Home » , » ဗီဇာသက်တမ်း ကုန်ဆုံး၍ ထိုင်းတွင် Overstay ဖြစ်နေသူ ၃၀၀၀၀ ကျော်ရှိနေ

ဗီဇာသက်တမ်း ကုန်ဆုံး၍ ထိုင်းတွင် Overstay ဖြစ်နေသူ ၃၀၀၀၀ ကျော်ရှိနေ

Written By MyanmarChnnel@ on Tuesday, November 19, 2013 | 7:57:00 PM

 

ဗီဇာသက်တမ်း ကုန်ဆုံး၍ ထိုင်းတွင် Overstay ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀၀၀ ကျော်ရှိနေ

ဗီဇာသက်တမ်း ကုန်ဆုံး၍ ထိုင်းတွင် Overstay ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀၀၀ ကျော်ရှိနေ တရားဝင်နေထိုင် လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးမှုကြောင့် ထိုင်းနိုင်ငံတွင် overstay ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသောင်းကျော် ရှိနေကြောင်း ထိုင်းအခြေစိုက် အလုပ်သမား အခြေပြု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ အတွင်းရေမှူး ကိုစိန်ဌေးက ပြောကြားသည်။ 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီဖြစ်၍ overstay အဖြစ်သို့ ရောက်ရှိကာ အလုပ်သမား အချို့မှာ အလုပ်မှ ရပ်ဆိုင်းခံနေရကြောင်း သိရသည်။ ''overstay ဖြစ်နေတဲ့ လုပ်သမားတွေက တစ်ရက်နဲ့ တစ်ရက် တိုးတိုးလာတယ်။ 

တိုးလားတဲ့ အနေအထားက တစ်ရက်ကို အောက်ထစ် အလုပ်သမား ၅၀၀ နဲ့ ၆၀၀ ကြားမှာရှိတယ်။ အဲ့ဒီထဲမှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေက အလုပ်ရပ်ဆိုင်းခံရပြီး အလုပ်လက်မဲ့ ဖြစ်နေတယ်။ ဒီအလုပ်သမားတွေ တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရဖို့အတွက် အရေးတကြီး လိုအပ်နေတယ် '' ဟု ကိုစိန်ဌေးက ဆိုသည်။ 

ဗီဇာသက်တမ်း ကုန်ဆုံးမှု၏ နောက်ဆက်တွဲ ပြဿနာ အနေဖြင့် ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိရာ စမွတ်စခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဗန်ကောက်မြို့တို့တွင် ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ ထိုင်းပွဲစားများ၏ ဘတ် ၃၅၀၀ မှ ဘတ် ၅၀၀၀ ကြား လိမ်လည် ခံနေရကြောင်း သိရသည်။ 

''အရင်တုန်းကတောင် ထိုင်းရဲတွေက တရားဝင် ဆိုရင်တောင် အမျိုးမျိုး ပြဿနာရှာပြီး ငွေညှစ်တယ်။ အခုဆိုရင် မြန်မာအလုပ်သမားတွေက တရားမ၀င် ဖြစ်နေတော့ ဖမ်းမိရင်ဒဏ်ရိုက် ခံရတယ်။ ငွေညှစ်ခံနေရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်လုပ်ကိုင်ခွင့် ရရှိရေး၊ overstay ဖြစ်နေသည် မြန်မာ အလုပ်သမားများအား သတ်မှတ်ထားသည့် ဒဏ်ကြေးထက် ပိုမိုမကောက်ခံရေးတို့ကို မကြာသေးမီက ကြေညာချက် ထုတ်ပြန်ကာ ထိုင်း-မြန်မာနိုင်ငံ အစိုးရအား တောင်းဆိုခဲ့သည်။ 

မြန်မာအစိုးရ အနေဖြင့် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် အလုပ်သမားများနှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ 

(တရားဝင် အထောက် အထားများ ရရှိရန် စောင့်ဆိုင်းနေကြသော ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာ အလုပ် သမားများအား တွေ့ရစဉ်) 

 Admin
Lwan Saung
www.facebook.com/Lwan Saung
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။