Home » , » မလေးရှားနိုင်ငံတွင် မြန်မာ အချင်းချင်း ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့

မလေးရှားနိုင်ငံတွင် မြန်မာ အချင်းချင်း ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့

Written By မောင်စေတနာ on Wednesday, November 6, 2013 | 11:05:00 PM

မလေးရှားရဲတပ်ဖွဲ့မှ ပြန်ပေးဆွဲခံရသော မြန်မာနိုင်ငံသား ၅ ဦးအား ပြန်ပေးဆွဲသော မြန်မာ အမျိုးသားများထံမှ ကယ်ဆယ် ခဲ့ကြောင်း ယနေ့ထုတ် Star သတင်းတွင် ဖော်ပြထားပါသည်။ 

Gombak ရဲခရိုင်မှူး Abdul Rahim Abdullah က လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် လူငယ်တစ်ဦးက ၎င်း၏ ညီဖြစ်သူ မြန်မာပြည်အိမ်သို့ ငွေလွှဲရန် အသွား ပြန်ပေးဆွဲခံရကြောင်း တိုင်ကြားသဖြင့် အသင့်ပြင်ထားကြောင်း မနေ့က ပြောကြားပါသည်။ 

ရဲတပ်ဖွဲ့များမှ အပန်းဖြေ စခန်းသို့ ဝင်ရောက် စီးနင်းရာ တိုင်ကြားသော သူ၏ ညီနှင့် အခြားလေးဦးအား တွေ့ရကြောင်း တစ်ရက်ထမင်း တနပ်သာ ကျွေးပြီး သံကြိုးများဖြင့် ချီနှောင်ထားကြောင်း အသက် ၁၄ မှ ၄၀ နှစ် အရွယ်များဖြစ်ပြီး Jehor, Terengannu, Rawang ဒေသများသို့ အလုပ်လုပ်စေခိုင်းခဲ့ကြောင်း .... 

၎င်းတို့ကို ထားရှိသည့် အခန်းသည် အပန်းဖြေစခန်း စီမံရေးရာမှ မြန်မာ လုပ်သားများအား ပေးထားသည့်ည အခန်းဖြစ်ကြောင်း ပြန်ပြေးဆွဲမှုတွင် အဓိကြိုးကိုင် တရာခံ အားနောက် ၃ နာရီ အတွင်း ဖမ်းဆီးမိပြီး ၁၉၆၁ ဥပဒေ ပုဒ်မ ၃ (၁) အရစစ်ဆေးနေကြောင်း သိရှိရသည်။ 

ပြန်ပေးဆွဲခံရသူ Nor Mohd က ၎င်းသည် လွန်ခဲ့သည့်သုံးရက်က Bukit Tinggi တွင် အလုပ်သွင်းပေးမည်ဟု လိမ်လည် ခံရကြောင်း ရွေးငွေ RM ,10000 မိသားစုက ပေးသော်လည်း မလွတ်မြောက်ကြောင်း Gombak ရဲစခန်းတွင် သတင်းထောက် များအား ပြောကြားခဲ့သည်ကို ယနေ့ထုပ် စတား သတင်းစာတွင် ဖော်ပြထားပါသည်။ 

Thutatuam 

နေဇော်လင်း 
Live Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။