Home » , , » Save The Aged ပရဟိတအသင်း မလေးရှားအဖွဲ့ခွဲမှ (၃)နှစ်ပြည့်အခမ်းအနား အစီအစဉ်ကျင်းပ

Save The Aged ပရဟိတအသင်း မလေးရှားအဖွဲ့ခွဲမှ (၃)နှစ်ပြည့်အခမ်းအနား အစီအစဉ်ကျင်းပ

Written By မောင်စေတနာ on Sunday, February 3, 2013 | 3:02:00 PM



Save The Aged မလေးရှားအဖွဲ့ခွဲ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များအသင်း (မလေးရှား)၏ (၃)နှစ်ပြည့် အခမ်းအနား အစီအစဉ်ကို ၃.၂.၂၀၁၃ (တနင်္ဂနွေနေ့)တွင် ငြိမ်းချမ်းအေး ဓမ္မရိပ်သာကျောင်း (ဘလက်ကောင်းရှိ တမင်းဂျာရာ)တွင်ကျင်းပပြုလုပ်ခဲ့သည်။ 

Save The Aged၏ အစီအစဉ်ကို နေ့လည် ၁၁ နာရီတွင်စတင်ခဲ့ကာ ပထမဦးစွာ ဆရာတော် အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး တရားတော်ကို နာယူခဲ့ကာ လှူဖွယ်ဝတ္ထူများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြုပြုသမျှပရဟိတ ကုလိုလ်ကောင်းမှုများကို ရေစက်သွန်းချ အမျှတန်းပေး ဝေခဲ့သည်။ 

ကျွန်တော်တို့ အသင်းရဲ့ ပင်မကတော့ ရန်ကုန်မှာပါ။ ပြည်ပမှာတော့ မလေးရှား ၊ စင်္ကာပူမှာတော့ အသင်းခွဲအနေနဲ့ရှိပါတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ အသင်းမရှိပေမဲ့ မန်ဘာတွေရှိပါတယ်။ ဒီနေ့ ၃နှစ်ပြည့်အခမ်းအနားကို ကျွန်တော်တို့တွေ မအားလပ်ပေမဲ့လည်း ပြီးမြောက်အောင် ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနေ့အစီအစဉ်အတွက် အဖက်ဖက်က ပါဝင်ကူညီ ဆောင်ရွက်ပေးကြသော သူများကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ 

အခုလို မလေးရှားကို ရောက်နေကြတဲ့ ရွှေမြန်မာတွေ ကိုလည်း မြန်မာနိုင်ငံအတွက် တစ်ထောင့်နေ တစ်နေရာကနေ ပရဟိတကိစ္စတွေကို လုပ်ဆောင်ကူညီကြဖို့ တိုက်တွန်းပါတယ်ဟု Save The Aged သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များအသင်း မလေးရှားတာဝန်ခံ ကိုနေလင်းမှဆိုသည်။ 

Save The Aged ၏(၃)နှစ်ပြည့် အခမ်းအနား အစီအစဉ်ကို နေ့လည်၁နာရီအချိန်တွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအစီအစဉ်ကို စတင်ခဲ့ပြီး ၎င်းနောက် Save The Aged အသင်း၏ တာဝန်ခံဟောင်း ကိုရဲနိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ခံအသစ် ကိုနေလင်းမှ Save The Aged အသင်းကြီး စတင်ဖြစ်ပုံပေါ်လာခဲ့ပုံနှင့် အသင်း၏ စည်းကမ်းချက်များ လုပ်ဆောင်ချက် များကို အသေးစိမ် ရှင်းလင်း ပြောကြားခဲ့ပြီး ယခုလက်ရှိ မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် ဆောက်လုပ်မည့် ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးအတွက် ပြောဆိုအသိပေးခဲ့သည်။ 

ဆက်လက်၍ အသင်း တာဝန်ခံများ ဖြစ်ကြသော ကိုအေးမင်းစိုး ၊ ကိုဝင်းကြိုင် ၊ ကိုသန့်ဇင်မောင် ၊ မနုရင်ထွေး ၊ ကိုဇော်မျိုးဌေး စသည့်များမှ Save The Aged အသင်းကြီးမှ လုပ်ဆောင်ချက်များ စောင့်ရှောက်ပေးနေသော အဖိုးအဖွားများ အကြောင်း ၊ ပရဟိတပြုလုပ်မှုများ အကြောင်း စသည့်များကို အသေးစိပ်ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှု အသင်းကြီးမှ $300 အားလှူဒါန်းခဲ့ရာ အလှူရှင် အသီးသီးအား တာဝန်ခံများမှ ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် အသင်းတာဝန်ခံ ကိုမျိုးညွန့်မှ ယနေ့ပြုလုပ်သော ၃နှစ်ပြည့် အခမ်းအနားအတွက် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသော သူများအားလုံးကို ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ညနေ ၃နာရီအချိန်တွင် ၃နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အဖွဲ့ဝင်များအားလုံး မွေးနေ့ကိတ်ပြိုင်တူလှီးကြကာ Save The Aged ပရဟိတအသင်း၏ သီချင်းကိုစုပေါင်း သီဆိုကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။




နေဇော်လင်း(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။