Home » , , » ကဆုန်လပြည့်နေ့ အထိမ်းအမှတ် အသံမစဲမဟာပဌာန်းပွဲ ကျင်းပမည်

ကဆုန်လပြည့်နေ့ အထိမ်းအမှတ် အသံမစဲမဟာပဌာန်းပွဲ ကျင်းပမည်

Written By မောင်စေတနာ on Monday, May 20, 2013 | 9:46:00 PM



၁၄.၄.၂၀၁၃ တနင်္ဂနွေနေ့က ကျင်းပခဲ့သော မေတ္တာဝိဟာရ ရွှေကျောင်း(ကာဂျန်း) ကျောင်းတော်ကြီး၏ (၅) နှစ်ပြည့် မင်္ဂလာပွဲတော် ကျောင်းမြေလှူဒါန်းပွဲတော် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သို့ ကျောင်းဒါယိကာ ဒါယိကာမ အဖြစ်ခံယူပြီး ကျောင်းမြေလှူဒါန်းကြသည့် ရပ်ဝေး ရပ်နီး အသီးသီးမှ အလှူ့ရှင်များ မောင်ရင်းနှမ ယဉ်ကျေးသိမ်မွေ့စွာ နှစ်သစ်တူးပို့ ဂီတသံ တို့ဖြင့် မေတ္တာရေစင် ပက်ဖြန်းပေးကြသော သင်္ကြန်ချစ်သူများ စတုဒီသာ စားဖွယ်မျိုးစုံ လှူဒါန်းကြသော အလှူ့ရှင်များ အဘက်ဘက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးကြသော ဓမ္မမိတ်ဆွေများ အားလုံးကို အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 

ပထမအရစ်အနေဖြင့် ကျောင်းတော်ကြီး မြေအလှူအား အောင်မြင်ပြီးစီးခဲ့ပါပြီး၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ကျောင်းတော်ကြီးအတွင်း ကိန်းဝပ် စံပ္ပါယ်လျှက်ရှိသော ဗုဒ္ဓရုပ်ပွားတော်များ (၅)ရက်တိုင်တိုင် အသံမစဲ မဟာပဌာန်းကျမ်း တော်ကြီးဖြင့် ရွတ်ဖတ်ပူဇော်၍ ဗုဒ္ဓပူဇနိယပွဲ ပြုလုပ်ခြင်း ဗောဓိပင်နှင့် ရှစ်မျက်နှာ ဗုဒ္ဓ ရုပ်ပွားတော်များ (၇) ရက်သားသမီးများ ကံလာဘ်ပွင့်စေရန် နံ့သာရေစင်များဖြင့် ညောင်ရေသွန်း လောင်းခြင်း (၇) ရက်သားသမီး ကျောင်းအလှူရှင်များမှ ဆရာတော်အား ကျောင်းလှူဒါန်းခြင်း ရွှေမေတ္တာဒိုး အဖွဲ့မှ အောင်စည်အောင် မောင်းတီး၍ စုပေါင်းရေစက်ချ အမျှဝေသံကို သာဓုခေါ်ဆိုခြင်း အစီအစဉ်များ ပြုလုပ်မည်ဖြစ်ပါ၍ ရပ်ဝေးရပ်နီးမှ အလှူ့ရှင်များအား အကြောင်းကြား အသိပေး နှိုးဆော်အပ်ပါသည်၊၊ 

အစီအစဉ်များ နေ့ရက်။ ၂၂.၅.၂၀၁၃ ဗုဒ္ဓဟူးနေ့မှ ၂၆.၅.၂၀၁၃ တနင်္ဂနွေနေ့အထိ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပါမည်။ ၂၄.၅.၂၀၁၃ သောကြာနေ့ ၊ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရှစ်မျက်နှာ ရုပ်ပွားတော်များအား ညောင်ရေသွန်းလောင်းမင်္ဂလာပြုလုပ်ပါမည်။ 

၂၆.၅.၂၀၁၃ နေ့ (၁၃ ၀၀) နာရီတွင် ပဌာန်းသိမ်းအောင်ပွဲ နှင့် ကျောင်းလွှတ်လှူဒါန်းပွဲ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအား ဧည့်ခံကျွေးမွေးခြင်း စသည့်များကို ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား ဖိတ်ကြားအပ်ပါသည်။ 

အကျိုးတော်ဆောင်များအဖွဲ့ 
၀၃ ၈၇၃၃၇ ၇၄၃၊ ၀၁၁ ၁၅၁၀၁ ၃၉၁ 

နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။