Home » , » တိမ်တွေပေါ်က ပြတင်းတံခါး (သို့) Midori

တိမ်တွေပေါ်က ပြတင်းတံခါး (သို့) Midori

Written By မောင်စေတနာ on Wednesday, December 12, 2012 | 1:56:00 PM



ကွန်ပျူတာအသုံးပြု လုပ်ငန်းစဉ်တွေကို အသက်သွင်းပုံဖော်ပေးနေတဲ့ Operating System (OS) လို့ နည်းပညာလောကသားတို့ ခေါ်တွင်တဲ့ Window တွေကို ရင်းနှီးပြီးသားဖြစ်မှာပါ ။ တကယ်တော့ Window ဆိုတာ ကွန်ပျူတာလောကရဲ့ နာမည်ကြီး Microsoft ကော်ပိုရေးရှင်းကြီးရဲ့ Trademark လည်းဖြစ်ပါတယ် ။ Microsoft ကတီထွင်လိုက်တဲ့ OS တနည်းဆိုရရင် Graphical User Interface တွေကို ခေါ်တွင်တဲ့ အမည်လည်း ဖြစ်ပါတယ် ။ 

Window XP ၊ Window Vista နဲ့ Window 7 အစရှိသဖြင့် တီထွင်ထုတ်လုပ်လာခဲ့တာ အခုဆိုရင် Window 8 အထိတောင် ရောက်ရှိလို့လာပါပြီ ။ အကြမ်းအားဖြင့်တော့ Window တွေကို ကွန်ပျူတာတွေရဲ့ Storage Device တွေဖြစ်တဲ့ Hard Disk တွေမှာ Install လုပ်ပြီးအသုံးပြုလာရာကနေ ယခုဆိုရင် ပိုမိုပေါ့ပါးအောင် သိုမှီးပမာဏကိုလျော့ချလို့ Portable Version တွေအဖြစ်နဲ့ ပြုပြင်ပြောင်းလဲလာကြပါပြီ ။ 

Memory Stick တွေမှာ ထည့်သွင်းပြီးတော့ အလွယ်တကူသွားလေရာ သယ်ဆောင် အသုံးပြုလို့ ရအောင်ဖန်တီးကြခြင်းပဲဖြစ်ပါတယ် ။ ဒါဆို ဒီထက်ပိုပြီး လွယ်ကူအောင် Hard Disk မှာလည်း Install လုပ်စရာမလို ၊ Memory Stick တွေနဲ့လည်း သွားလေရာယူသွားစရာမလိုအောင် ထပ်မံပြီး ပြုပြင်ပြောင်းလဲထားတဲ့ Next Generation Window တွေရောရှိလာမယ် မထင်ဘူးလား ။ အဲ့ဒီအတွက် Microsoft က Singularity အမျိုးအစား Operating System အသစ်တစ်မျိုးကို သုတေသနပြုလုပ်တီထွင် နေပါပြီ ။ 

Singularity ဆိုတာက x86 Platform မှာ C# အသုံးပြုရေးသားထားတဲ့ .NET Managed Code Language ကိုခေါ်ဆိုခြင်းဖြစ်ပါတယ် ။ အဲ့ဒီ Next Generation Window ရဲ့ အမည်ကတော့ စွဲမက်နှစ်လိုဖွယ်ရာ အသံထွက်နဲ့ Midori ပါတဲ့ ။ Midori ဟာ Cloud Based Window (Operating System) ပဲဖြစ်ပါတယ် ။ Window ကို Hard Disk ပေါ်လည်းမတင် Memory Stick ထဲလည်းမထည့်ပဲ Cloud ဆိုတဲ့ အနာဂတ်သိုလှောင်သိမ်းဆည်းမှု နည်းပညာသစ်ဖြစ်တဲ့ ကွန်ယက်ထဲကို ထည့်သွင်းပြီးအသုံးပြုခြင်းပဲဖြစ်ပါတယ် ။

ဘယ်လောက်လွယ်ကူပြီး အချိန်ကုန်သက်သာတယ်ဆိုတာ ပြောနေစရာ တောင်မလိုတော့ပါဘူး ။ ဒီနေရာမှာ Cloud နဲ့ပတ်သတ်ပြီး အနည်းငယ် ပြောရရင် Cloud ဆိုတာ အင်တာနက် ချိတ်ဆက်အသုံးပြုလို့ ရတဲ့ နေရာဒေသကနေ ဒစ်ဂျစ်တယ်ပစ္စည်းတွေကတဆင့် Cloud နဲ့ ချိတ်ဆက်ပြီး Data တွေ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းပြီး အသုံးပြုခြင်းပဲ ဖြစ်ပါတယ် ။ အင်တာနက်ကော်နက်ရှင်ပေါ်မူတည်ပြီး Cloud ထဲမှာ ထည့်သွင်း ထားတဲ့ Data များ ၊ Software များ ၊ Window များကို အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ 

Cloud ပေါ်မှာ Widow ကို တင်ပြီးအသုံးပြုနိုင်အောင် စီမံတာဖြစ်လို့ အဲ့ဒီ Window ကနေတဆင့်ပဲ Software တွေ Application တွေကို Install လုပ်ပြီး အသုံးပြုလာနိုင်မယ်ဆိုတာ တွေးကြည့်လို့ရမှာပါ ။ ယနေ့ခေတ်နည်းပညာလောကကြီးရဲ့ ဦးတည်ချက်လားရာဖြစ်တဲ့ လွယ်ကူပေါ့ပါးစွာ သယ်ဆောင် သုံးစွဲရလွယ်တဲ့ Mobile Device တွေကို ထုတ်လုပ်နေတာနဲ့လည်း လိုက်ဖက်ညီ လှပါတယ် ။ 

Window တွေကို ကွန်ပျူတာတွေရဲ့ Hard Disk တွေမှာ ထည့်သွင်း Install ပြုလုပ်ပြီးသုံးတာက တကယ်တော့ Hardware အပေါ်မှာ အများကြီး မှီခိုအားပြုနေရပါတယ် ။ Hard Disk ပျက်သွားလို့ပဲဖြစ်ဖြစ် ချို့ယွင်းသွားလို့ပဲ ဖြစ်ဖြစ် အသုံးပြုနေတဲ့ Computer System ကြီးတစ်ခုလုံး ရပ်တန့်ပြီး ကျန်တဲ့ Hardware တွေပါ အသုံးမ၀င်ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ ။ ဒါပေမယ့် အခု Midori မှာတော့ အဲ့ဒီလိုဖြစ်ရပ်မျိုးမရှိနိုင်တော့ပါဘူး ။ 

တကယ်လည်း ကောင်းမွန်ချောမွေ့တည်ငြိမ်တဲ့ အင်တာနက် ကွန်ယက် ချိတ်ဆက်မှုလည်း ရှိတယ်ဆိုရင်ပေါ့ ။ အလွယ်တကူပဲ Cloud မှ တဆင့် Window စနစ်အသက်ဝင်လို့ ပြုလုပ်လိုတဲ့ ကွန်ပျုတာလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ဖို့ အဆင်ပြေသွားပါပြီ ။ ဒီလောက်ဆိုရင် Midori ဆိုတဲ့ Next Generation Window အကြောင်းကို အမြည်းသဘောမျိုးလောက်တော့ သိလောက်ပြီ ထင်ပါတယ် ။ 

Microsoft ရဲ့ Founder ဖြစ်သူ Bill Gates ကတော့ Midori ကိုအကောင်အထည်ဖော်ဖို့ Microsoft's Server and Tools Business ရဲ့ ဦးစီးဦးဆောင်ပြုသူ Eric Rudder ကို တာဝန်ပေးထားပါတယ် ။ ဘယ်နေ့ဘယ်ရက်မှာ တရားဝင်ထွက်ရှိမယ် ဆိုတာကတော့ ယနေ့ထိအောင် အသိပေးဖော်ပြထားခြင်းတော့မရှိသေးပါဘူး ။ 

ဒါပေမယ့် Midori ဟာ အနာဂတ်နည်းပညာလောကထဲက ကွန်ပျူတာနဲ့ မိုဘိုင်း အီလက်ထရောနစ် ပစ္စည်းတွေ အတွက် Widow အသစ်ဖြစ်လာမယ် ဆိုတာက သံသယရှိစရာ မလိုလောက်အောင်ပဲ သေချာနေပါပြီ ။ နောက်ထပ်ပြီး လည်း Midori လိုမျိုး Cloud Based OS တွေ ပေါ်ပေါက်လာဦးမှာလည်း ကျိန်းသေပါတယ် ။ 

ဘာပဲဖြစ်ဖြစ် လူတွေရဲ့ လူနေမှုဘ၀နဲ့ ပတ်ဝန်းကျင်ကို Cloud ဆိုတဲ့ နည်းပညာ ကွန်ယက်အသုံးပြုရင်း ပြုပြင်ပြောင်းလဲလာကြဦးမှာပါ ။ ဒါကြောင့် အနာဂတ်ကမ္ဘာရဲ့ နည်းပညာမြင့် ထုတ်ကုန်သစ်ဖြစ်လာမယ့် Midori ( Cloud Based Window ) ကို တိမ်တွေပေါ်က ပြတင်းတံခါး အဖြစ်တင်စားပြီး ရေးသားဖော်ပြပေးလိုက်ပါတယ် ။ 

Source by :TechSpace Journal
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။