Home » , » ကလေးဦးခေါင်း ပုံစံပြုလုပ်ထားသော ချောကလက်

ကလေးဦးခေါင်း ပုံစံပြုလုပ်ထားသော ချောကလက်

Written By မောင်စေတနာ on Tuesday, January 15, 2013 | 10:37:00 AM


 ကလေးငယ်များကို လူတိုင်းက ချစ်ကြသည်။ လူတိုင်းက ချောကလက်ကို ကြိုက်နှစ်သက်ကြ သည်။ အကယ်၍ ကလေးဦးခေါင်း ပုံစံ ပြုလုပ်ထားသော ချောကလက်ကိုမူ လူတို့က နှစ်သက်စွာ စားသုံးကြပါ မည်လော။ ချောက လက် ဒီဇိုင်း တီထွင် ဖန်တီးသူ အန်နာဘယ်လ် ဒီဘက်ထန်က ကလေး ဦးခေါင်း ပုံစံချောကလက်ကို ပြုလုပ်လိုက်ပါပြီ။ 

အမြင်အားဖြင့် ထိတ်လန့်ဖွယ် ကောင်းသော်လည်း အရသာကမူ နှစ်သက်ဖွယ်ဖြစ်သည်။ အဆိုပါ ကလေးဦးခေါင်းပုံ ချောကလက်သည် တစ်ခုလျှင် အလေးချိန် တစ်ကီလိုဂရမ် ရှိပြီး ကယ်လိုရီ ၅၀၀၀ ပါဝင်သည်။ ယင်းချောကလက်တွင် ကယ်လိုရီ ပါဝင်နှုန်းသည် အမျိုးသား တစ်ဦး နေ့စဉ် စားသုံးသင့်သည့် ကယ်လိုရီ ပမာဏ ထက် နှစ်ဆခန့်ရှိသည်။ 

ထိုချောကလက် ပုံစံကို တီထွင်ပုံဖော်သည့် အန်နာသည် ယခုအခါ ချောကလက် အမှာများနှင့် ပြည့်နေသော ကြောင့် သူမကိုယ်သူမ အလွန်တရာ အံ့သြမိကြောင်း ဆိုသည်။ အန်နာက ပါတီပွဲများနှင့် ကလေးများ၏ ရေချိုးပစ္စည်း အသုံးအဆောင်များ အတွက် လက်ဆောင်အဖြစ် ကလေးဦးခေါင်း ပုံစံ ချောကလက်ကို ပြုလုပ် ပေးရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ 

Source by :မြဝတီ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။