
ဆေးရုံပေါ်မှ ဒေါ်ခင်ဝင်းအတွက် ပါဝင်ကူညီ လှူဒါန်းနိုင်ပါသည် .....
လူနာအမည် - ဒေါ်ခင်ဝင်း အသက် - ၆၂ နှစ် ရောဂါ - ဆီးချို၊ နှလုံး ၊ သွေးတိုး ဆေးရုံ - ဆာဒန်းဆေးရုံ၊ မလေးရှားနိုင်ငံ။ ဒေါ်ခင်ဝင်းဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆာဒန်းဆေးရုံကြီးမှာ နာမကျန်းဖြစ်၍ ဆေးရုံ တက်ရောက် ကုသပြီး ရောဂါခံစားနေရသည်မှာ တစ်လတိတိ ပြည့်ခဲ့ပါပြီ။
လူနာအမည် - ဒေါ်ခင်ဝင်း အသက် - ၆၂ နှစ် ရောဂါ - ဆီးချို၊ နှလုံး ၊ သွေးတိုး ဆေးရုံ - ဆာဒန်းဆေးရုံ၊ မလေးရှားနိုင်ငံ။ ဒေါ်ခင်ဝင်းဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆာဒန်းဆေးရုံကြီးမှာ နာမကျန်းဖြစ်၍ ဆေးရုံ တက်ရောက် ကုသပြီး ရောဂါခံစားနေရသည်မှာ တစ်လတိတိ ပြည့်ခဲ့ပါပြီ။
ဒေါ်ခင်ဝင်းဟာ ပထမအကြိမ် လေငန်း ရောဂါ ကုသပြီးမှ မပျောက်သေးဘဲ ဆီးချို၊ နှလုံး ထပ်မံ ဖြစ်တာကြောင့် ယခုအကြိမ် ထပ်မံ ဆေးရုံတက်ရခြင်း ဖြစ်ပါတယ်။ ဒေါ်ခင်ဝင်းရဲ့ သမီးမှာလည်း အကြိမ်ကြိမ် ကုန်ကျစရိတ် များလာသောအခါ သူမရဲ့ သူဋ္ဌေးကလည်း အကူအညီ ထပ်မံ မပေးတော့ဘဲ ဒုက္ခရောက် နေပါတော့တယ်။
ဆေးရုံမှ တာဝန်ရှိသူများကလည်း လာမခေါ်ရင် ရဲနှင့် ဖမ်းခိုင်းမည်ဟု ပြောလာသည့်အတွက် သား၊ သမီးဖြစ်သူတွေမှာလည်း သူတို့မှာ ပတ်စပို့ အထောက်အထား တစုံတရာ ဘာမှ မရှိတာကြောင့် ဆေးရုံသို့ မသွားရဲဘဲ ၃ ရက် ကြာသွားပါတယ်။
ဒေါ်ခင်ဝင်းဟာ ဆေးရုံကနေ ဆင်းနိုင်နေပြီ ဖြစ်လျက်နဲ့ ပေးစရာငွေ မရှိတာကြောင့် မဆင်းရသေးဘဲ ဖြစ်နေတဲ့အပြင် သားသမီးတွေကလဲ ပတ်စပို့ပါမစ် ဘာအထောက်အထားမှ မရှိလို့ လာမတွေ့နိုင်တဲ့အတွက် ဘယ်အချိန် ရဲနဲ့ လာဖမ်းမလဲကို စိုးရိမ်ကြောက်ရွံ့နေပါတယ်။
လူနာရှင်တွေက ကျွန်တော်တို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလျှူရှင်အဖွဲ့ကို အကူအညီ တောင်းခံလာတဲ့အတွက် လူနာရှင်ကို ခေါ်ပြီး ကျွန်တော်တို့ အဖွဲ့မှ ကိုသက်၊ ကိုစိုးဝင်း၊ ကိုအော်စကာ၊ ကိုဇော်ဇော် တို့မှ သွားရောက်ကြည့်ရှုခဲ့ရာ တကယ့် အဖြစ်မှန်ကို တွေ့ခဲ့ရပါတယ်။
ဒေါ်ခင်ဝင်းဟာ သားသမီးတွေ ၃ ရက်ကြာ ပေါ်မလာတဲ့ အားငယ်စိတ်နဲ့ ကျွန်တော်တို့ကို မြင်တာနဲ့ စီးပြီး ငိုပါတော့တယ်။ သူ့ကို ထားပြေးမှာ စိုးရိမ်တဲ့အတွက် သူ့သား သမီးကိုလဲ လက်ကို အတင်းဆွဲထားပါတယ်။ ကျွန်တော်တို့ အဖွဲ့လည်း လုံးဝ စိတ်မကောင်းခြင်းများစွာနဲ့ ကြုံခဲ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ မတည် လှူဒါန်းကာ အလှူငွေ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
ဆေးရုံအဖွဲ့နဲ့ တွေ့ဆုံကာ ကုန်ကျစရိတ် ရှင်းလင်းတဲ့အခါ ဒေါ်ခင်ဝင်းရဲ့ ကုန်ကျစရိတ်မှာ (မလေးရှား ရင်းဂစ် - ၉၂၂၀) တိတိကို ပေးချေရမှာ ဖြစ်ပါတယ်။ သို့ပါသောကြောင့် ဒေါ်ခင်ဝင်းရဲ့ အခက်အခဲတွေကို ဂရုဏာ ရှေ့ထားပြီး တတ်နိုင် သလောက် ပါဝင် လှူဒါန်းပေးကြဖို့ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ။
ပါဝင် လှူဒါန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
မှတ်ချက်။ ။ လူနာ ဒေါ်ခင်ဝင်း၏ ကျန်းမာရေးသတင်းအား မေးမြန်းလိုပါက ဒေါ်ခင်ဝင်း၏ သား
ကိုအောင်ကို + မနွယ် (ဖုန်း +၆ ၀၁၁ ၂၆၅၈၀ ၉၅၇) ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)
၁။ ကိုသက် ၀၁၇ ၂၈၃၈ ၄၇၀
၂။ ကိုစိုးဝင်း ၀၁၆ ၆၉၃၈ ၇၆၆
၃။ ကိုအော်စကာ ၀၁၆ ၆၇၃၈ ၃၉၈
၎။ ကိုသီဟမောင်မောင် ၀၁၂ ၃၈၈၈ ၄၈၀
၅။ ကိုဇော်ဇော် ၀၁၂ ၂၄၃၃ ၃၉၇
၆။ မစိမ်းမို့မို့ ၀၁၀ ၂၆၆၇ ၅၁၃
၇။ မနွေးနွေးလှိုင် ၀၁၄ ၉၆၂၄ ၀၁၅
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့
(ကွာလာလမ်ပူ)
ရုံးဖုန်း - 03 2022 1245
အောက်ပါ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ဝဘ်ဆိုဒ်တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
http://www.myanmarblooddonorkl.com/2013/02/blog-post_22.html
နေဇော်လင်း
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
နေဇော်လင်း
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment