Home » , , » မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၆) ရုပ်သံဖိုင်

မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၆) ရုပ်သံဖိုင်

Written By မောင်စေတနာ on Sunday, May 5, 2013 | 11:16:00 AM



မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား အရေးပေါ် သတိပေးချက်(၁၆) 

ယနေ့ မလေးရှားနိုင်ငံအတွင်း ရွေးကောက်ပွဲ ရှိနေသဖြင့် ဆူပူမှုများ ရှိနေပါသည်။ ၅.၅.၂၀၁၃ နှင့် ၆.၅.၂၀၁၃ ရက်နေ့များတွင် အပြင်ထွက်ခြင်းများကို သတိထားကြဖို့ အသိပေးအပ်ပါသည်။ အခုနောက်ဆုံးသတင်းအရ ကလန်းဖက်တွင် ဆူပူမှုများ ရှိနေပြီး ကေအယ်တွင် အနည်းငယ် မျှသာပြသာနာများ ရှိနေကြောင်း သိရှိရသည်။ 

မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာများအားလုံးကို အသိပေးအပ်ပါသည်။ ယခုအချိန်တွင် မလေးရှားနိုင်ငံအတွင်း ရွေးကောက်ပွဲရှိနေသည့်အတွက် အပြင်ထွက်ခြင်းများကို သတိထားပြုရန် မလေးရှားနိုင်ငံထုပ် သတင်းစာများနှင့် လက်ကမ်းစာစောင်များကို အင်္ဂလိပ်ဘာသာ ၊ မလေးဘာသာ ၊ ဟိန္ဒူသာဘာဖြင့် အသိပေးဖော်ပြပေးထားပြီးလည်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံအတွင်း ရွေးကောက်ပွဲ ရှိနေပါသဖြင့် 5.5.2013 ၊ 6.5.2013 ရက်နေ့များတွင် အပြင်ထွက်ခြင်းကို ရှောင်ပါရန် အထူးအသိပေးအပ်ပါသည်။ 

ယခုအချိန်တွင် မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် သတိထားရမည့် အချိန်လည်း ဖြစ်သည်။ ထိုကြောင့် 5.5.2013 ၊ 6.5.2013 ရက်နေ့များတွင် မလေးရှားနိုင်ငံအတွင်း နေရာဒေသ အသီးသီးတွင် သွားရောက်လုပ်ကိုင်နေသော နိုင်ငံသားများ မဖြစ်မနေ မွေးရပ် နေရာများသို့ပြန်မည်ဖြစ်သလို ၊ ပိုဆောင်ရေးနေရာများဖြစ်သော လေယာဉ်ဆိပ် ၊ ကားဂိတ် ၊ ရထားဘူတာ ၊ ဟိုင်းဝေးလမ်းများတွင် အလွန်ရှုတ်ယှက်ခတ် နေမည်ဖြစ်သလိုပို့ ဆောင့်ရေး ကြန့်ကြာနေမည်ဖြစ်သည် ။ 

5.5.2013 ၊ 6.5.2013 ရက်နေ့သည် မလေးရှားနိုင်ငံ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ နေ့ဖြစ်တာကြောင့် ယခင်နှစ်များနှင့်မတူ ထူးခြားစွာ ယှဉ်ပြိုင်မည့် ရက်ဖြစ်တာကြောင့် မလေးရှားရောက် မြန်မာများ မလေးရှား နိုင်ငံရောက် မြန်မာများ အတွက် သတိပေး လိုက်ပါသည်။ ယခုအချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် အဖမ်းခံရပါက ထောင်ဒဏ်နှင့် ငွေဒဏ် ရင်းဂစ် ၅၀၀၀ အထိ ပေးဆောင်ရမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အနေအထိုင် ၊ အသွားအလာ ဆင်ခြင်ကြပါ။ ဖြစ်နိုင်ရင် ထိုနေတွင် မိမိတို့အိမ်မှာပဲနေကြဖို့ အသိပေးအပ်ပါသည်။ 



မလေးရှားနိုင်ငံရောက် မြန်မာများ အားလုံး ဘေးရန် ကင်းဝေး ကြပါစေ .....

မလေးရှားရောက် မြန်မာများအတွက် မလေးရှားသတင်းများကို အောက်ပါလိပ်စာတွင် ဝင်ရောက်ဖတ်ရှုပါ။

http://www.malaysiaonlineradiomedia.com/search/label/Malaysia 

နေဇော်လင်း
Free Online Radio Media (Malaysia News)
 http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။