
GSM/ WCDMA မိုဘိုင်းလ်ဖုန်းများကို ဒီဇင်ဘာလ အတွင်း ဈေးကွက်မှ ပြန်လည်သိမ်းယူ ခဲ့ပြီးနောက် မြန်မာ့ဆက်သွယ်ရေးရုံး များတွင် မူလဈေးနှုန်းအတိုင်း ရောင်းချပေးနေရာမှ ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆိုပါဖုန်းများ ရောင်းချပေးနေခြင်း ရပ်ဆိုင်း လိုက်သဖြင့် ဈေးကွက်အတွင်း မိုဘိုင်းလ်ဖုန်း လိုင်းကတ် ပြတ်လပ် ခဲ့ပြီး ဈေးပြန်မြင့် လာကြောင်း ပြည်တွင်းဖုန်း အရောင်းဆိုင် များထံမှ စုံစမ်းသိရှိရသည်။
ဈေးကွက်အတွင်း လိုင်းကတ်ပြတ်တောက် မှုကြောင့် မူလကျပ် နှစ်သိန်းတန် GSM ဖုန်းမှာ ကျပ် နှစ်သိန်းလေးသောင်း အထိ ဈေးပေါက်ခဲ့ပြီး အဆိုပါ လိုင်းကတ်မှာ အသစ်ဖြစ်သော်လည်း အမည်ပေါက် ရရှိမည် မဟုတ်ကြောင်း ပန်းဘဲတန်းမြို့နယ်ရှိ ဖုန်းအရောင်း ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
သို့သော် လိုင်းကတ်လက် ကျန်မှာ အနည်းငယ်သာ ရှိသဖြင့် ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ပြီး ဖုန်းအရောင်းဆိုင် အများစုတွင် လိုင်းကတ် လက်ကျန် မရှိသဖြင့် ဖုန်းအရောင်းအဝယ် ရပ်တန့်နေကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ “ဘာလိုင်းကတ်မှ ရောင်းစရာမရှိဘူး။ အခုက လက်ရှိဖုန်းကတ်ကို လိုချင်တဲ့သူလည်း ရှိတယ်။ ဈေးနှုန်းသစ်ကို စောင့်နေတဲ့သူလည်း ရှိတယ်။
ဆက်သွယ်ရေးက ဟိုနေ့ရောင်းမယ်၊ ဒီနေ့ရောင်းမယ်။ ဈေးဘယ် လောက်လျှော့မယ် ဆိုတာတွေက လောလောဆ ယ် လေထဲမှာပဲ ရှိပါသေးတယ်” ဟု ပန်းဘဲတန်းမြို့နယ်မှ အမည်မဖော်လိုသူ ဖုန်း အရောင်းဆိုင်ရှင် တစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက GSM/ WCDMA လက်ကျန် လိုင်းကတ်များကို ဈေးကွက် အတွင်းမှ သိမ်းယူခဲ့ပြီးနောက် ဈေးနှုန်း သစ်ထွက်ပေါ်ရန် ကြန့်ကြာ နေသဖြင့် ၄င်းတို့၏ ဆက်သွယ် ရေးရုံးများတွင် မူလနှုန်းထား အတိုင်း ပြန်လည် ရောင်းချ ပေးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရပ်ဆိုင်း လိုက်ခြင်းမှာ ဈေးနှုန်းသစ်ဖြင့် ချထား ပေးရန် အဆင်သင့်ဖြစ်နေသည့် အရိပ် လက္ခဏာဖြစ်ကြောင်း ပြည်တွင်း ဖုန်းအရောင်းဆိုင်များက သုံးသပ်ပြောကြားသည်။
Source by :International Social Network Myanmar
0 comments:
Post a Comment