



ဌေးဌေးသန်း ၂၁ နှစ် မှာလည်ပင်းတွင်လှီးဖြတ် ဒဏ်ရာ ဖြင့်တွေ့ရှိရပြီး ဌေး ၄၁ ဆိုသူ ၏မျက်နာနင့် ကိုယ်ခန္ဒာ တွင်ဓါးဒဏ်ရာပါရှိပါသည်။
CID လက်ထောက်ဦးစီး အရာရှိ Mazlan Kesah က "နေ့လည် ၁၂း၁၅ အချိန် အသတ်ခံရတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အော်ဟစ်သံတွေကို အဲဒီ နားကလူတွေကြားပါတယ် "
"နှစ်ယောက်စလုံးမှာပွဲခြင်းသေသွားပါတယ်။
အဖိုးတန်တဲ့ ဘာပစ္စည်းမှ သူတို့နဲ့ အတူမပါတာတွေ့တော့ သတ်ပြီး လုယက်သွားတာ ဖြစ်ပါမယ်"
"နှစ်ယောက်စလုံး အယင် စက်ရုံမှာလုပ်တယ် အခု လောလောဆယ် အလုပ်မရှိဘဲ သွားရင်း လာရင်း အသတ်ခံရတာပါ"
မျက်မြင်သက်သေများ ကြောင့် "အခင်းဖြစ်ရာနေရာ နားက ကားမှတ်တိုင်မှာ မြန်မာနိုင်ငံသား အသက် ၃၀ ဝန်းကျင် နှစ်ယောက်ကို အခင်းဖြစ်ပြီးမိနစ် ၃၀ မှာ တွေ့ရှိ့လို့ဖမ်းထားပါတယ်" ဟုထပ်လောင်းပြောဆိုသွားပါသည်။
ဖမ်းဆီးထားသူများကို Bandar Perda က Central Seberang Prai district ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မူ့နဲ့အမူ့ဖွင့်ထားပါကြောင်း၊ ရဲတပ်ဖွဲဝင်များ
အနေဖြင့်လူသတ်လက်နက် ကို ရှာဖွေရန်လို နေသေကြောင်း ၊ စုံစမ်းမူ့ အစပိုင်း အနေဖြင့် ထို အမျိုးသမီးများမှာ အခင်းဖြစ်ရာ အနီးတွင်နေထိုင်သည်မှာ
(၂)နှစ် ရှိပြီဖြစ်ကြောင်း သိရသည် ဟုဆိုပါသည်။
ယင်း လူသတ်မူ့နှင့် ပတ်သက်၍ သတင်း ရရှိပါက အနီးစပ်ဆုံး ရဲစခန်းတွင် သတင်းပို့ပေးပါရန် ရဲတပ်ဖွဲ့ အနေဖြင့် ဆော်သြထားပါသည်။
Photo : Photo :NST, Moesan Win , FB
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com/
Facebook Page - www.facebook.com/pages/Nayzawlin1/292530074131729
0 comments:
Post a Comment