အမည် - မဝေမာလင်း
အသက် - ၂၅ နှစ်
ပတ်စပို့ - M 984478
မြန်မာလိပ်စာ - အမှတ် ၉၃၊ သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ။
17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီး အနောက်ဘက် ၊ ပန်းဒန်းမယ်ဝတွင် အလုပ် လုပ်ကိုင်လျှက်ရှိသော မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း စကား အခြေအတင်များကြရာမှ
မကျေမနပ်ဖြစ်ကာ အခြားအမျိုးသမီးတစ်ဦးမှ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင် မဝေမာလင်း နှင့် သူမ၏ အမျိုးသား အလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက် တိုက်ခိုက်စေခဲ့ကြောင်း သိရပါသည်။
ထိုသို့ အခြားအမျိုးသမီးတစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည်။
အဆိုပါ တိုက်ခိုက်မှုအား စေခိုင်းသူ အပါအ၀င် ဓားဖြင့် ခုတ်သူ တရားခံ တချို့ကို ဖမ်းဆီးထားခဲ့ပြီး ကျန်လွတ်မြောက်နေသူများကိုလည်း ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။
ထို့အတူ မြန်မာသံရုံးမှ တာဝန်ရှိသူများမှာ ထိုဖြစ်ရပ်အတွက် ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့ သွားကာ မဝေမာလင်း နှင့် မောင်အောင်ဇော်ဝင်း တို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည် ။
တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက်တစ်ဖက် လုံးဝပြတ်ထွက်၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်းတွင် ဓားဖြင့် နှစ်ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါးနှစ်ဘက် ဓားဖြင့်ခုတ်ခံရ (ဒဏ်ရာကြီးမား) မေးရိုးပြုတ်ထွက် (အလူမီနီယံ အစားထိုးရမည်) ဖြစ်ကာ ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ပါသည်။
မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည် ခုခံသောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိသည်မှ လွဲပြီး ကြီးမားသော ဒဏ်ရာ မရရှိခဲ့ပါ။
မဝေမာလင်း နှင့် မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကုသ ခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ်အနေဖြင့် မေးရိုးဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေ အများအပြား ကုန်ကျခံရမည် ဖြစ်သည်။
လောလောဆယ် မေးရိုး အစားထိုးရန်အတွက် တစ်ဖက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် နှစ်ဖက်စာအတွက် ရင်းဂစ် ၄၀၀၀ ကျော်အား မပေးနိုင်ပဲ ရှိနေပါသည်။
မဝေမာလင်းအတွက် အလှူငွေ လိုအပ်လျှက်ရှိပါသည်။
ကျွန်တော်တို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ မဝေမာလင်းထံသို့ ကိုယ်တိုင်ကိုယ်ကျ ၂၃-၁၀-၂၀၁၃ ရက် နေ့က (ပထမအကြိမ်) သွားရောက် လှူဒါန်းပြီး ဖြစ်ပါသည်။ ယခု နောက်ထပ် (ဒုတိယအကြိမ်) ထပ်မံ သွားရောက် ကူညီလှူဒါန်းရန် ရှိပါသည်။
ကျွန်တော်တို့ နှလုံးလှ အသင်းကြီး နှင့်အတူ မဝေမာလင်း၏ ကျန်းမာရေး စောင့်ရှောက်မှုအား တတ်အားသရွေ့ ပါဝင်ကူညီ လှူဒါန်းနိုင်ရန် မဝေမာလင်းကိုယ်စား အကူအညီ တောင်းခံ အပ်ပါသည်။
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)
အမှတ် - ၂၃၊ သော်တာနဒီအပေါ်ထပ် (၄ လွှာ)
ဂျလန်း လီပို့ပူဒူး၊ ၅၀၀၅၀၊ ကွာလာလမ်ပူ၊ မလေးရှား။
ရုံးဖုန်း - 03 2022 1245
ကိုသက် - 017 2838 470
ကိုအော်စကာ - 016 6738 398
ဆန်းမင်းဦး - 016 3687 939
ကိုသက်နိုင်စိုး - 016 2471 397
ကိုဇော် - 010 5370 833
ကိုပြည်စိုး - 016 6080 357
ကိုမင်းသန်းဟိန်း - 010 260 1552
Email : lovelyheart.blooddonation@gmail.com
Wedsite : http://www.myanmarblooddonorkl.com/
နေဇော်လင်း
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/









.jpg?width=750)

0 comments:
Post a Comment