Home » , » မည်သူတွေအတွက် ပါမစ်လုပ်ပေးမည့် အစီအစဉ်ဖြစ်သလဲ ? (Update of 6P)

မည်သူတွေအတွက် ပါမစ်လုပ်ပေးမည့် အစီအစဉ်ဖြစ်သလဲ ? (Update of 6P)

Written By မောင်စေတနာ on Sunday, October 20, 2013 | 9:44:00 PM

ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများကို တိကျ သေချာတဲ့ အချက်အလက်များဖြင့် သတင်းဌာနများ ၊ ကြော်ငြာချက်များ ၊ ကို အားလုံးစုစည်းကာ သတင်းတစ်ပုဒ် အဖြစ် အစဉ်တစိုက် တင်ဆက်ပေးခဲ့ပါသည် ။ 

ယခု ပါမစ် ပြုလုပ်ပေးမည့် အစီအစဉ်ကို ၂၁.၁၀.၂၀၁၃ စတင်ပြီဆိုသော အခါ မေးထားသော မေးခွန်းများစွာ မှာ အောက်ပါအတိုင်းဖြစ်သည် ။ အောက်ပါ အဓိက မေးခွန်း ၄ မျိုး ကို ကျွန်တော်တို့ထံ ယနေ့ စာ အစောင် ၁၀၀ ကျော်ဖြင့် မေးထားသည်ကို တွေ့ရသည် ။ 

ကျွန်တော်တို့ တွင်ရှိသော အထောက်အထား ၊ သတင်းဌာနများ၏ ကြော်ငြာချက်များ ၊ လဝက ဝန်ထမ်းများ၏ အဖြေများကို စုစည်းကာ ယခု သတင်းကို တင်ဆက်ပေးပါသည် ။ မေးခွန်းများမှာ ................ 

၁. အရင် 6P မှာ ပါမစ်မလျှောက်ထားတဲ့ အိုဗာစတေး သမားတွေအတွက် အကြုံးဝင်ပါသလား ။ 
၂.ပါမစ် ရရှိပြီး သူဌေး နှင့်အဆင်မပြေ၍ အိုဗာစတေး ဖြစ်သူတွေ ပြန်လျှောက်လို့ရနိုင်သလား ။ 
၃. 6P မှာ သူဌေးမပါပဲ အေးဂျင်းဖြင့် ပါမစ်တင်ထားသူများ မရသောသူများ အတွက် အကြုံးဝင်ပါသလား ။ ၄. မည်သည့်နေရာတွင် လုပ်ပေးပါသလဲ ၊ မည်သည့်အချိန် မည်သည့်ရက်အတွင်း လုပ်ပေးမှာဖြစ်ပါသလဲ ။ 
ထိုမေးခွန်းများကို ကျွန်တော်တို့ လိုက်လံစုံစမ်း ပြီးသလောက် ၊ အထောက်အထား အပြည့်အစုံဖြင့် မလေးရှားရောက် မြန်မာများ သိအောင် ကျွန်တော်တို့ ယခုကဲ့သို့ ရှင်းလင်းပေးပါသည် ။ 

အဖြေများ ..... ၁. ယခု ပြုလုပ်သည့် စီမံချက် သည် မလေးရှား နိုင်ငံတွင် ယခင်ပြုလုပ်ခဲ့သော 6P စီမံချက်၏ နောက်ဆက်တွဲသာဖြစ်သည် ။ထို 6P တွင်မပါဝင်ထားသောအခြား မည်သည့်သူကိုမျှ ယခု စီမံချက် ကာလတွင်  မဆောင်ရွက်ပေးပါ ။ နောက်နောင်  ဆောင်ရွက်ပေး မည်ဆိုပါက တင်ဆက်ပေးမည် ။ 

ယခု 6P တွင် လက်ဗွေ မနှိပ်ထားသော မည်သူမှ ပါမစ်မပေးပါ ။ ယခု စီမံချက်သည် 6P တွင်ပါဝင်သော Amnesty ၏ နောက်ဆက် တွဲသာဖြစ်သည် ။ မလေးရှား အာဏာပိုင်များ၏ ကြော်ငြာချက်မှာ အောက်ပါ  အတိုင်းဖြစ်သည် ။ 

Ref : Babama post , New Straight Time . PUTRAJAYA: EMPLOYERS with illegal workers can legalise them through an amnesty programme by the Home Ministry, starting on Monday. "This programme will coincide with the Integrated 6P Operations' registration exercise. There will be no new immigrant registration during the programme." For more information, they can visit www.moha.gov.my or contact the ministry's foreign workers' department at 03-8885 2940/2968. 

၂. ပါမစ်ရှိပြီး သူဌေး နှင့် အဆင်မပြေ၍ အိုဗာစတေးဖြစ်လာပါက ပါမစ်ပြန်လျှောက်၍ မရပါ ။ သူဌေး မှ ဥပဒေ ချိုးဖောက်ပြီး ပါမစ် သက်တမ်းမတိုးပေးသော အဖြစ်များ ၊ ပါမစ် ပြုလုပ်ပေးပြီး လစာ မှန်မှန်မပေးပဲ အနိုင်ကျင့်မှု့များ ၊ အလုပ်ချိန်ကို မလေးရှားဥပဒေ အရ အလုပ်လုပ်ရက် ၂၆ ရက်အတွက် အလုပ်ချိန် ၂၀၈ နာရီအတွက် အခြေခံလစာသည် မလေးရှား ရင်းဂစ် ၉၀၀ ဖြစ်သည်ကို အပြည့်အဝမပေး သည့်အဖြစ်အပျက်များရှိပါက မြန်မာသံရုံးရှိ အလုပ် သမားရေးရာ ကော်မရှင် တွင် သွားရောက်တိုင်ကြားပါ ။ ယခု အစီအစဉ်တွင် ပါမစ်ပြန်လည်  လျှောက်ထားနိုင်မည်မဟုတ်ပါ ။ 

၃. 6P တွင် သူဌေးဖြင့်မဟုတ်ပဲ အေးဂျင်းများဖြင့် ပါမစ် လျှောက်ထားပြီ ပါမစ်ဖိုး အပြည့်ပေး၍ ပါမစ် မရရှိခဲ့သူများ ယခု အစီအစဉ်တွင် အကျူံးဝင်ပါသည် ။ မိမိတို့ ဆောင်ရွက် ထားသော အေးဂျင်းအား ပေးထားသည့် ငွေ ပြေစာများ ၊ စာရွက်  စာတမ်းများဖြင့် အတူ ယခု ပြုလုပ်မည့် ပြည်ထဲရေး ဝန်ကြီးဌာန One-Stop Center တွင် မိမိလက်ရှိ  အလုပ်လုပ်နေသော သူဌေး အား ခေါ်ဆောင်ကာ သွားရောက် ဆောင်ရွက်နိုင်သည် ။ သူဌေး  မရှိပါက လုံးဝမရနိုင်ပါ ။ ယခင်  သူဌေးမရှိပေမည့် ယခု သူဌေးရှိရန်လိုသည် ။ သွားရောက် ဆောင်ရွက်နိုင်သည် ။ 

၎. မည်သည့် နေရာ မည်သည့် ဌာနတွင် ဆိုသည့်မေးခွန်းအတွက် မူ - မလေးရှားနိုင်ငံ ပြည်ထံရေး ဌာန အဆောက်အဦး ၊ အဆောင် D9 ( Complex D ) 4 လွာ ၊ ပူထရာဂျာရာ တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်းဆောင်ရွက်ရမည်ဖြစ်သည် ။ လဝက အဆောက်ဦး မဟုတ်ပါ ။ - အခြားမည်သည့်နေရာတွင်မှ မရနိုင်ပါ ။ 

The one-stop centre (OSC) The Home Ministry at Level 4, Block D9, Complex D, Federal Government administrative centre Putra Jaya. The centre will open from 8am to 5pm daily. 

Ref : Banama , New Straight Time , The Star 
 Source by : မလေးရှားရောက် မြန်မာများ Facebook
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။