Home » , » ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော်တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်

ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော်တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်

Written By မောင်စေတနာ on Thursday, December 19, 2013 | 12:15:00 PM

မလေးရှာနိုင်ငံ ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း စကိုင်းလိုင်း ကားတစ်စီး မှာ မော်တော်ယာဉ် ဘယ်နှင့်ညာ ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး မီးလောင်ကျွမ်းသဖြင့် သေဆုံးသွားကြောင်း New Straits Times သတင်း အရသိရပါသည်။ 

ယာဉ်မောင်းသူမှာ အသက် ၄၀ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား Simon John Hall ဖြစ်ပြီး ၎င်းတို့နှင့် အတူ ဖီလိပိုင် အမျိုးသမီး ၃ဦးလည်း သေဆုံးသွားပါသည်။ မြန်မာ အမျိုး သမီးနှစ်ဦးမှာ ပီးပီး ၂၀ နှစ် နှင့် အက်စတာဆွီး ၂၆ နှစ်ဖြစ်ပါသည်။ 

ပူဒူးနှင့် ဟန်တွာ့ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁၃ ဖြင့် တစ်နာရီခန့် ငြိမ်းသတ် လိုက်ရကြောင်း ၊ သေဆုံးသူများ၏ အလာင်းများမှာ ခွဲခြား မရနိုင်သည် အထိ လောင်ကျွမ်းသည်ဟု မီးသတ်ဦးစီးဌာနမှ Deputy Superintendent Abdullah Roning ကပြောကြားပါသည်။ 

Chinlandguardian သတင်းတွင်ဖော်ပြချက် အရ သေဆုံးသွားသူ မြန်မာ အမျိုးသမီး နှစ်ဦး မှာ ညစာ စားသောက်ရန် ဖိတ်ကြားခံရပြီး အိမ်သို့ မရောက်နိုင်သဖြင့် သူငယ်ချင်း ဖြစ်သူ Sonera Tinpar က ဖုန်းအကြီမ်ပေါင်းများစွာ ခေါ်ဆိုသည့် နောက် ရဲတပ်သား တစ်ဦးက ဖုန်းကိုင်ကာ ဆေးရုံသို့လိုက်လာရန် အကြောင်းကြားသည် ဟု ဆိုပါသည်။ 

သေဆုံးသည် အက်စတာဆွီးမှာ ၂၀၁၃ ခရစ်မတ်ရက် အတွင်း တတိယနိုင်ငံ ထွက်ခွါမည့်ရက်ကို စောင့်ဆိုင်နေသူ ဖြစ်သည်ဟုလည်း Chinlandguardian သတင်းတွင် ဖော်ပြထားသည်။ 

Malaysia News 
Admin Thu Tatuam 
Free Online Radio Media (Malaysia) 


Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။