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)က နိုင်ငံတကာ အလုပ်သမား ဥပဒေများနှင့် မလေးရှားအလုပ် သမားသမဂ္ဂအဖွဲ့ချုပ်(MTUC)တို့အပါ အ၀င် ထိရောက်မှုရှိတဲ့ အလုပ်သမားဥပဒေများနဲ့အညီ မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဆက်လက်ရပ်တည်ပေးသွားမည်ဖြစ်သည်။ 

 မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် ဥပဒေများခွဲခြား ဆက်ဆံခံနေရခြင်း၊ အခြေခံလစာ တရားဝင် သတ်မှတ် ထားသော်လည် လုပ်ခလ စာများခေါင်းပုံဖြတ် ခံနေရခြင်း၊ လုပ်ငန်းခွင် ပြောင်းရွှေ့ လုပ်ကိုင်ခြင်းများကို၊ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကျိုးဖောက်ခံ ရမှုတွေက တနှစ်ထက် တနှစ် ပိုမိုများပြားလာခဲ့ပြီ အလုပ်သမားဥပဒေကျိုးဖောက်မှုတွေလဲ ရှိခဲ့သည်၊ ယခုနှစ်တွင် မြန်မာရွှေ့ပြောင်း လုပ်သမားတွေရဲ့ အလုပ်သမားပြဿနာ လက်ခံရရှိခဲ့တဲ့အမှု ၁၆၂ မှု ရရှိခဲ့ပြီ ဆက်လက်ရင်ဆိုင်နေရတဲ့အမှု ၁၆ မှု၊ ၉၇ မှုက အနိုင်ရရှိပြီ၊ ၃၂ မှုမှာ အမှုပိုင်ရှင်းများ လာရောက်ခြင်း မရှိတဲ့အတွက် ဆိုင်ငံ့ထားခဲ့ခြင်းဖြစ်ပြီ ၁၇ မှုက ပိုင်ရှင်မဲ့ဖြစ်သွားသည်။ 

ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)အဖွဲ့သည် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကိုဆီမှ ငွေကြေးထောက်ပံ့မှုများကို လက်ခံရယူထားမှုမရှိကြောင်း ဖြစ်သလို မည့်သည်အဖွဲ့အစည်း၏ လက်အောက်မှာ ရပ်တည်မှုမရှိခဲ့ပါ ကျနော်တို့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိမိရဲ့ အိတ်စိုက် ကိုယ်ပိုင် ပိုက်ဆံများနှင့်သာ ရပ်တည်သော အဖွဲ့ဖြစ်သည်။ 

ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)အဖွဲ့ကို ၀ိုင်ဝန်းကူညီ ထောက်ပံပိုပေးခဲ့တဲ့ မလေးရှား အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(MTUC) ရှေ့နေများနဲ့ မလေးရှားရှေ့နေကောင်စီများနှင့် မလေးရှား အတိုက်အခံပါတီ ၄ ပါတီများက ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ် သမားများအတွက် ရပ်တည်ပေးခဲ့ခြင်းဖြစ်ပါသည်။Source: MMRCမှ ပေးပို့လာခဲ့သည်။ MMRC ဖုန်းနံပါတ် (ကိုလတ်- ၀၁၆၃၂၁၀ ၉၆၆) (ကိုရန်နိုင်ထွန်း -၀၁၂ ၆၈၈ ၄၃၇၇) 

Source by : Thuri YA 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။