
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ)၏ (ပဉ္စမအကြိမ်) စုပေါင်းသွေးလှူဒါန်းပွဲနှင့် ပက်သက်ပြီး အင်တာဗျူး အစီအစဉ် (ရုပ်သံဖိုင်)
မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို မြန်မာနှစ်သစ်ကူး
နှစ်ဆန်းတစ်ရက်နေ့တွင် Chinese Assembly Hall (တရုတ်တန်းခမ်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို နံနက် ၉ နာရီမှ စတင်ကာ သွေးလာရောက်လှူဒါန်းကြသော သွေးအလှူရှင်များကို
လိုအပ်သော ကျန်းမာရေး အချက်အလက်များကို စစ်ဆေးပြီး
သွေးလှူဒါန်းမှုများကို တာဝန်ရှိသူ ဆရာ ဆရာမများမှ
ပြုလုပ်ခဲ့ပါသည်။
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ သွေးလှူုဒါန်းပွဲများကို
ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ် ၊ စတုတ္ထအကြိမ်နှင့်
ယခု ပဉ္စမအကြိမ် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့ပါသည်။
ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ပြီး သွေးအလှူရန်အတွက် စရင်းပေးထားသူများ (၄၁၀)
အထိရှိခဲ့ပြီး အချိန်ကန့်သတ်ချက်ရှိပါဖြင့် (၃၄၀) ဦးသာသာလှူခွင့်ရခဲ့ကြောင်း
သိရှိရပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ
သွေးလှူရှင်အဖွဲ့ကို ၁၃.၁.၂၀၁၂ နေ့တွင် စတင်ဖွဲ့စည်း
တည်ထောင်ခဲ့ပြီး အသင်း၏လုပ်ဆောင်ချက်များ အနေနဲ့
aသွးလှူဒါန်းမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ နာရေးကိစ္စများ ၊
အခြား ပရဟိတကိစ္စများကို ကူညီပေးလျက် ရှိနေသော
အသင်းကြီး ဖြစ်ကြောင်း သိရှိရသည်။
နေဇော်လင်း
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment