နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)မှ ဆဋ္ဌမအကြိမ်မြောက် သွေးလှူပွဲအခမ်းအနား ကျင်းပပြီးစီး
သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ်လှူဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူးကာ ၂၂-၉-၂၀၁၃(တနင်္ဂနွေနေ့) တွင် ဆဋ္ဌမအကြိမ်မြောက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနား အစီအစဉ်ကို နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး သွေးလာရောက် လှူဒါန်းသော သွေးအလှူရှင်များကို လိုအပ်သော အချက်အလက်များ ရေးသားခြင်း ၊
ဖောင့်ဖြည့်ခြင်း ကျန်းမာရေးစစ်ဆေးခြင်း စသည့်များကို ပြုလုပ်ခဲ့ကာ သွေးလှူ စေခဲ့ပါတယ်။
လက်ရှိ မလေးရှားနိုင်ငံရှိ ဆေးရုံတော်တော်များများမှာ သွေးအရမ်းလိုအပ်နေပါတယ်။ အခုလို နှလုံးလှ အသင်းကနေ ဦးဆောင်ပြီး သွေးလှူပွဲ ကျင်းပပေးပြီး လိုအပ်သော
သွေးတွေကို လှူဒါန်းတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီသွေးတွေကိုလည်း လိုအပ်တဲ့ နေရာတွေမှာ ကျွန်မတို့ အသုံးပြုသွားမှာပါ။
" အခုလို မြန်မာတွေလှူတဲ့ သွေးလှူဒါန်းပွဲကို ပထမဆုံးအကြိမ် လာရောက်ရတဲ့ အတွက် မြန်မာတစ်ယောက် အနေနဲ့ ကျွန်မဂုဏ်ယူမိပါတယ်။
ဒီလိုဆက်ပြီးတော့ ဘယ်လောက်ထိ မြန်မာများ စည်းလုံးတယ် ဘယ်လောက်ထိ စေတနာထားတယ် ဆိုတာ ဆက်ပြနိုင်ပါစေ။ နောက်ထပ်လည်း နှလုံးလှ အသင်းမှ သွေးလှူဒါန်းပွဲကို ဆက်လုပ်နိုင်ပါစေ " ဟု .... မလေး ရှားနိုင်ငံ မာလယာ ဆေးရုံတွင် တာဝန် ထမ်းဆောင် နေသော ဒေါက်တာ အေးအေးလှိုင်မှ ပြောခဲ့သည်။
အစ်ကို့တို့ အဖွဲ့က အခု အကြိမ်ဆို ဆဋ္ဌမအကြိမ်မြောက် ဖြစ်ပါတယ်။ မနက် ၉ နာရီကနေ စပြီးသွေး လှူဒါန်းတဲ့ အလှူရှင်တွေကို စနစ် တကျနဲ့ အဆင်ပြေပြေ
လှူဒါန်းနိုင်အောင် အစ်ကိုတို့ လုပ်ဆောင် ပေးထားပါတယ်။ " စုစုပေါင်း သွေးလှူရှင် ၃၂၇ ဦး လာရောက် လှူဒါန်းခဲ့ပါတယ်။ အဓိက အစ်ကိုတို့ မန်ဘာတွေ အများကြီးလည်း လှူဖြစ်ပါတယ်။
ဆဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေး အတွက် သွေး လာရောက် လှူဒါန်းတဲ့ အလှူရှင်များနဲ့ အဖက်ဖက်မှ ပါဝင်လှူဒါန်းကြသော
အလှူရှင်များ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း " နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုသက်မှ ပြောခဲ့ပါသည်။
ဆဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး သွေးလှူပွဲ လာရောက်ကြသောသူများအား အလှူရှင်များမှ ဒံပေါက် ၊လက်ဖက်ထမင်း ၊ ကိတ်မုန့် ၊ မိုင်လို ၊ အအေး ၊ ရေသန့် စသည့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ စုစုပေါင်း လူဦးရေ ၆၀၀ ကျော်လာရောက်ခဲ့သည်။ ညနေ ၃ နာရီ အချိန်တွင် နှလုံးလှ ပရဟိတ
လူငယ်များ သွေးလှူရှင် အသင်းသားများ အမှတ်တရ ဓာတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကို ၁၃.၁.၂၀၁၂ နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး အသင်း၏လုပ်ဆောင်ချက်များ အနေနဲ့ သွေးလှူဒါန်းမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ နာရေးကိစ္စများ ၊ အခြား ပရဟိတကိစ္စများကို ကူညီပေးလျက် ရှိနေသော အသင်းကြီး ဖြစ်ကြောင်း သိရှိရသည်။
နေဇော်လင်း
Free Live Online Radio Media (Malaysia)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment