Home » , , » မလေးရှားနိုင်ငံတွင်တရားဝင် အလုပ်လုပ်ခွင့်ရရေး ဝန်ကြီးဌာနသုံးခု ပူးပေါင်းဆောင်ရွက်ပေးမည်

မလေးရှားနိုင်ငံတွင်တရားဝင် အလုပ်လုပ်ခွင့်ရရေး ဝန်ကြီးဌာနသုံးခု ပူးပေါင်းဆောင်ရွက်ပေးမည်

Written By မောင်စေတနာ on Friday, December 13, 2013 | 3:46:00 PM


တာရာရန်ကင်း ၊ ရန်ကုန် ဒီဇင်ဘာ ၁၂

မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမားများ တရားဝင်အလုပ် လုပ်ခွင့်ရရေးအတွက် အလုပ်ပါမစ် လျှောက်လွှာများ ကိုမြန်မာနိုင်ငံသား ဖြစ်ကြောင်း တင်ပြ လျှောက်ထား နိုင်ကြောင်းနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အလုပ်သမား၊ အလုပ် အကိုင်နှင့်လူမှုဖူ လုံရေးဝန်ကြီးဌာန တို့မှ ဝန်ထမ်းများပါဝင်သည့် အထူး အဖွဲ့သည် အောက်တိုဘာ ၂၁ရက် မှ ၂ဝ၁၄ခုနှစ် ဇန်နဝါရီ ၂ဝ ရက် အထိ သုံးလအတွင်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မလေးရှား နိုင်ငံ မြန်မာသံရုံးမှသိရသည်။ 

မလေးရှားနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများအတွက် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနမှ ၂ဝ၁၁ ခုနှစ် သြဂုတ်မှ ၂ဝ၁၂ခုနှစ် ဧပြီအထိ ဆောင်ရွက်ပေးခဲ့သည့် 6P အစီအစဉ်တွင်မှတ်ပုံတင်ထားပြီး သူများအတွက်အလုပ်ပါမစ်လျှောက် ထားခွင့်အစီအစဉ်ကိုသုံးလအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကာ ယခင် 6P အစီအစဉ်၌ မလေးရှားလူဝင် မှုကြီးကြပ်ရေးဌာနတွင် လက်ဗွေ နှိပ်မှတ်ပုံတင်ပြီး 6PSLip ရရှိ ထားကာ နိုင်ငံကူးလက်မှတ်လက် ဝယ်မရှိသူများသည် 

ကွာလာလမ်ပူ မြန်မာသံရုံးတွင် မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားရန် ကိုယ် တိုင်သွားရောက်ရန်လိုကြောင်း မြန်မာနိုင်ငံသံရုံးက ညွှန်ကြားသည်။ အဆိုပါ လျှောက်ထားမှု အတွက်မြန်မာနိုင်ငံ သားဖြစ်ကြောင်း အထောက်အထားနှင့်အတူ တင်ပြ လျှောက်ထားရ မည်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ ဝန်ကြီးဌာနသုံးခုပါဝင် သည့် အထူးအဖွဲ့က လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

မလေးရှားနိုင်ငံတွင် တရား မဝင်အလုပ်လုပ်နေသူများကို ယခု နှစ်ဆန်းမှစတင်ကာ မလေးရှား နိုင်ငံ၏ လူဝင်မှုအထူးစစ်ဆေး ချက်(အော်ပရာစီ)စီမံချက်နှင့် ဖမ်းဆီး အရေးယူမှုများပြုလုပ်ခဲ့ပြီး ယခု လက်ရှိတွင် တရားဝင်အလုပ် သမားလျှောက်ထားမှုများကို စိစစ် လက်ခံမည်ဖြစ်ကြောင်းသိရသည်။ 

မလေးရှားနိုင်ငံ၏ လူဝင်မှု အထူးစစ်ဆေးချက်(အော်ပရာစီ) စီမံချက်နှင့်ပတ်သက်ပြီး သီတဂူ လူမှုထောက်ကူပြုအဖွဲ့တာဝန်ရှိသူ အာရှတော်ဝင် ဆေးရုံ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမြတ်သူက ''မလေးရှားမှာ လက်ရှိအခြေ အနေက အရမ်းကြီးတော့ အဆိုး ချည်း မဟုတ်ပါဘူး။ အပြင်မှာ က ဘာမှတော့ သိပ်မဖြစ်ဘူး။ 

ကျွန်တော်တို့ဘက် မလေးရှားဒုက္ခ သည် စခန်းတွေမှာ မြန်မာပြည်ပြန် လွှတ်နိုင်တဲ့လူ ၁၇ဝ လောက်ရှိပြီ ဆိုနောက်တစ်ခါခေါ်ဖို့ထပ်သွားမှာ ပါ။ ကျန်တဲ့အခေါက်တွေကို ဒုက္ခ သည်စခန်းတွေကိုသာ သွားရောက် ပြီး မြန်မာနိုင်ငံသားများသာ ခေါ်ဆောင် လာမှာ ဖြစ်ပါတယ်'' ဟုပြောသည်။ မလေးရှားတွင်ယခု အခါ အကြောင်းအမျိုးမျိုးကြောင့် တရားဝင်နိုင်ငံ ကူးလက်မှတ်နှင့် အလုပ်သမား မှတ်ပုံတင်မရှိသော အလုပ်သမားများကို မလေးရှား အစိုးရက တရားဝင် လုပ်သားများ အဖြစ် ပြန်လည် လက်ခံမည်ဖြစ် ကြောင်းသိရသည်။ 

Source by : The Union Daily 

နေဇော်လင်း 
Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။