ဒုတိယသမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်သို့ရောက် ရှိနေသော စင်ကာပူ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၃၀ အစာအဆိပ်သင့်မှုတစ်ခု စက်တင်ဘာ ၂၄ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အဆိုပါကျောင်းသားများမှာ စင်ကာပူ နိုင်ငံတွင် လာရောက်ပညာသင် ကြားနေသည့် နိုင်ငံပေါင်းစုံ မှ ကျောင်းသား ၊ကျောင်းသူများ ဖြစ်ကာ ယင်းတို့အနက် ၁၂ဦး မှာ ယခုအခါ ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက် ရောက်ကုသနေရကြောင်း သိရသည်။
အဆိုပါ ကျောင်းသားများ မှာ စင်ကာပူနိုင်ငံ NG & EANN POLYTECHNIC မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကာ ယင်းတို့အဖွဲ့တွင် မြန်မာလူမျိုး
ဆရာမနှစ်ဦးနှင့် ဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ၃၃ ဦးဖြစ်ပြီး Orchid Hotel ၌ ၁ဝရက်တာ ဘွတ်ကင်ယူထား ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းတို့မှာ စက်တင်ဘာ ၂၃ရက်က မြန်မာနိုင်ငံ သို့ လေ့လာ ရေး ခရီးပုံစံမျိုးဖြင့် လာရောက် လည်ပတ်ရန်ရောက်ရှိခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၂၄ရက်တွင် ရန်ကုန်မြို့တွင်းသို့ သွားရောက် ခဲ့ကာ အပြင်စာများ စားသုံးလာရာမှ ယင်းနေ့ညတွင် ကျောင်းသား၊ ကျောင်းသူများ အားလုံးနီးပါး အစာအဆိပ်သင့်သည့် ပုံစံဖြင့် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပြီး စက်တင်ဘာ ၂၅ရက်တွင် ၁၂ဦးအား ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ချင်းဖြစ်ကြောင်း သိ့ရသည်။
Source by : http://www.yeyintnge.com/
0 comments:
Post a Comment