
( Setp by Step )
iOS 7.0 မှ စပြီး လက်ရှိ 7.0.3 ထိ Jailbreak မရရှိသေးလို့
မြန်မာစာ မြင်လို့မရ ၊ ရိုက်လို့မရ အခက်ခဲရှိနေကြတဲ့
iOS Users တွေအတွက် လက်ရှိ မိမိ iOS Devices ကို
Jailbreak လုပ်စရာမလိုပဲ မြန်မာစာကို ကောင်းမွန်စွာ
ဖတ်ရူလို့ တဲ့နည်းလမ်းလေးမျှဝေလိုက်ပါတယ်။
(စာရိုက်ဖို့အတွက် မြန်မာစာကီးဘုတ်ကတော့ မရရှိသေးပါဘူးခင်ဗျာ )
သိပြီးသားသူတွေလဲသိလို့ အသုံးပြုနေလောက်ပါပြီ
စောစောစီးစီးကထဲကတင်ဖို့ အတွက်ပဲ အလုပ်တဖတ်နဲ့ ဗျာများနေတာနဲ့
နောက်ကျသွားတယ် :S
နည်းလမ်းလေးကို စမလုပ်ခင် " ကိုသန့်သက်ခင်ဇော် "
ကို ကျေးဇူးတင်စကားလေးပြောလိုက်ရအောင်…..
Jailbreak လုပ်စရာမလိုပဲ မြန်မာစာကောင်းကောင်းဖတ်နိုင်ဖို့အတွက်
ကြိုးစားအားထုတ်ပေးထားတာကလဲ
iOS Developers " ကိုသန့်သက်ခင်ဇော် " ဖြစ်ပါတယ်။
အောက်မှာဖော်ပြထားသော စာမျက်နှာလင့် ကို
မြန်မာစာဖောင့် မြင်ချင်သော iOS devices ကနေ
( Safari Brower နဲ့ ၀င်လိုက်ပါ ) ။
ဥပမာ ( iOS 7 နှင့် အထက်သုံးထားသော iPhone , iPad )
http://d.pr/f/M8Es+
( စလုံးအကြီးအသေး မှားလို့မရပါဘူးခင်ဗျာ )
Safari web page address bar မှာ
http://d.pr/f/M8Es+ ရိုက်ပြီး ကို Go ကို Click လုပ်လိုက်ပါ။
ပြီးရင်အောက်မှာဖော်ပြပေးထားသော ပုံအတိုင်း
မိမိ iPhone , iPad မှာ ပေါ်လာပြီးဆိုရင် ( Install ) button နှိပ်လိုက်ပါ။
Install ပြီးသွားရင် Done လုပ်လိုက်ပါ ။
မိတ်ဆွေရဲ့ iPhone , iPad ကို Power ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။
ပါဝါပြန်တက်လာပြီး မိတ်ဆွေ iPhone , iPad မှာ
မြန်မာအသုံးပြုထားသော သတင်းဆိုဒ်တခုခုအားဖွင့်လိုက်ပါ။
ဇော်ဂျီ Font ကို iOS 7 ရဲ့နေရာတိုင်းမှာ jailbreak မလုပ်ပဲ မြန်မာစာဖောင့်ကို
ကောင်းကောင်း မြင်ရပါပြီ။
ဇော်ဂျီဖောင့်ထည့်ထားသောကြောင့် မြန်မာယူနီကုဒ် သီးသန့်သုံးထားတဲ့
ဝက်ဆိုဒ်တွေမှာ ကြည့်လို့ရမှာမဟုတ်ပါဘူး။
မြန်မာယူနီကုဒ် သီးသန့်သုံးချင်သူများအတွက်ကတော့
အပေါ်မှာပြထားတဲ့အတိုင်း နည်းလမ်းအတိုင်း
ဇော်ဂျီဖောင့် လင့်နေရာမှာ
အောက်မှာဖော်ပြထားသော http://d.pr/f/x4at+ လင့်ကို အစားထိုးပြီး ရိုက်ပေးပါ ။http://d.pr/f/x4at+
ဇော်ဂျီ ကော ယူနီကုဒ် ၂ ခုလုံး အသုံးပြုလို့မရပါဘူး ။
မိမိအသုံးပြုချင်တဲ့ ဖောင့်တမျိုးပဲ အသုံးပြုနိုင်ပါတယ် ။
၂မျိုးလုံးသွားသုံးမယ်ဆိုရင်
မိတ်ဆွေ iPhone , iPad မှာ ယူနီကုဒ်ဖောင့်ပဲ မြင်ရပါလိမ့်မယ်။
အားလုံးပဲ ချောချောမွေ့မွေ့ နဲ့အဆင်ပြေကြမယ်ထင်ပါတယ်။
မသိသေးတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အတွက်
သိသွားအောင် ဒီပို့လေး ရှဲ့ပေးလိုက်ပါအုံး ...........
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
Source by ; IT GARDEN
နေဇော်လင်း
Live Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook - https://www.facebook.com/pages/Nayzawlin1/292530074131729
0 comments:
Post a Comment