Home » , , , » မလေးရှားနိုင်ငံရောက် (ယာမကာချစ်သူ) ရွှေမြန်မာများ အားလုံးအတွက် အရေးပေါ် သတိပေးချက်

မလေးရှားနိုင်ငံရောက် (ယာမကာချစ်သူ) ရွှေမြန်မာများ အားလုံးအတွက် အရေးပေါ် သတိပေးချက်

Written By မောင်စေတနာ on Monday, March 25, 2013 | 1:09:00 PM



(မလေးရှားနိုင်ငံရောက် (ယာမကာ) ချစ်သော ရွှေညီအစ်များ အထူး သတိထားဖို့ အသိပေးချက်ပါ။) 

Facebook ပေါ်မှာ စိတ်မချမ်းသာ စရာတွေနဲ့ ပြည်နှက်နေတဲ့ အချိန်မှာ ဒီသတင်းတွေကို ကျွန်တော် တင်လိုစိတ် မရှိပါဘူး။ ကျွန်တော်တို့ မှီခိုလုပ်ကိုင် စားသောက်နေကြရတဲ့ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လကစလို့ မြန်မာနိုင်ငံသား   အချို့ အရက် သောက်ပြီး သေဆုံးနေကြ ပါတယ်။

သေဆုံးပုံတွေ ကလည်း ၃ယောက် ၊ ၂ယောက် ၊ တစ်ယောက် နေရာ ဒေသကွဲ ပြားပြီး သေဆုံးနေကြပါတယ်။  ဒီနေ့သောက် နောက်နေ့သေ ၊ ဒီညသောက် ဒီညသေတွေ ဖြစ်နေပါတယ်။ အရက်ထဲမှာ လူသေစေ လောက်တဲ့ အဆိပ်ပါနေလို့ သေရတာပါ။ ဒီအရက်တွေဟာ လိုင်စင်မဲ့ ခိုးထုပ်နေတဲ့ အရက်တွေဖြစ်ပါတယ်။ 

ဒီနိုင်ငံသားတွေရဲ့ ဈေးကွက်မှာဖြန့်ချီလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေသာ ဝင်ထွက်သွားလာ စားသောက်နိုင်တဲ့ မြန်မာလူမျိုးများဖွင့်လှစ်ထားတဲ့ မြန်မာဆိုင်တွေကိုသာ ဖြန်ချီထားတာဖြစ်ပါတယ်။ ဒါကြောင့် သေစရာရှိ မြန်မာနိုင်ငံသား အရက်သောက် တတ်သူများသာ သေနေကြပါတယ်။ ခုဆိုရင် သေနှုန်းက ပိုမြင့်လာနေပါပြီ။ 

ကျွန်တော်တို့လည်း လက်လှမ်းမှီသလောက် ရောက်လေရာတွေမှာ ဒီသတင်းတွေကို ပြောပြနေကြပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသိပေးဖို့ ဆိုတာလက်လှမ်းမမှီပါဘူး။ မလေးရှားမှာ လစဉ် အပါတ်စဉ်ထုပ်နေတဲ့ ဂျာနယ်တွေထဲမှလည်း အကျယ်တဝင့် ဖေါ်ပြတာကို မတွေ့မိသေးပါဘူး။ 

ဒီနေ့လည်း တစ်ယောက် သင်္ဂြိုလ်လိုက်ရပြန်ပါပြီ မလေးနိုင်ငံရှိ နာရေးကူညီမှုအသင်းတွေနဲ့ အတူ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဌ ဦးဆန်းဝင်းလည်း နားချိန်အိပ်ချိန်တွေတောင် မမှန်လောက်အောင်ဖြစ်နေပါပြီ ဆိုတော့ ကျွန်တော် စိတ်ပိုပူနေမိတာကတော့ မကြာခင် ရောက်လာတောမဲ့ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်မှာ သောက်တတ်စားတတ်သူတွေ သောက်ကြစားကြပါလိမ့်အုန်းမယ်။

ဒီအရက်တွေကလည်း ဘယ်ဒေသတွေအထိပြန့်နှံ့ နေတယ်ဆိုတာ မူရင်းဖြန့်ချီသူတွေတောင် မသိနိုင်လောက်တော့ပါဘူး ..... အရက်တွေဖြန့်ချီနေတဲ့ သူတွေကို ကျွန်တော်ပြောချင်တာက စီးပွားရေးလုပ်ပြီး သူများတွေကို ဒုက္ခမပေးဖို့ ပြောချင်ပါတယ်။ အရက်စပ်တာတွေ ကျွမ်းကျင်မှု မရှိပဲ လုပ်တတ်သလုပ်ပြီး စီးပွားရှာနေရင် အရက်သောက်တဲ့ မြန်မာတွေပဲ အသက်ပေးရလိမ့်မယ်။ အရင်က ဘာမှမကြားမိပါဘူး ။ 

အခုလထဲမှာ မလေးရှားမှာ ထုတ်နေတဲ့ တံဆိပ်အတုကပ်ပြီး အရက်အတုတွေ သောက်မိပြီး သေသူတွေ များလာပါတယ်။ ဘယ်နေရာတွေမှာ ဘယ်သူတွေသောက်မိလေမလည်းဆိုတဲ့ စိုးရိမ်စိတ်ကြောင့်သာ ဒီစာကိုကျွန်တော် ရေးရခြင်းသာပါ။ ဒီစာကိုဖတ်မိတဲ့ မိတ်ဆွေတိုင်းကိုလည်း အကူအညီတောင်းလိုပါတယ်။ အချိန်တိုတိုအတွင်းမှာ ဒီသတင်းလေးပြန့်နှံ့ သွားရလေအောင် ဝိုင်းဝန်း Share ပေးကြစေလိုပါတယ်။ 

မလေးရှားမှာရှိနေတဲ့ ခင်ဗျားတို့ရဲ့ ဆွေမျိုးမိတ်ဆေ အပေါင်းအသင်းတွေကိုလည်း စာနှင့်ဖြစ်စေ ဖုန်းဆက်၍ ဖြစ်စေအချိန်မှီ အသိပေးကြစေ ချင်ပါတယ်။ ခုလိုသေဆုံးမှုတွေ ဖြစ်ပေါ်နေတဲ့ နေရာတွေကတော့ ပူချွန်း ၊ ဘလက်ကောင်း ၊ ချဲ့ရပ် ၊ ကလန်တန်းပြည်နယ်တွင်း ၊ စကင်ဂျမ်း ၊ ကာဂျန်း စတဲ့နေရာတွေမှာ အဖြစ်များပြီး သေဆုံးနေကြပါတယ်။

မြန်မာနိုင်ငံသားများ အားလုံး ဘေးအန္တရာယ် ကင်းရှင်းနိုင် ကြပါစေလို့ ရည်ရွယ်ပါသည်။ 

လေးစားစွာဖြင့် 
အောင်(နီလိုင်း) 
Kyaw Khaing 

အောင်(နီလိုင်း) ရေးသားပေးပို့သော အထက်ပါ အသိပေးချက်အား မှန်ကန်သောကြောင့် သတင်းအချက်အလက်များကို စာလုံးပေါင်းအနည်းငယ် ပြင်ဆင်ပြီး ပြန်လည် တင်ပြအပ်ပါသည်။ 

Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/search/label/Malaysia
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။