Home » , » မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၄)

မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၄)

Written By မောင်စေတနာ on Tuesday, April 30, 2013 | 8:45:00 AM



မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား အရေးပေါ် သတိပေးချက်(၁၄)

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျား လာမည့်  (5.5.2013)ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ၅ နှစ်တကြိမ် ကျင်းပသော ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပါသည်။

လက်ရှိအနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့ အားပြိုင်ကြမည့် ပွဲဖြစ်ပါသည်။ ယ္ခင် ကြုံဖူးခဲ့ သောရွေး ကောက်ပွဲများနှင့် မတူ ပဲ ပြည်သူလူထု အတွင်းစိတ်ဝင်စားမူ့ အများဆုံးနှစ်ဟု ဆိုနိုင်ပါသည်။ လက်ရှိ အာဏာရ ပါတီအပေါ် နှစ်သက်သူများ ရှိသလို အတိုက်အခံပါတီ အပေါ် နှစ်သက်သူဦး ရေတိုးတက်လာသောနှစ်ဟုလည်းဆိုနိုင်ပါသည်။

၎င်းရွေးကောင်ပွဲ ကာလအတွင်း မလေးရှားပြည်သူများ ရွေးကောင်ပွဲအတွက် ၄င်းတို့၏နိုင်ငံအရေး အတွက် လူစုလူဝေးနှင့် သွားလာ လှုပ်ရှားကြမည်မှာ အသေခြာပင်ဖြစ်ပါသည် အနိုင်နှင့် အရှုံးရှိပါလိမ့်မည်။ ကျေလည်မှု မကျေလည်မှုများလည်း ရှိလာနိုင်ပါသည်။ 

ထိုနေ့သည် တနင်္ဂနွေနေ့ဖြင့် တိုက်ဆိုင်နေသည့် အားလျှော်စွာပြည်ပ မှလာရောက် အလုပ်လုပ်ကိုင်နေကြရသော ကျွန်တော်တို့၏ အားလပ်ရက်နှင့်လည်း တိုက်ဆိုင်နေပါသည်။ အားလပ်ရက်တွင် အလည်အပါတ်ထွက်တတ်ကြသော ညီအကို မောင်နှမများအား ထိုရက်တွင်ဖြင့် အပြင် ထွက်လည်ပါတ်ခြင်းအား ရှောင်ကျဉ်ကြစေ လိုပါသည်။ 

အိမ်ရှင်နိုင်ငံသားများအား အလေးထားရာ ရောက်စေသလို မိမိထံသို့ မလိုလားအပ်သော အရာများ မကျရောက်စေရန်လည်း ထိမ်းသိမ်း ကာကွယ်ပြီးဖြစ် နေစေရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသား အပေါင်း ဘေးကင်းရန်ကွာရှိကြပါစေ .... 

မိမိလူမျိုးမိမိနိုင်သားတို့ အန္တာရာယ် ကင်းရှင်းစေရေး မိမိ အသိဖြင့် မိမိသာ ဖြန့်ဝေကြပါကုန် 

 လေးစားစွာဖြင့် 
 အောင်(နီလိုင်း) 
၂၇.၄.၂၀၁၃ 

ယခုနှစ်ရွေးကောင်ပွဲအတွက် မဲပေးမည့် မလေးရှားနိုင်ငံသား အားလုံးသည် မိမိတို့မွေးဖွားကြီးပြင်းသည့် မြို့များသို့ ပြန်လည်ကာ မဲပေးကြရမည်ဖြစ်သည် ။ ထိုသို့နေရပ်ပြန် (Home town)ခရီးအတွက် ခွင့်မပေးသော အလုပ်ရှင်များရှိပါက ထောင်တစ်နှစ် နှင့် ဒဏ်ငွေ 5000 ၊ မဲပေးမည့် နိုင်ငံသားများအပေါ် နှောက်ယှက်ဟန့်တားမှုများရှိပါက တည်ဆဲ ဥပဒေများအတိုင်း တရားစွဲဆိုခံရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ အမျိုးသားရွေးကောက်ပွဲ ကော်မတီမှ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အဆိုပါ ဥပဒေကြောင့် လာမည့် 5.5.2013 တွင် မလေးရှားနိုင်ငံနေရာဒေသ အသီးသီးတွင် သွားရောက်လုပ်ကိုင်နေသော နိုင်ငံသားများ မဖြစ်မနေ မွေးရပ် နေရာများသို့ပြန်မည်ဖြစ်သလို ၊ ပိုဆောင်ရေးနေရာများဖြစ်သော လေယာဉ်ဆိပ် ၊ ကားဂိတ် ၊ ရထားဘူတာ ၊ ဟိုင်းဝေးလမ်းများတွင် အလွန်ရှုတ်ယှက်ခတ် နေမည်ဖြစ်သလို ပို့ဆောင့်ရေး ကြန့်ကြာနေမည်ဖြစ်သည် ။ 

ဆက်လက်ပြီး အထက် ဘလော့ပါ သတိပေးချက်ဖြစ်သည့် 5.5.2013 ရက်နေ့သည် မလေးရှားနိုင်ငံ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ နေ့ဖြစ်တာကြောင့် ယခင်နှစ်များနှင့်မတူ ထူးခြားစွာ ယှဉ်ပြိုင်မည့် ရက်ဖြစ်တာကြောင့် မလေးရှားရောက် မြန်မာများ ပဲလှော်ကြား ဆားညှပ်မဖြစ်ရလေအောင် ခရီးထွက်ခြင်း ၊ အပြင်ထွက်ခြင်းများ မဖြစ်မနေမှ သာ ပြုလုပ်ကြရန် မလေးရှား နိုင်ငံရောက် မြန်မာများ အတွက် သတိပေး လိုက်ပါသည်။ 

 နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

Source by : အောင်(နီလိုင်း) ဧဒင်ဥယျာဉ်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။