Home » » MWRN မှာပြန်ကြားရေးနေရာမှာ တာဝန်ယူထားတဲ့ ကျွန်တော်ဒီပို့လေးမရေး ချင်ပါဘူး ဒါပေမယ့် ပွဲစားအချို့ရဲ့ တိုက်ခိုက်မှုကြောင့်ကျွန်တော် ရေးလိုက်ပါတယ်

MWRN မှာပြန်ကြားရေးနေရာမှာ တာဝန်ယူထားတဲ့ ကျွန်တော်ဒီပို့လေးမရေး ချင်ပါဘူး ဒါပေမယ့် ပွဲစားအချို့ရဲ့ တိုက်ခိုက်မှုကြောင့်ကျွန်တော် ရေးလိုက်ပါတယ်

Written By MyanmarChnnel@ on Thursday, November 21, 2013 | 9:37:00 PM

မင်္ဂလာပါမဟာချိုင်ကကိုကိုမမများခင်ဗျားကျွန်တော် နာမည် lwansaung ပါ အသက်27ပါ MWRN မှာပြန်ကြားရေးနေရာမှာတာဝန်ယူထားပါတယ် ကျွန်တော်ဒီပို့လေးမရေး ချင်ပါဘူး ဒါပေမယ့် ပွဲစားအချို့ရဲ့တိုက်ခိုက်မှုကြောင့်ကျွန်တော် ရေးလိုက်တာပါခင်ဗျာ။ 

ChAn MYe MG နှင့် Sainaung Tawe အကိုတို့ နှစ်ယောက်ဟာ မြန်မာလူမျိုးတွေရော ဟုတ်ကြရဲ့လား ခင်ဗျားတို့ နှစ်ယောက်ဟ အလုပ်သမားမဟုတ်လို့ အလုပ်သမားအရေး ကိုလုပ်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်နေတာလား ခင်ဗျားတို့နှစ်ယောက်ကို ပြောလိုက်ပါရစေ။ 

ကျွန်တော်တို့ တွေဟာရောက်နေတာ ကျွန်တော်တို့နိုင်ငံမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ကို ကျွန်တော်တို့အစိုးရက နှစ်ပေါင်းများစွာပြစ်ထားတာကြာပါပြီ။။

ကျွန်တော်တို့ ကိုအခုမှ ပြန်ကြည့်တယ်ဆိုတာ ခင်ဗျားတိုနှစ်ယောက်သိမှာပါ ခင်ဗျားတို့နှစ်ယောက် လိုကျွန်တော်တို့ အလုပ်သမားတွေဟာ အလွယ်တကူပိုက်ဆံရှာလို့ ရနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်သမားတွေဆိုတာ အရမ်းပင်စွာ အလုပ်လုပ်နေကြ ရတာပါ အဲထဲကနေ အလုပ်ရုံစမတ် ခ နဲ့ ပတ်စပို့ရိုက်တဲ့ ပွဲစားခတွေကလည်းရှိသေး အလုပ်သမားတွေကိုစဉ်းစားကြည့်ပါ။

တို့တွေဟာ အများဆုံးကုန်ရင် အပြည့်အစုံမှ ၆၀၀၀ လောက်ပေါ့ ခင်ဗျားတို့ ယူနေတာက ၁၂၀၀၀/၁၃၀၀၀ လောက်ယူနေတာမဟုတ်ဘူးလား မြန်မာပြည်သား အချင်းချင်း မရိုင်းပင်းမယ့်အပြင် ခင်ဗျား တို့က ကုတ်သွေးစုတ်နေကြတယ် အလုပ်သမားတွေ ပင်ပင်ပန်းပန်းနဲ့ ရှာထားရတဲ့ ချွေးနဲစာ လေး ကို ခင်ဗျားတို့တွေးကြည့်ဗျာ ဓါတ်ပုံထဲမှာကြည့်လိုက် ပါ ။။

ဝမ်းနည်းစရာပါပဲ နိုင်င့ခြားသားတွေ ကတောင် ကျွန်တော်တို့ အလုပ်သမားတွေကို ကူညိပေးနေသေးတာပဲ ခင်ဗျားတို့နှစ်ယောက် ဟာ ပညာတတ်တွေဆိုတာတော့သေချာ လောက်ပါတယ် ဒါပေမယ့် ခင်ဗျား တို့ ဟာပညာမရှိဘူး ခင်ဗျားတို့ဟာ ရိုင်းရိုင်း ပြောရရင် လူစိတ်မရှိဘူးပေါ့ဗျာ MWRN သာ အများကောင်းကျိုး ကိုထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် MWRN ကိုဘယ်နိုင်ငံမှ လာကူမှာမဟုတ်ပါဘူး။

MWRN ကဥက္ကဌ ဦးအောင်ကျော်ဟာ အခုမှသာလစာလေး ရတာပါ အရင်တုန်းက ဆိုရင် သူလဲ အလုပ်သမား ပါပဲ အလုပ်ချိန်မှာ ပုစွန်ခွါတယ် အလုပ်ပြီးရင် အများအတွက် ကောင်းကျိုး လုပ်ပါတယ် သူဟာ လစာ မရခင် ကနေ လုပ်နေတာ ပါ လစာရလို့ တော့ မဟုတ်ပါဘူး သူရဲ့ မိသားစုကို ထောက်ပံ့ပေးထားတဲ့သဘောပဲ ရှိပါတယ်။

MWRN သာ လစာမတ်ခဲ့မယ် ဆိုရင်အလုပ်သမား အရေးကို ကူညီနေမှာမပွာုတို့လုပ်မှာ ပေါ့ အလုပ်သမားအရေးကို အလုပ်သမား ကသာတောင်းဆိုပိုင်ခွင့် ရှိပါတယ် ပွဲစားတွေအများ ဆုံးနေ၇ာကလည်း ကျွန်တော်တို့ နေတဲ့ မဟာချိုင်မှာ အများ ဆုံးပါ အောက်က ပုံတွေကိုသေ ချာကြည့်ပေးကြ ပါနော် အားလုံးကိုကျေးဇူးတင်လျှက်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။