Home » , , » (မလေးရှား သတင်း နောက်ဆက်တွဲ) [27-12-2013, 17:19 pm]

(မလေးရှား သတင်း နောက်ဆက်တွဲ) [27-12-2013, 17:19 pm]

Written By မောင်စေတနာ on Friday, December 27, 2013 | 7:57:00 PM

မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ (မလေးရှား သတင်း နောက်ဆက်တွဲ) [27-12-2013, 17:19 pm] မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာ အလုပ်သမားဆိုင်ရာ သံအရာရှိ ဦးစိုးဝင်း၊ မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာ အလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှားအလုပ်သမားအေဂျင်စီတာဝန်ရှိသူများသည် 

ယနေ့ နံနက်ပိုင်းတွင် ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း၊ မြန်မာအလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော် ကူချင်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါမည် ဖြစ်ကြောင်း၊ ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး 

စိတ်ချရမှု မရှိခြင်းကြောင့် မနက်ဖြန်မှ ဆက်လက် ထွက်ခွါရန် ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှား အစိုးရသို့ အဆိုပါဖြစ်စဉ်အား အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆိုထားပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးထားသဖြင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ လက်ရှိအချိန်တွင် အေးဆေး တည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ မြန်မာ အလုပ်သမားများထံသို့ မြန်မာ
အလုပ်သမား အေဂျင်စီမှ 

တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံတာဝန်ရှိသူများနှင့် မြန်မာ အလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း၊ နောက်ထပ် မြန်မာအလုပ်သမားအေဂျင်စီ(၂)ခုမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမှ ယနေ့ လေကြောင်းခရီးဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း၊ မလေးရှားရောက် မြန်မာ(စစ်ကိုင်းတိုင်းဒေသကြီးမှ)ဇနီးမောင်နှံ(၂)ဦးက မြန်မာအလုပ်သမားများအတွက် ဆန်များ လာရောက်လှူဒါန်းပေး အပ်ထားပြီး ဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားအရာရှိနှင့် 

သံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ မလေးရှားအစိုးရမှ သက်ဆိုင်ရာ စသည်တို့ ပါဝင်သော အလုပ်ရှင်(အလုပ်သမားအေဂျင်စီပါဝင်)-အလုပ်သမား-(၂နိုင်ငံ)အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာအလုပ်သမားများ၏ အခက်အခဲများ၊ လုံခြုံဘေးကင်းမှု၊ ရေရှည်အာမခံချက် စသည်တို့ကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

Source by : Hmuu Zaw 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။