Home » , » ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော ရဲဘော်များအား အလေးပြုပါတယ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော ရဲဘော်များအား အလေးပြုပါတယ်

Written By မောင်စေတနာ on Friday, July 19, 2013 | 12:37:00 PM

 

ငါတို့နဲ့တစ်သားထဲရှိခဲ့တဲ့ဝိညာဉ်တွေ 

==================== 

ကောင်းကင်ပျောက်နေတဲ့ငှက်တွေ
လေဆန်နိုင်ဖို့ 
သူတို့ရှိရှိသမျှ အားနဲ့တွန်းဖွင့်ခဲ့ 
လင်းပွင့်လာတဲ့ လွတ်လပ်မှုမှာ 
သူတို့မဟာ အင်အားတွေပေးဆပ်ခဲ့ကြ 
အဖိုးအနဂ္ဃထိုက်တဲ့နှလုံးလှ ပိုင်ရှင်တွေ

ဒါ..ငါတို့ပြည် ဒါ..ငါတို့မြေ 
ဒါ..ငါတို့ ရေ ၊လေ၊သယံဇာတတွေ ။ 
ကိုယ်ပိုင်ဂီတတွေဟစ်ကြွေးနိုင်မယ့်အသံပေါက်များ 
သူတို့နှင်းအပ်ထားခဲ့ကြတာ ဒီနေ့ထိ 
ငါတို့ အသိတရားထဲ သူတို့ပုံရိပ်တွေ 
စွဲထင်ကျန်နေတုန်း 
သူတို့လက်ရုံးရည်တွေ 
တိုးပွားတွန်းကန်နေတုန်း ။ 

တစ်မိုးလုံးဖျောက်ဆိပ်ဖြစ်ခဲ့တဲ့ ကာလဆိုးကြီးက
မြန်မာ့ရုပ်သွင်ကို မီးမောင်းထိုးပြခဲ့တာ 
သူတို့မဟာ အာဇာနည်ကြီးတွေ ။ 
သူတို့ မကျိုးကြေဘူး ယုံတယ် 
သူတို့ မကုန်ဆုံးဘူး သေချာတယ်။

သူတို့နှလုံးသွေးတွေ 
ရဲရဲတောက်ခဲ့တာ ငါတို့ အတွက် 
သူတို့ပို့လွှတ်ခဲ့တဲ့အိပ်မက်တိတ္ထုံကျမ်းမှာ 
ငါတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်းပီပြင်ခဲ့ရ 
သူတို့ကျခံခဲ့တဲ့ ဒုက္ခငရဲဆိုတာ 
ငါတို့နှလုံးသားထက်မှာ လွတ်လပ်ခြင်း တွေဖူးပွင့်စေဖို့ပဲ

ကဲ..ဘယ်သူငြင်းမလဲ 
သူတို့အသည်းနလုံးတွေဟာ 
အများသုံးအချစ်မှတ်တမ်း တွေဖြစ်ခဲ့တဲ့အကြောင်း 
ဘယ်သူစောဒကတက်မလဲ သူတို့သွေးနီစက်တွေဟာ 
ငါတို့မြန်မာနိုင်ငံကို ချွေးသုတ်ပေးခဲ့တဲ့အကြောင်း
သမိုင်းဟောင်းဆိုပြီးမကြည့်လို့မရဘူး သူတို့ဟာ 
ငါတို့နဲ့တစ်သွေးတစ်သားထဲရှိခဲ့ကြ 
မြန်မာ့လွတ်လပ်ရေးဝိညာဉ်တွေ ။ 

Source by :(ဆရာ ရတုသစ်)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။