
မြန်မာ ပရိတ်သတ်များ အသည်းစွဲတဲ့ နန်းတွင်း သမားတော် ဇာတ်ကားမှာ ချန်ဂင်အဖြစ် သရုပ်ဆောင်ခဲ့သူ တောင်ကိုရီယား မင်းသမီး လီယောင်အေး ဟာ မြန်မာနိုင်ငံ ကအမျိုးသမီးငယ်များကို စောင့်ရှောက် ကူညီပေးနေတဲ့ မယ်သီလရှင် ကျောင်းတခုကို အလှူငွေ ထည့်လိုက်ပါတယ်။
TheChosunIlbo လစဉ်ထုတ် မဂ္ဂဇင်းရဲ့ WomanChosun ဆိုတဲ့ ချိုဆမ် အမျိုးသမီး အစီအစဉ် တခုမှာ တနင်္လာနေ့က ဖော်ပြတာပါ။
အရှေ့တောင် အာရှ နိုင်ငံ တခုလည်းဖြစ်တဲ့ မြန်မာက အဆိုပါ မယ်သီလရှင် ကျောင်းကို အလှူငွေ ထည့်ဖို့ အတွက် မင်းသမီး လီယောင်အေးက မဂ္ဂဇင်းမှာသူ့ရဲ့သရုပ် ဆောင်ကြေးတွေကို ပူးပေါင်းဆောင်ရွက်တဲ့ အနေနဲ့ မယူပဲ အခုလို လွှဲပြောင်းပေးလိုက်တာပါ။
“မြန်မာနိုင်ငံက မိန်းကလေးငယ်လေးတွေကို အကူအညီပေးနေတဲ့ မြန်မာ မယ်သီလရှင် ကျောင်းတခု အကြောင်း ရိုက်ကူး ပြသတဲ့ “ Asia Hunter” ဆိုတာကို TV Chosun မှာ ကြည့်လိုက်ရပြီး ကျမလှူဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ လီယောင်အေးက ပြောလိုက်တာပါ။
ဒီအလှူငွေတွေကို မြန်မာ အမျိုးသမီး ငယ်လေးများကို ထိမ်းသိမ်း စောင့်ရှောက် ပေးနေတဲ့ မယ်သီလရှင် ကျောင်းမှာ ပညာသင်ကျောင်း ဆောက်လုပ်ဖို့နဲ့ ကလေးတွေကို ထောက်ပံ့ ကူညီပေးဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။
Source by :Royal Hero Media
0 comments:
Post a Comment