Home » , » ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် အသုံးမပြုတော့သည့် လေယာဉ်တစ်စီးအား အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည်

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် အသုံးမပြုတော့သည့် လေယာဉ်တစ်စီးအား အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည်

Written By မောင်စေတနာ on Tuesday, February 26, 2013 | 5:55:00 PM



ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် ပြေးဆွဲအသုံးပြုခြင်း မရှိတော့သည့် ခရီးသည်တင် လေယာဉ်တစ်စီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ရာ ယင်းလေယာဉ်ကို ပြည်သူ့ရင်ပြင် အတွင်း ထားရှိကာ အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါလေယာဉ်မှာ Fokker F27 အမျိုးအစား လေယာဉ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် ည ၁၀ နာရီ ခွဲခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်သူ့ရင်ပြင်အတွင်းသို့ သယ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပြည်သူ့ရင်ပြင်သို့ ရောက်ရှိခဲ့သည်။ 

လက်ရှိတွင် ပြည်သူ့ရင်ပြင်အတွင်း ထားရှိကာ ပြင်ဆင်တပ်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ပြီးစီးပါက အများပြည်သူတို့အား ပြသသွားမည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူတစ်ဦးက "ပို့ဆောင်ရေး ၀န်ကြီးဌာနက အသုံးမပြုတော့တဲ့ လေယာဉ်အဟောင်းကို မြို့တော်စည်ပင်ကို လွှဲပြောင်းပေးခဲ့တာပါ။

လေယာဉ်ကို လေဆိပ်ကနေသယ်တဲ့အခါမှာ အတောင်ပံတွေဖြုတ်ပြီး သယ်ခဲ့ရတာဆိုတော့ လက်ရှိ ပြည်သူ့ရင်ပြင်ထဲမှာထားပြီး အတောင်ပံတွေ ပြန်တပ်မယ်။ လေယာဉ်အထဲက ထိုင်ခုံတွေလည်း ပျက်စီးနေပြီဆိုတော့ ဒါတွေကို ပြန်ြုပင်ရမယ်။ အဲဒီ လုပ်ငန်းတွေကို ပို့ဆောင်ရေးကပဲ ကူညီပြီး လုပ်ကိုင်ပေးသွားမှာ ဖြစ်တယ်။

အားလုံးပြီးပြီ ဆိုရင်တော့ အများပြည် သူကြည့်နိုင်အောင် ပြပေးမယ်။ လေယာဉ်အတွင်း ထဲအထိ ၀င်ကြည့်လို့ရမယ်" ဟု ပြောသည်။ အဆိုပါ လေယာဉ်အား ပြည်သူ့ရင်ပြင်အတွင်း ယခင်ကြိုးတံတားဟောင်းနှင့် အလုံလမ်းရှိ နက္ခတ်တာရာပြခန်းအနီးတွင် ထားရှိပြသပေး သွားမည် ဖြစ်သည်။

ပြည်သူ့ရင်ပြင်အတွင်း လက်ရှိတွင် ရှေးဟောင်း ရထားတစ်စီး၊ လမ်းကြိတ်စက် တစ်စီးနှင့် ရှေးဟောင်း အမြောက်များကို အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ပြသပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 
Source by :EMG
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။