Home » , , , » နှလုံးလှ သွေးလှူရှင်အဖွဲ့မှ ပဉ္စမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အင်တာဗျူး (ရုပ်သံဖိုင်)

နှလုံးလှ သွေးလှူရှင်အဖွဲ့မှ ပဉ္စမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အင်တာဗျူး (ရုပ်သံဖိုင်)

Written By မောင်စေတနာ on Tuesday, April 9, 2013 | 12:53:00 PM



မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ ပရိတ်သတ်များအာလုံး မင်္ဂလာပါ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးအားလုံးအတွက် အကျိုးပြုနေသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့နှင့် အင်တာဗျူး အစီအစဉ်လေးကို မေးမြန်းတင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကို ၁၃.၁.၂၀၁၂ နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အသင်း၏လုပ်ဆောင်ချက်များ အနေဖြင့် သွေးလှူဒါန်းမှုများနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ နာရေးကိစ္စများ ၊ အခြား ပရဟိကိစ္စများကို ကူညီပေးလျက် ရှိနေပါတယ်။ 

မြန်မာ နှစ်ဆန်း (၁) ရက်နေ့ ၁၇-၄-၂၀၁၃ ရက်နေ့တွင်လည်း (ပဉ္စမအကြိမ်) စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပဉ္စမအကြိမ် သွေးလှူဒါန်းပွဲနဲ့ ပက်သက်ပြီး နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းမှ ဥက္ကဌ ဦးသက်နှင့် တွေ့ဆုံပြီး အင်တာဗျူး အစီအစဉ်လေးကို အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။ ရုပ်သံဖိုင်တွင် အင်တာဗျူး အစီအစဉ်အား ကြည့်ရှုနိုင်ပါသည်။ 



နေဇော်လင်း
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။