Home » , » မလေးရှားရောက် မြန်မာများအတွက် အရေးပေါ်သတိပေးချက် (၁၁.၁၂.၂၀၁၃ )

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ်သတိပေးချက် (၁၁.၁၂.၂၀၁၃ )

Written By မောင်စေတနာ on Wednesday, December 11, 2013 | 5:09:00 PM

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ်သတိပေးချက် (၁၁.၁၂.၂၀၁၃ ) ညနေ ၅ နာရီခွဲ ..... 

ယခုလက်ရှိ (၁၁.၁၂.၂၀၁၃ ) ညနေ ၅ နာရီခွဲ .... (အသိပေးချက်) ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။ ပါဆာစီနီး (ကားဂိတ်အနားက အိန္ဒိယ အဝတ်အထည်ရောင်းတဲ့ တိုက်ဘေးက လမ်းကြားမှာ) WMK 7468 ဗန်ကား ငွေရောင်ကားထိုးပြီး ဖမ်းနေပါတယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး အနားကဖြတ်သွားတဲ့ သူတွေကို စစ်ပြီး အထောက်အထား မခိုင်လုံရင် ကားပေါ်ဆွဲတင်နေပါတယ်။ 

အရင်က WMK 7468 ဗန်ကားဟာ (၁) ကိုတာရာယာ ကုန်တိုက်ဘေး (၂) ကေအယ် မြန်မာဆိုင်တန်း ဖက်မှာ ဖမ်းနေကြပါ။ (၃) အခု ပါဆာစီနီးဖက်တောင် ရောက်နေပါပြီ ... နိုင်ငံခြားသားတွေကို ဒီလို လုပ်စားရင် ရတယ်ဆိုတာ သူတို့သိနေပါပြီ။ ကျွန်တော် ဒီနေ့ ပူချွန်းက ပြန်လာလို့ ကျွန်တော် သူတို့ဘေးကနေလာတာ မြန်မာတွေ ၅ ယောက်လောက်ကို စစ်နေတာ တွေ့တာပဲ ။။။ 

ဒါနဲ့ကားနံပတ်ကို ကြည့်လိုက်တော့ WMK 7468 ကား ဖြစ်နေတယ်။ ဒါနဲ့ LEO HOTEL ကနေ ကျွန်တော်ကြည့်နေတယ်။ ခဏနေတော့ ကားတစ်စီးစာ ပြည့်သွားလို့ ကားထွက်တော့မှာ ဓာတ်ပုံ ရိုက်ထားလိုက်ပါတယ်။ ရဲယူနိဖောင်း ဝတ်ထားသူတွေကို အဝေးကကြည့်ပြီး ရှောင်လို့ ရပေမယ့် အရပ်ဝတ်နဲ့ ရဲတွေကို ရှောင်ဖို့ဆိုတာ မလွယ်ပါဘူး။ 

ဒါကြောင့် မြန်မာများ အနေနဲ့ ဒီနေရာကို ဂရုစိုက်ပါ။ WMK 7468 ရပ်ထားတဲ့ နေရာ တစ်ဝိုက်မှာ သူတို့လူတွေကတော်တော်များများ ရှိပါတယ်။ ကျွန်တော် ဒီဓာတ်ပုံတွေကို အခက်အခဲကြားထဲကနေ ဓာတ်ပုံမှတ်တမ်း ရိုက်ပြီးတင်ပေးလိုက်ပါတယ်။ အခု မရှိတော့ပါဘူး ..... ကားပေါ်လူပြည့်လို့ ဒါဝမ်ကီး ရဲစခန်းကို ခေါ်သွားလိုက်ပါပြီ .... ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ ၁၅၀၀ ထိတောင်းပါတယ်။ အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ လိုက်ထုပ် ပေးရပါတယ်။ လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။ အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။ 

KL မြို့ထဲသွားရင် WMK 7468 ဗန်ကားငွေရောင် တွေ့ရင် မြန်မာများရှောင်ကြဉ်ရန် တရားမ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီး အထောက်အထားမရှိတဲ့သူများနှင့် အထောက်အထား မခိုင်လုံသူတို့အား ဖမ်းဆီးမှုပြုလုပ်ပြီးလျှင် အခကြေးငွေ ပေးလျှင် ပြန်လွှတ်ပေးသည်။ သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ် (ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။ 

 ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့ ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။ ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင် လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့ နေ့စဉ် အလိမ်ခံရနေပါတယ်။ 

ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး .... ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။

ရဲတွေနဲ့ မတွေ့ရတာ စကားမပြောရတာ ကောင်းပါတယ်။ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ ..... မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ .... 

 နေဇော်လင်း 
 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။