Android 4.1.2 'Jelly Bean' OS ကို အသုံးပြုမယ့် စမတ်ဖုန်း အသစ်ကို Samsung တို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ မျက်နှာပြင် ၅ လက်မ အရွယ်ရှိမယ့် အရွယ်ကြီး စမတ်ဖုန်း ဖြစ်ပါတယ်။
dual core 1.2 Ghz processor နဲ့ အားဖြည့်ထားပြီး RAM 1GB ရှိပါ တယ်။ နောက် ကင်မရာ 8 megapixel , ရှေ့ ကင်မရာ 2 megapixel ဆီ အသီးသီး ရှိပါတယ်။ အတွင်းမှာ 8GB memory ပါပြီး microSD နဲ့ ထပ်ဖြည့် လို့ ရပါသေးတယ်။ Wi-Fi b/g/n, GPS function များပါပြီး အခြားသော feature များလည်း ပါရှိပါသေးတယ်။
Direct Call, Popup Video, Smart Alert နဲ့ S-Voice တို့လို အခြားသော function များလည်း စုံစုံလင်လင် ပါရှိ ပါတယ်။ S-Voice က Apple ရဲ့  Siri ကိုယှဉ်ပြိုင်မယ့် Samsung အသံ နဲ့ စေခိုင်း feature တစ်ခု ဖြစ်ပါတယ်။ အခြားသော ပါဝင်မယ့် Function များစွာလည်း ရှိပါတယ်။ မျက်နှာပြင်ကတော့ WVGA LCD အမျိုးအစား ကိုသုံးပါတယ်။
အထူ ၉.၆ မီလီမီတာ အလေးချိန် ၁၆၅ ဂရမ်ဆိုတော့ Samsung Galaxy Note 2 ထက်ပေါ့ပါတယ်။
အရွယ်ကလည်း Note 2 နဲ့မတိမ်း မယိမ်းဖြစ်ပြီး နောက်ထပ် မျိုးဆက်သစ် Note လားလို့တောင် ထင်ရ ပါတယ်။ Samsung Galaxy Grand ကို ၂၀၁၃၊ ဇန်နဝါရီ CES အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ပြပပြီး မကြာမီ ဈေးကွက်ဖြန့်ချိတော့မယ် ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
Source by : Ref: cnet.
Aung Kham (TSJ team)
TechSpace Journal
0 comments:
Post a Comment