Home » , » ထိုင်းတွင် အနီရောင် နိုင်ငံကူးလက်မှတ် စာအုပ် ပြုလုပ်ပေးမှု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ကန့်ကွက် ရန်ကုန်၊ နိုဝင်ဘာ ၂၀

ထိုင်းတွင် အနီရောင် နိုင်ငံကူးလက်မှတ် စာအုပ် ပြုလုပ်ပေးမှု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ကန့်ကွက် ရန်ကုန်၊ နိုဝင်ဘာ ၂၀

Written By MyanmarChnnel@ on Saturday, November 23, 2013 | 7:38:00 PM


ထိုင်းတွင် အနီရောင် နိုင်ငံကူးလက်မှတ် စာအုပ် ပြုလုပ်ပေးမှု ရွှေ့ပြောင်း အလုပ်သမား
 အခွင့်အရေး ကွန်ရက် ကန့်ကွက် ရန်ကုန်၊  နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မှု အများဆုံးဖြစ်သော ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ယာယီ နိုင်ငံကူးလက်မှတ်အစား မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် စာအုပ် (အနီရောင်) ပြောင်းလဲ ထုတ်ပေးမည့်အပေါ် လုပ်သားများ နစ်နာနိုင်သည့်အတွက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်က ယခုလအတွင်း ကန့်ကွက်ကြောင်း ယင်းအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးစိန်ဌေးက The Voice သို့ ပြောကြားသည်။

“ခုလို ယာယီ နိုင်ငံကူး လက်မှတ်ကို ဖျက်သိမ်းပြီး နိုင်ငံကူးလက်မှတ် စာအုပ် ထပ်လုပ်ပေးမယ် ဆိုရင် ပထမဆုံး အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ ပြရမယ်။ မလိုအပ်ဘဲ ငွေကုန် ကြေးကျ များမယ်။ အလုပ်သမားတွေ အားလုံး အခက်အခဲတွေ ကြုံရမယ်။ ဒါကို အမြတ်ထုတ်မယ့် ပွဲစားတွေ ရှိလာမယ်။ ပွဲစားတွေကို လုပ်ကျွေးနေသလို ဖြစ်ပြီး အလုပ်သမားတွေပဲ နစ်နာပါတယ်” ဟု ၎င်းကဆိုသည်။

ယာယီ နိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များကို မြန်မာနိုင်ငံကူး လက်မှတ် (စာအုပ်အနီ) ကို အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရုံးရှိ Complaint Mechanism မှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားသည်။

ထိုင်းနိုင်ငံ စမွတ်ပရာကန်ရှိ ရေထွက် ကုန်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်နေသူ ဦးအောင်သူက “အသစ်ပြန် လုပ်ဆိုလည်း လုပ်ရမှာပဲ။ ဘာမှ မတတ်နိုင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငွေကုန်၊ အချိန် ကုန်ရဦးမှာပဲ။ လုပ်ခက စာအုပ် လုပ်ရတာနဲ့ပဲ ဆပ်လို့မပြီးနိုင် ဖြစ်ရဦးမှာ။ ပွဲစားတွေကိုပဲ လုပ်ကျွေးကြတာပေါ့ဗျာ” ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း နှစ်သန်းကျော် သုံးသန်းခန့် ရှိပြီး ရွှေ့ပြောင်း အလုပ်သမား များကို တရားဝင် အလုပ်သမား ဖြစ်စေရန် မြန်မာ-ထိုင်း အစိုးရက ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး နိုင်ငံသား စိစစ်ခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့အထိ မြန်မာ အလုပ်သမား ၁ ဒသမ ၇ သန်းကျော် တို့ကို ယာယီ နိုင်ငံကူး လက်မှတ်နှင့် ဗီဇာများ ပြုလုပ်ပေးပြီး ဖြစ်ကြောင်းလည်း အဆိုပါ ကွန်ရက်ထံမှ
သိရှိရသည်။

                                           MWRN  (lwan saung)
                                           http://lwansulay.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။