Home » , , , » လုပ်သားကတ် မပါသည့်သူများ ပြည်ပသွားရောက် လုပ်ခွင့်မပြု

လုပ်သားကတ် မပါသည့်သူများ ပြည်ပသွားရောက် လုပ်ခွင့်မပြု

Written By မောင်စေတနာ on Monday, December 30, 2013 | 10:58:00 PM

ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားများ အလုပ်သမားကတ် (Smart Card) ကိုင် ဆောင်ခြင်းရှိ မရှိ ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးမည် ဖြစ်ပြီး အလုပ်သမားကတ် ကိုင်ဆောင်ခြင်း မရှိသူများကို ပြည်ပ ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ပြောကြားသည်။ 

ပြည်ပတွင် တရားဝင် သွားရောက် လုပ်ကိုင်တိုင်းတွင် Smart Card ပါရှိရမည် ဖြစ်သဖြင့် ထိုသို့ စစ်ဆေးခြင်း ဖြစ်ပြီး ကတ်ကိုင်ဆောင်ခြင်း မရှိသူများကို အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကတ်မပါရင် အရေးယူမယ်။ အခုလောလောဆယ်က ပညာပေးတာမို့လို့ ချက်ချင်း အရေးယူမှာတော့ မဟုတ်သေးဘူး” ဟု ဒေါ်ခင်နွေဦးက ပြောဆိုသည်။ 

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မဟုတ်ဘဲ လုပ်သားကိုယ်တိုင် အစီအစဉ်ဖြင့် သွားရောက် လုပ်ကိုင်သူများလည်း Smart Card ပါမှ ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနထံမှ သိရှိရသည်။ မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရာတွင် Smart Card တင်ပြမှသာ သံရုံးက ဗီဇာထုတ်ပေးသဖြင့် ကတ်ကို မဖြစ်မနေ ပြုလုပ်ရကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။ 

“စင်ကာပူ ဆိုရင်တော့ Smart Card ပြဖို့ မလိုဘူး။ ဗီဇာ ထုတ်လို့ရတယ်” ဟု ၎င်းကဆိုသည်။ ယခင်က Smart Card ပြုလုပ်ရာတွင် FEC ၁၀၀ ပေးဆောင်ခဲ့ရပြီး ယင်းစနစ်ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ပြည်ပနိုင်ငံ အသီးသီးတွင် မြန်မာနိုင်ငံသား ငါးသန်းခန့် သွားရောက် လုပ်ကိုင်လျက် ရှိကြောင်း အစိုးရက ဆိုထားသည်။ 

Credit To : The Voice Weekly
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။