
မလေးရှားမှ ရွှေမြန်မာများ ဖုန်းဝယ်ရင် သတိထားရန် ....
ကျွန်တော် သူငယ်ချင်းနဲ့ စလန်ဗန်း termanal (1)
ကုန်တိုက်မှာ ဖုန်းဝယ်ဖို့ သွားကြပါတယ် ....
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ နောက်ဆုံးဆိုင် တစ်ဆိုင်မှ
ကြိုက်တဲ့ ဖုန်းတွေ့တော့ ဈေးညှိကြတယ် ....
sony phone memory 2gb အကုန်ပြီးRM 400 နဲ့ ရတယ်ဆိုပြီး
ဖြတ်ပိုင်းမှာ ရေးပြီးပိုက်ဆံတောင်းတယ်။
ပိုက်ဆံပေးပြီး နောက်
မောင်မင်းကြီးသား လူလိမ်ကစာရွက်ယူပြီးနောက်ထပ် register
လုပ်ရမယ် ...
ဟိုဟာထည့်ရမယ် ဆိုပြီး ငွေ RM 250 ထပ်တောင်းတယ်။
ကျွန်တော်လဲ ဒေါတထွက်ပြီး ဖုန်းမယူဘူး ပိုက်ဆံပြန်ပေးဖို့ 
တောင်းတယ်သူကမပေးဘူး .....
ဒီမှာ အကုန်ရေးပြီးသွားပြီတဲ့ ....
နောက် ... သူနဲ့ ကျွန်တော်စကားများ ကြတယ်။ နောက်သူငယ်ချင်းက
ရန်ဖြစ်မှာ စိုးလို့ မပြောနဲ့ တဲ့ သူတောင်းတဲ့ ပိုက်ဆံထပ်မပေးနိုင်တာနဲ့
နောက်ဆုံး မကောင်းတဲ့ ဖုန်းကို RM 50 ထပ်ပေးပြီးယူခဲ့ ရတယ်။
မခံချင်ပေမဲ့သူတို့ လူမျိုးတွေရဲ့ လိမ်လည်မှုကို သိသိနဲ့ ခံခဲ့ရပါတယ်။
အရင်ကလဲ သူငယ်ချင်းတယောက် အဲလိုပဲ ခံခဲ့ရပါတယ်။ ကေအယ်မှာဆို ဒီထက်ပိုဆိုးပါတယ်။ သတိထားကြပါ။
နေ့စဉ် မလေးရှားမှ ရွှေမြန်မာများ နောင် ကျွန်တော့်လိုမျိုး အလိမ်မခံရအောင်
ဒီစာလေးကို ဖတ်ပြီး အတုယူကြလို့ အသိပေးချင်ပါတယ်။
မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ ဘေးရန်ကင်းဝေး ပါစေ သူငယ်ချင်း အားလုံး ပျော်ရွှင် ကြပါစေ။
သန်းကျော်မြင့် (မလေးရှား) ပေးပို့ပါသည်။
နေဇော်လင်း
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment