Home » , » မလေးရှားရောက် ရွှေမြန်မာများအား တရုတ်နှစ်သစ်ကူး အထူး သတိပေးချက်(၁၀)

မလေးရှားရောက် ရွှေမြန်မာများအား တရုတ်နှစ်သစ်ကူး အထူး သတိပေးချက်(၁၀)

Written By မောင်စေတနာ on Saturday, February 9, 2013 | 11:59:00 AM



ယခု အချိန်တွင် တရုတ်နှစ်သစ်ကူး အချိန်ဖြစ်သောကြောင့် ကေအယ် ကိုတာရာယာ တစ်ဝိုက်တွင်လည်း စည်းကားလျက် ရှိနေပါသည်။ ကေအယ် ကိုတာရာယာရှိ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင်လည်း မြန်မာဆိုင် တော်တော်များများကိုလည်း အော်ပရာဇီဝင်(စစ်ဆေးေ ရး) များ ဝင်ရောက်စစ်ဆေးလျက် ရှိနေပြီး အထောက်အထား မခိုင်လုံပါက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ညနေပိုင်း ၆ နာရီနောက်ပိုင်း အချိန်များတွင် ကိုတာရာယာ ရထားဂိတ် ၊ ကားဂိတ် ၊ လမ်းထောင့်များ ၊ ချိုင်းနားတောင်း  ၊ ပါစာစီနီး ၊ မိုင်ဒင်း ၊ မြန်မာဆိုင်တန်း ဖက်များတွင် ရဲများ နှင့် ရေလာများ ၊ နှင့်   အစုလိုက် ရှိနေတတ်ပြီး ခရီးသွား လာသူများကို စစ်ဆေးကာ အထောက်အထား မခိုင်လုံပါက ဖမ်းဆီးပြီး ငွေတောင်းတတ်ကြောင်း သိရှိရသည်။

အကြောင်း အမျိုးမျိုးကြောင့် ကေအယ်သို့ သွားလာပါက လိုအက်သော စာရွှက်စာတမ်းများ အထောက်အထား ခိုင်လုံစွာဖြင့် သွားလာကြပါရန် အသိပေးအပ်ပါသည်။ ကေအယ် အနီးတစ်ဝိုက်တွင် နံနက်ပိုင်း အချိန်များနှင့် ညနေပိုင်း အချိန်တွင် ကိုတာရာယာ ကုန်တိုက် အနီးနှင့် ကေအယ်မြန်မာ ဆိုင်များ တည်ရှိရာ လမ်းထောင့် များတွင် ယခင်ထက် ရဲများပေါများနေပြီး ခရီးသွားလာ နေသူများကို စစ်ဆေးပြီး ငွေတောင်း တတ်ပါသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် ကေအယ်၍ အခြား နေရာများသို့ သွားလာပါက သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။ 

 

 နေဇော်လင်း 
 (မလေးရှား အွန်လိုင်း ရေဒီယို ဖရီး မီဒီယာ) 


News Information & Online Radio Media (Malaysia News)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။