Home » » သြဂုတ်လအတွက် ဗေဒင်ဟောစတမ်း (ဆရာ မင်းသိမ်းခိုင်)

သြဂုတ်လအတွက် ဗေဒင်ဟောစတမ်း (ဆရာ မင်းသိမ်းခိုင်)

Written By မောင်စေတနာ on Friday, August 2, 2013 | 11:07:00 PM


၁။ တနင်္ဂနွေ သားသမီးများအတွက် 

ယခုလအတွင်း ကံအခြေအနေ ကောင်းလည်း မကောင်း ဆိုးလည်း မဆိုးဖြစ်နေတတ်သည်။ လူကြီးတစ်ယောက် ၏ အကူအညီ ကြီးကြီးမားမား ရတတ်မည်။ ကောင်းသောခရီးများ သွားရတတ်သည်။ အလုပ်အကိုင်များ ပွင့်လန်းတိုးတက်မည်။ မထင်မှတ်ပဲ ပညာ အသစ်ရတ် သင်တန်းတက် ရတတ်မည်။ ရစရာ ပေးစရာ ငွေ အချို့ ကြန့်ကြာ နေတတ်သည်။ စက်ပစ္စည်းများ ပျက်ထွက် အသစ်လဲရခြင်း အရေးကြီးစာရွက်စာတမ်းပျောက် ခြင်းတိုက ကြုံတတ်မည်။ 

အနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ်ခြင်း ကြုံတတ်သည်။ သူများကိစ္စ ပြဿနာကို ကြားဝင်ခေါင်းခံ ဖြေရှင်းပေးရတတ်သည်။ အမှန်ဘက်ကနေ ငြင်းခုန် ရတတ်သည်။ အိုးအိမ် အဆောက်အဦး ဆောက်လုပ်ရေး အုတ်သဲကျောက် အိမ်ဆောက်ပစ္စည်း အိမ်ထောင်ပရိဘောဂ အုပ်ချုပ်ရေး ဥပဒေ ၊ အိမ်ခြံမြေ အကျိုးဆောင် ကြက်ဥ ဘဲဥ လုပ်ငန်းများ ၊ မြေပဲ ပြောင်း နှမ်း မြေယာ ဖယောင်း မုန့် ပန်းချီ ပန်းပု ပန်းထိမ် ဖုန်း ပညာ ဆရာ နှင့်ပက်သက်သော အလုပ်များ အထူး အကျိုးအောင်မြင်နိုင်သည်။ 

ကံကောင်းစေမည့် အရောင်များ - အနီ အပြာ အ၀ါ ရွှေရောင်များ ကံကောင်းစေမည့် ဂဏန်းများ - ၁ ၅ များများ ပါအောင်ထိုးပါ။ ကံကောင်းစေမည့် ယတြာ - အုန်းပင်အောင်တွင် အရှေ့ မြောက်အရပ် မျက်နှာမူ ဖိနပ်ချွတ် ရေသောက်ရင်း အလိုရှိရာများကို ဆုတောင်းပါ။ 

၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ကံ အခြေအနေ အသင့်အတင့် ရှိသည်။ အလုပ်များ တေ့လွဲ လွဲချော်နေတတ်သည်။ အဆုံးဖြတ်ချက် အမှားအယွင်းများ ချမိတတ်သည်။ သတိထားသင့်။ ငွေ အ၀င်နည်းပြီး ၀င်သလောက်ပြန်ထွက်နေတတ်သည်။ အကြီးအကဲ လူမျိုးခြား ဘာသာခြားများ ကူညီမစတတ်သည်။ အဖိုးတန် စက်ပစ္စည်း ၀င်လာတတ်သည်။ 

ဝမ်းသာစရာ သတင်းကောင်း ရောက်လာတတ်သည်။ အရာအားလုံးကို ငြီးငွေ့ စိတ်ကုန်နေတတ်သည်။ လူရင်းတွေက သစ္စာဖောက်တတ်သည်။ ရစရာ ပေးစရာငွေများ ကြန့်ကြာနေတတ်သည်။ စွန်စားရမယ့် အလုပ်များ မလုပ်သင့်ပါ။ ယခုလအတွင်း ဆန် ဆီ ဆေး ဆား စက်မှု စပ်တူ စားသောက်ကုန် စားသောက်ဆိုင် စက်ချုပ် စိုက်ပျိုးရေး စကားပြော စာပေ စသည့်လုပ်ငန်းများ အထူးကောင်းမွန် အထည် အလိပ် ထီး ဖိနပ် နာရီ ဥိးထုပ် လူမျိုးခြား နိုင်ငံခြား မီးလျှပ်စစ်အပူ ထီလုပ်ငန်းထုံးလုပ်ငန်း ၀န်ထမ်း အလုပ်များ အထူး အကျိုးပေး အောင်မြင်မည်။ 

ကံကောင်းစေမည့် အရောင်များ - အနီ အညို အနက် ဖြူနီကြားအရောင်များ ကံကောင်းစေမည့် ဂဏန်းများ - ၂ ၄ များများ ပါအောင်ထိုးပါ။ ကံကောင်းစေမည့် ယတြာ - ဇီးပင် (သို့) ညောင်ပင်အောက်မှာ အရှေ့တောင် အရပ် မျက်နှာမူ ဖိန်ပချွတ် အုန်းသီးစိပ် စားရင်း အလိုရှိရာကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းပါ။ 

၃။ အင်္ဂါ သားသမီး များ အတွက် 

ယခုလအတွင်း ကံတအားကောင်း နေသည်။ ငွေ အစုလိုက် အပုံလိုက် ရတတ်သည်။ အပြင်သွားရင်း ကြက်ခွပ် ကားတိုက် နတ်ကနား နိမိတ်များတွေ့ပါက ငွေဝင်လာမည်။ အလှူ မင်္ဂလာ ကိစ္စများ စကားပြော စီစဉ်ရတတ်သည်။ လူမျိုးခြား ဘာသာခြား ကူညီမစမည်။ မထင်မှတ်တဲ့ ဧည့်သည်မျိုးတွေ ရောက်လာမည်။ လူကြီး တစ်ယောက်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရတတ်သည်။ ကောင်းသော ခရီးများသွားရတတ်သည်။ သတင်းကောင်းများ ကြားရမည်။ 

ယခုလအတွင်း အဖိုးတန် အထည်အလိပ် ထီးဖိနပ် နာရီများ လက်ဆောင်ရတတ်သည်။ အရေးကြီးစာရွက် စာတမ်း ပျောက်တတ်သည်။ လူရင်းတွေက ဒုက္ခပေးတတ်သည်။ ယခုလအတွင်း ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပျူတာ ကွမ်းသီး ကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများနှင့် သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ အကျိုးပေးမည်။ 

ကံကောင်းစေမည့် အရောင်များ - အဖြူ အနက် အပြာ ညိုမှိုင်းသော အရောင်များ ကံကောင်းစေမည့် ဂဏန်းများ - ၃ ၆ များများ ပါအောင် ထိုးပါလေ။ ကံကောင်းစေမည့် ယတြာ - ကံ့ကောက်ပင် အောက်တွင် အရှေ့အရပ်ကိုမျက်နှာမူ ဖိနပ်ချွတ်၍ ဒိန်ချဉ်သောက်ရင်း အလိုရှိရာကို တ၀ကြီး ဆုတောင်းလိုက်ပါ။ 

၎။ ဗုဒ္ဓဟူး သားသမီးများ အတွက် 

ယခုလအတွင်း ရုတ်တရက် ဘ၀ တစ်ဆစ်ချိုးမြင့်တက် ပြောင်းလဲသွားနိုင်သည့် အဆက်အသွယ် ကောင်းများ အခွင့်အလမ်း ကောင်းများ ပေါ်လာမည်။ ထီပေါက်သလို ငွေ အစုလိုက် အပုံလိုက် ဝင်လာမည်။ အဖိုးတန် စက် ပစ္စည်းများ ဝင်မည်။ ပညာအသစ်ရရှိမည်။ ပညာရေးနှင့် ပက်သက်သော သင်တန်းများ တက်ရမည်။ မထင်မှတ်တဲ့ နေရာက မထင်မှတ်တဲ့ ပုံစံ မျိုးနှင့် ငွေဝင်မည်။ မိတ်ဆွေရင်း ဆရာရင်းများ၏ အကူအညီ ကောင်းများ ရရှိမည်။ 

အိမ်ထောင်မရှိ သေးသူများ အိမ်ထောင်ကျ တတ်သည်။ စိတ်ညစ်ရမယ့် ဧည့်သည်မျိုး ရောက်လာ တတ်သည်။ ငွေ ပစ္စည်း အနည်းငယ် ပျောက်ရှမှုဖြစ်မည်။ လူကြီး တစ်ယောက်ကြောင့် စိတ်ညစ်ရတတ်သည်။ ယခုလအတွင်း မြေပဲ ပြောင်း နှမ်း မြေယာ ဖယောင်း မုန့် ပန်းချီ ပန်းပု ပန်းထိမ် ဖုန်း ပညာ ဆရာ နှင့်ပက်သက်သော အလုပ်များ အထူးအကျိုးအောင်မြင်နိုင်သည်။ 

ကံကောင်းစေမည့် အရောင်များ - အညို အ၀ါ အဖြူ ကံကောင်းစေမည့် ဂဏန်းများ - ၇ ၄ များများ ပါအောင်ထိုးပါလေ။ ကံကောင်းစေမည့် ယတြာ - ပိတောက်ပင်အောက်မှာ အနောက်တည့်တည့်မျက်နှာမူ၍ ဖိနပ်ချွတ် ဇီးယို စားရင်း အလိုရှိရာကို စိတ်ထဲ တ၀ကြီး ဆုတောင်းပါ။ 

၅။ ကြာသပတေး သမီးများ အတွက် 

ယခုလအတွင်း ကံဇာတာ အခြေအနေ အသင့် အတင့် ရှိသည်။ အလုပ်များ တေ့လွဲ လွဲချော်နေတတ် သည်။ ယခုအချိန်တွင် ဆုံးဖြတ်ချက်များ အမှားအယွင်းများ ချမိတတ်သည်။သတိထားသင့်သည်။ ငွေ အ၀င်နည်းပြီး ၀င်သလောက် ပြန်ထွက်နေမည်။ အကြီးအကဲ လူမျိုးခြား ဘာသာခြားများ ကူညီမစတတ်သည်။ အဖိုးတန် စက်ပစ္စည်း ၀င်လာတတ်သည်။ ၀မ်းသာစရာ သတင်းကောင်း ရောက်လာမည်။ ဘာလုပ်လုပ် အရာအားလုံးကို ငြီးငွေ့ စိတ်ကုန် နေတတ်သည်။ အလုပ်လုပ်ကိုင် ရာတွင် လူရင်းတွေက သစ္စာဖောက်တတ်သည်။ 

ရစရာ ပေးစရာငွေများ ကြန့်ကြာနေမည်။ စွန်စားရမယ့် အလုပ်များ မလုပ်သင့်ပါ။ ဆန် ဆီ ဆေး ဆား စက်မှု စပ်တူ စားသောက်ကုန် စားသောက်ဆိုင် စက်ချုပ် စိုက်ပျိုးရေး စကားပြော စာပေ စသည့်လုပ်ငန်းများ ယခုလအတွင်း အထူးကောင်းမွန်အကျိုးပေး အောင်မြင်နိုင်သည်။ 

ကံကောင်းစေမည့် အရောင်များ - အနီ အညို အနက် ဖြူနီကြား အရောင် များ ကံကောင်းစေမည့် ဂဏန်းများ - ၁ ၆ များများ ပါအောင်ထိုးပါ။ ကံကောင်းစေမည့် ယတြာ - ဇီးပင် (သို့) ညောင်ပင်အောက်မှာ အရှေ့တောင်အရပ် မျက်နှာမူ ဖိနပ်ချွတ်၍ အာလူးကြော် စားရင်း အလိုရှိရာကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းလိုက်ပါ။ 

၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း ကံဇာတာ အခြေအနေ အလယ် အလတ်တွင်ရှိနေသည်။ လုပ်သလောက်သာ အကျိုးအမြတ် ဖြစ်ထွန်းနိုင်သည်။ အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲ များ ကြုံရတတ်သည်။ ဘာသာရေး ပုံတော်များ လက်ဆောင်ရရင် ငွေရတတ်သည်။ ရွှေ အ၀င်အထွက်ရှိသည်။ ငွေကြေးအတွက် စိတ်ပူရတတ်သည်။ အလုပ်အကိုင် ရည်ရွယ်ချက်များ မတင်မကျ ဖြစ်တတ်သည်။ ယခုလအတွင်း အိမ်တွင်းရေး စိတ်အနှောက်အယှက် ဖြစ်ရတတ်မည်။ ဘာမှန်းမသိပဲ အလုပ်တွေ ရှုပ်နေတတ်သည်။ 

စိတ်လေ စိတ်ရှပ်ထွေးပြီး ဆုံးဖြတ်ချက် အမှားများ ချမိတတ်သည်။ ယခုလအတွင်း အထည်အလိပ် ၊ ထီး ၊ ဖိနပ် ၊ နာရီ ၊ ဦးထုပ် လူမျိုးခြား ၊ နိုင်ငံခြား ၊ မီးလျှပ်စစ်အပူ ၊ ထီလုပ်ငန်း ၊ ထုံးလုပ်ငန်း ၊ ၀န်ထမ်း အလုပ်များ ၊ အလှအပ ၊ အနုပညာ ၊ ရွှေ ၊ ယဉ် ၊ ရထား ၊ ရေလုပ်ငန်း ၊ ရေသန့် ၊ လက်ဖက်ရည် ၊ အအေး ၊ အရက် ၊ဘီယာ ၊ ယိုစုံ ၊ စသည့်လုပ်ငန်းများ အထူးအကျိုပေး အောင်မြင်နိုင်သည်။ 

ကံကောင်းစေမည့် အရောင်များ - အနက် ၊ အ၀ါ ၊ ရွှေရောင် ၊ အစိမ်းရောင်များ ကံကောင်းစေမည့် ဂဏန်းများ - ၃ ၅ များများ ပါအောင်ထိုးပါ။ ကံကောင်းစမည့် ယတြာ - ထန်းပင် (သို့) ဒန်းပင်အောက်မှာ အနောက်တောင်အရပ် မျက်နှာမူ ဖိနပ်ချွတ်ပြီး ပဲကြီးလှော်စားရင်း အလိုရှိရာများကို တ၀ကြီး ဆုတောင်းပါလေ။ 


၇။ စနေ သားသမီးများအတွက် 

ယခုလအတွင်း ကံဇာတာ ကောင်းနေသည်။ အလုပ်အကိုင်များကို ရည်ရွယ်ချက် ရှိသမျှရဲရဲ လုပ်သင့်သည်။ ငွေဝင်ကိန်း ရှိသည်။ အစုလိုက်အပုံလိုက် ၀င်လာတတ်သည်။ ရောက်လေရာ အလုပ်တိုင်းနေရာတိုင်မှာ ကူညီမစမယ့် သူများနေတတ်သည်။ မထင်မှတ်ပဲ လူကြီးတစ်ယောက်ထံမှ အကူအညီကောင်းများ ရတတ်သည်။ 

အဖိုးတန် ရတနာ ရွှေ လက်ကောက် ၀င်လာမည်။ အောက်လက်ငယ်သား ငယ်ရွယ်သူများကို အကြောင်းပြု၍ စိတ်ချမ်းသာ ရတတ်သည်။ ပြဿနာဟောင်း ပြန်ပေါ်တတ်သည်။ မိတ်ဟောင်း ဆွေဟောင်းများ နှင့်လည်း ပြန်တွေ့ရမည်။ လူကြီး တစ်ယောက်ထံမှ ထင်မှတ်မထားသော အကူအညီကောင်းတွေ ရတတ်သည်။ မိတ်ဆွေရင်းများ ကြောင့် စိတ်ညစ်ရတတ်သည်။ 

စိတ်မပါပဲ ခရီးသွားရတတ်သည်။ စက်ပစ္စည်းများ ပျက်ထွက် အသစ်လဲရတတ်သည်။ ယခုလအတွင်း အိုးအိမ် အဆောက်အဦး ဆောက်လုပ်ရေး အုတ်သဲကျောက် အိမ်ဆောက်ပစ္စည်း အိမ်ထောင်ပရိဘောဂ အုပ်ချုပ်ရေး ဥပဒေ အိမ်ခြံမြေ အကျိုးဆောင် ကြက်ဥ ဘဲဥ လုပ်ငန်းများ အထူး အကျိုးပေး အောင်မြင်မည်။ 

ကံကောင်းစေမည့် အရောင်များ - အဖြူ အစိမ်း အနီ ဖြူနီကြား အရောင်များ ကံကောင်းစေမည့် ဂဏန်းများ - ၉ ၇ များများ ပါအောင်ထိုးပါ။ ကံကောင်းစေမည့် ယတြာ - ၀ါးပင်အောက်မှာ အရှေ့အရပ်မျက်နှာမူ ဖိနပ်ချွတ်၍ ကရေကရာမုန့် စားရင်း အလိုရှိရာများကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းပါ။ 

အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့်ရင်း 
ဆရာ မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။