Home » , , , , » မော်ဒယ်နိမ့်သော andriod ဖုန်းအတွက် Gtalk Voice and Video Call

မော်ဒယ်နိမ့်သော andriod ဖုန်းအတွက် Gtalk Voice and Video Call

Written By မောင်စေတနာ on Saturday, September 21, 2013 | 10:42:00 PM


သူငယ်ချင်းများကိုနည်း တခုပြောပြချင်ပါတယ် အခုကျနော်တို့ ဖုန်းတွင် အများဆုံးသုံး နေကြတဲ့Gtalk ဆိုတာပါပဲ..။ မော်ဒယ်နိမ့်သောဖုန်းတွေမှာ Gtalkကို ရိုးရိုးချက်တင် လောက်ပဲရကြပါတယ် ။call ချင်ရင်တော့ Vtalk တို့ Nimbuzz တို့ဖုန်းထဲinstallရပါတယ်။Vtalk က Voice and Video call ရပေမဲ့ချက်တင်နဲ့တခါတည်းတွဲသုံး မရတဲ့အတွက် နဲနဲရှုပ်ရပါတယ်..။

ဖုန်းကို rest setting လုပ်ရင်လည်း အဲကောင်တွေကပြုတ်ထွက်ပြီးပြန်အင်စစတောရပါတယ်..။ အခုကျနော်ပုံမှာပြတဲ့နည်းက ဘယ်တော့မှ မပြောက်ထွက်တော့ဘူး...။sumsang ဖုန်း S2 ၀ယ်ရင် အပြီးပါလာတဲ့ Talk ပုံစံမျိုးပါ..။ ကဲကျနော်တို့မော်ဒယ်နိမ့်တဲ့ galaxy W/Y/ACE/ACE Plus အစရှိတဲ့ဖုန်းတွင်လုပ်ကြရအောင်..။ စိတ်ဝင်စားရင်အောက်က ပုံစံကိုကြည့်ပြီးလိုက် လုပ်ရအောင်..............။

အရင်ဆုံးမိမိဖုန်းကို root လုပ်ရပါမည်...။root နည်းကဖုန်းတလုံးနှင့်တလုံးမတူတဲ့အတွက် တခုချင်းလိုက်ပြီးကျနော်မရှင်းပြတော့ပါဘူး...။ မလုပ်တတ်ရင် aung575@gmail.com နဲ့ zawmintan@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....။

ကျနော်ကတော့ ကျနော်root ဖူးတဲ့ဖုန်းလောက်ဆို ကောင်းကောင်းရှင်းပြနိုင်ပါတယ်....။ မိမိဖုန်းမော်ဒယ်နဲ့အွန်လိုင်းမှာ ရှာရင်လည်း အများ ကြီးပါ..။ကဲပြောနေတာနဲ့စာများသွားပြီ...။ root ပြီးရင်ကျနော်တို့စလုပ်ကြရအောင်....။အရင်ဆုံးအောက် ကဆောဝဲ ၃ ခုကိုဒေါင်းရအောင်.....။

ဒေါင်းပြီးရင်အရင်ဆုံးRootExplorerကိုinstallပါ...။ပြီးရင်ဆောဝဲကိုလန်းပြီးအာက်ကပုံကိုကြည့်ပြီးဆက်
သွားရအောင်....။


အရင်ဆုံးမျှားပြထားတဲ့အတိုင်း system ကိုသွား...။မ၀င်ခင်အပေါ်က Mount R/W ကို နှိပ်လိုက်ပါ R/O ဖြစ်သွားပါမယ်...။ ကျနော်အတိုခေါက်ပဲရှင်းတော့မယ်နော်ရေးရတာစာများလို့... system/app/ကိုဝင်ပြီးမျှားပြထားတဲ့ Talk.apk/Talk.cdex ကို delete လိုက်ပါ...။
ပြီးရင် ခုနကဒေါင်းထားတဲ့ Talk2.apk ကို system/app/ ထဲဝင်ပြီး paste ချလိုက်ပါ...။ အပေါ်ကပုံလိုတွေ့မှာပါ...။ နောက်ဆုံး အဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။

နောက်ဆုံး အဆင့်ကတော့ ခုနက  ဒေါင်းထားတဲ့ libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။ ပြီးရင်ဖုန်းကို restart ချလိုက်ပါ....။ကဲ...မျိုးကြီး သီချင်းလေးအော်ဆိုပေတော့.....။ ဖုန်းပြန်ပွင့်လာရင် မိမိGtalkဟာ အပေါ်ဆုံးမှာပြထားတဲ့ပုံလို ဖြစ်သွားပါပြီ...။ နီးစပ်ရာသို့အကောင့်ကိုခေါ်စမ်းကြည့်ပါ..Voice ရော Video call ပါရပြီ။....စာရေးရတာလည်း လက်ညောင်းပြီ......ေိေိ....:-p အဆင်မပြေရင် ကျနော့်အား ဆက်သွယ်မေးမြန်းနိုင်ပါသည်....။

မှတ်ချက်...။Talk 2.apk ကိုဘာမှမလုပ်ပဲ ဖုန်းတွင် ဒီအတိုင်းinstall မလုပ်ပါနှင့်..။သုံးမရပါ...။

Source by :http://www.zawminthan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။